လ.ဝ.ကအရာရှိ ၃ ဦးကို အစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးရန် ဆက်ဖမ်းထားမည်ဟု အေအေပြော

115

ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေက လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိသုံးယောက်ကို စစ်ဆေးစရာရှိလို့ ဆက်ပြီးတော့ ထိမ်းသိမ်းထားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ လ.ဝ.ကရုံး လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင်၊ လက်ထောက်လ.ဝ.ကမှူး ဦးမျိုးဆွေဦးနဲ့ လက်ထောက် လ.ဝ.ကမှူး ဦးအောင်ဖြိုးကျော်တို့ကို ဒီဇင်ဘာ၂၄ ရက်နေ့ လက်နက်ကိုင် အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အေအေ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “သူတို့သုံးယောက်ကိုတော့ လောလောဆယ်မှာတော့ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့ ထိမ်သိမ်းထားဖို့ရှိတာပေါ့။ သူတို့မှာတစုံတရာ ပြစ်မှုကျူးလွန်တာမရှိဘူး ဆိုရင်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။”

ဘူးသီးတောင်နဲ့ တောင်ပဇာလိုင်းဆွဲနေတဲ့ ဦးစိုးချေ မောင်းတဲ့စက်လှေနဲ့ ဒေသခံ ခရီးသည် ၁၈ ဦးနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ လဝကအရာရှိသုံးယောက်ကို အေအေအဖွဲ့ကနေ သီးသန့်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံနေရတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် အရာရှိ ၃ ဦးရဲ့ အသက်အန္တရာယ်အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက အထူးစိုးရိမ်နေကြပါတယ်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “လ.ဝ.က သုံးယောက်ကိုတော့ ကျနော်တို့ စစ်ဆေးစရာရှိလို့ ထိမ်းသိမ်းထားတာရှိတယ်။ လဝကသုံးယောက်ထဲမှာ အရင်ရဲမှူးဟောင်းလို့ သိရတယ်။ ဗမာစစ်တပ်က ရခိုင်ပြည်နယ်ထဲမှာ သူတို့တွေဟာ တခါတလေ ရဲယူနီဖောင်း ပြောင်းဝတ်လိုက်၊ တခါတလေဆိုရင် မီးသတ်ယူနီဖောင်းဝတ်လိုက်။ လဝကဖြစ်လိုဖြစ်လိုက်၊ အဲ့လိုမျိုးပုံစံလှုပ်ရှားနေတာတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့်မို့အခုကျနော်တို့ ထိန်းသိမ်းထားတဲ့သူတွေကို လဝကအစစ်မှန်ဟုတ်မဟုတ်ပေါ့ဗျာနော်”လို့ ပြောပါတယ်။

အေအေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဘူးသီးတောင် တိုက်ပွဲမှာ တပ်မတော်က ပစ်လိုက်တဲ့လက်နက်ကြီး ကျည် ထိမှန် သေဆုံးသွားတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်ကလည်း အန်အယ်လ်ဒီပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား ဦးဝှေ့တင်းကို ကျောက်တော်မြို့နယ်မှာ အေအေက ဖမ်းဆီးထိန်းသိမ်းထားတာ အခုအချိန်ထိပြန်လွှတ်ပေးတာမရှိသေးပါဘူး။

——————–

ဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ပဇာနယ္ေျမက လူဝင္မႈႀကီးၾကပ္ေရးဌာနက အရာရွိသုံးေယာက္ကို စစ္ေဆးစရာရွိလို႔ ဆက္ၿပီးေတာ့ ထိမ္းသိမ္းထားမယ္လို႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)က ေျပာပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ပဇာနယ္ေျမ လ.ဝ.က႐ုံး လက္ေထာက္ၫႊန္မႉး ဦးတင္မ်ိဳးေအာင္၊ လက္ေထာက္လ.ဝ.ကမႉး ဦးမ်ိဳးေဆြဦးနဲ႔ လက္ေထာက္ လ.ဝ.ကမႉး ဦးေအာင္ၿဖိဳးေက်ာ္တို႔ကို ဒီဇင္ဘာ၂၄ ရက္ေန႔ လက္နက္ကိုင္ ေအေအတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးေခၚေဆာင္ခဲ့တာျဖစ္ပါတယ္။

