ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ပြီးဆုံးပြီလို့ မန်စီးတီး နည်းပြ ပြော

129

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ ပြီးဆုံးသွားပြီလို့ မန်ချက်စတာစီးတီးအသင်း နည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။

မနေ့က ဝုလ်ဗာဟန်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ပြောဆိုတာပါ။ မန်စီးတီးအသင်းဟာ တယောက်လျော့နဲ့ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးရဲ့နောက် ၁၄ မှတ် အကွာမှာ ရောက်ရှိနေပါတယ်။

မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားထားရာမှာ ၅ ပွဲအထိ ရှုံးထားပါတယ်။

နည်းပြ ဂွါဒီယိုလာကတော့ လီဗာပူးအသင်းအကြောင်း တွေးရမှာ မဟုတ်ဘဲ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအတွက် ရအောင် လုပ်ဆောင်ရတော့မယ်လို့ ပြောဆိုသွားပါတယ်။

DVB TV News

ပရီးမီးယားလိဂ္ ခ်န္ပီယံလုပြဲဟာ ၿပီးဆုံးသြားၿပီလို႔ မန္ခ်က္စတာစီးတီးအသင္း နည္းျပ ပက္ဂြါဒီယိုလာက ေျပာပါတယ္။

မေန႔က ဝုလ္ဗာဟန္တန္အသင္းကို ၃ ဂိုး ၂ ဂိုးနဲ႔ ရႈံးတဲ့ ပြဲအၿပီးမွာ ေျပာဆိုတာပါ။ မန္စီးတီးအသင္းဟာ တေယာက္ေလ်ာ့နဲ႔ကစားခဲ့ရၿပီး ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။

မန္စီးတီးဟာ အမွတ္ေပးဇယားထိပ္က လီဗာပူးရဲ႕ေနာက္ ၁၄ မွတ္ အကြာမွာ ေရာက္ရွိေနပါတယ္။

မန္စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၁၉ ပြဲ ကစားထားရာမွာ ၅ ပြဲအထိ ရႈံးထားပါတယ္။

နည္းျပ ဂြါဒီယိုလာကေတာ့ လီဗာပူးအသင္းအေၾကာင္း ေတြးရမွာ မဟုတ္ဘဲ အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာအတြက္ ရေအာင္ လုပ္ေဆာင္ရေတာ့မယ္လို႔ ေျပာဆိုသြားပါတယ္။

DVB TV News

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုလ်ဗာဟန်တန်အသင်းက မန်ချက်စတာစီးတီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မန်စီးတီးအသင်းက ပွဲအစ ၁၂ မိနစ်မှာပဲ အက်ဒါဆန် အထုတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ မန်စီးတီးအတွက် ဦးဆောင်ဂိုးနဲ့ ဒုတိယဂိုးကို စတာလင်း တယောက်တည်းကပဲ သွင်းယူပါတယ်။

ဝုလ်အသင်းအတွက် ချေပဂိုးကို ထရာအိုနီ၊ ဂျီမီနက်ဇ်နဲ့ ပွဲပြီးကာနီးမှာ ဒိုဟာတီတို့က သွင်းယူပါတယ်။

တယောက်လျော့ မန်စီးတီးဘက်ကို ဝုလ်အသင်းက ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။

ဒီပွဲမှာ ဝုလ်အသင်းက ဒိုဟာတီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစာသမားအဖြစ် သတ်မှတ်ခံရပါတယ်။

ဒီပွဲရှုံးလို့ မန်စီးတီးအသင်းရဲ့ ချန်ပီယံသရဖူကို ထိမ်းသိမ်းရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။

လတ်တလောမှာ မန်စီးတီးဟာ ဇယားထိပ်က လီဗာပူးနဲ့ ၁၄ မှတ်အကွာကို ရောက်ရှိသွားပါတယ်။