ေအေအ ေျပာေရးဆိုခြင့္ရွိသူခိုင္သုခက “သူတို႔သုံးေယာက္ကိုေတာ့ ေလာေလာဆယ္မွာေတာ့ က်ေနာ္တို႔ စုံစမ္းစစ္ေဆးမႈေတြလုပ္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ဆက္ၿပီးေတာ့ ထိမ္သိမ္းထားဖို႔ရွိတာေပါ့။ သူတို႔မွာတစုံတရာ ျပစ္မႈက်ဴးလြန္တာမရွိဘူး ဆိုရင္ေတာ့ ဘာမွစိုးရိမ္စရာမရွိပါဘူး။”

ဘူးသီးေတာင္နဲ႔ ေတာင္ပဇာလိုင္းဆြဲေနတဲ့ ဦးစိုးေခ် ေမာင္းတဲ့စက္ေလွနဲ႔ ေဒသခံ ခရီးသည္ ၁၈ ဦးနဲ႔အတူ စီးနင္းလိုက္ပါလာတဲ့ လဝကအရာရွိသုံးေယာက္ကို ေအေအအဖြဲ႕ကေန သီးသန႔္ဖမ္းဆီးေခၚေဆာင္သြားတာ ျဖစ္ပါတယ္။

ဖမ္းဆီးခံေနရတဲ့ လူဝင္မႈႀကီးၾကပ္ေရးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ အရာရွိ ၃ ဦးရဲ႕ အသက္အႏၲရာယ္အတြက္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မိသားစုေတြက အထူးစိုးရိမ္ေနၾကပါတယ္။

ရကၡိဳင့္တပ္ေတာ္ ေျပာေရးဆိုခြင့္ရွိသူခိုင္သုခက “လ.ဝ.က သုံးေယာက္ကိုေတာ့ က်ေနာ္တို႔ စစ္ေဆးစရာရွိလို႔ ထိမ္းသိမ္းထားတာရွိတယ္။ လဝကသုံးေယာက္ထဲမွာ အရင္ရဲမႉးေဟာင္းလို႔ သိရတယ္။ ဗမာစစ္တပ္က ရခိုင္ျပည္နယ္ထဲမွာ သူတို႔ေတြဟာ တခါတေလ ရဲယူနီေဖာင္း ေျပာင္းဝတ္လိုက္၊ တခါတေလဆိုရင္ မီးသတ္ယူနီေဖာင္းဝတ္လိုက္။ လဝကျဖစ္လိုျဖစ္လိုက္၊ အဲ့လိုမ်ိဳးပုံစံလႈပ္ရွားေနတာေတြ အမ်ားႀကီးရွိတယ္။ အဲ့ဒါေၾကာင့္မို႔အခုက်ေနာ္တို႔ ထိန္းသိမ္းထားတဲ့သူေတြကို လဝကအစစ္မွန္ဟုတ္မဟုတ္ေပါ့ဗ်ာေနာ္”လို႔ ေျပာပါတယ္။

ေအေအက ဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဥကၠ႒ ဦးရဲသိန္းဟာ ဘူးသီးေတာင္ တိုက္ပြဲမွာ တပ္မေတာ္က ပစ္လိုက္တဲ့လက္နက္ႀကီး က်ည္ ထိမွန္ ေသဆုံးသြားတယ္လို႔ ေအေအက ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ ႏိုဝင္ဘာ ၃ ရက္ကလည္း အန္အယ္လ္ဒီပါတီက အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ခ်င္းတိုင္းရင္းသား ဦးေဝွ႔တင္းကို ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ေအေအက ဖမ္းဆီးထိန္းသိမ္းထားတာ အခုအခ်ိန္ထိျပန္လႊတ္ေပးတာမရွိေသးပါဘူး။

DVb