ဆေးလိပ်သောက်လွန်းတဲ့ အမျိုးသားတွေ ကျားအင်္ဂါ အရွယ်အစား သေးကျုံးသွားနိုင်

526

အမ်ဳိးသမီးျဖစ္ျဖစ္၊ အမ်ဳိးသားျဖစ္ျဖစ္ ေဆးလိပ္ေသာက္ေနတဲ့ ျဖစ္ရင္ ဒါမွမဟုတ္ ေဆးလိပ္ေသာက္ဖုိ႔ ျပင္ဆင္ ေနတဲ့ သူ ျဖစ္ရင္ ႏွစ္ခါ ျပန္စဥ္းစားဖုိ႔ လုိအပ္ပါတယ္။ အထူးသျဖင့္ အမ်ဳိးသားေတြပဲေပါ့။ ေဆးလိပ္ေသာက္ရင္ ခႏၥာကုိယ္မွာ ဆုိးက်ဳိးေတြ အလြန္မ်ားတာ သိႀကတဲ့ အတုိင္းပါပဲ။

ဒါေပမဲ့ ေလ့လာေတြ႔ရွိမႈ အသစ္အရကေတာ့ ေဆးလိပ္ေသာက္တဲ့ အမ်ဳိးသားေတြဟာ လိင္အဂၤါ အရြယ္အစား ေသးက်ဳံးသြားတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ဆီးလမ္းေႀကာင္း ဆရာ၀န္ မာစ္ လာနီယာဒုိ (Marc Laniado) က ေဆးလိပ္ေသာက္တာဟာ အမ်ဳိးသားေတြရဲ႕ လိင္အဂၤါ ေထာင္မတ္မႈကို ေလွ်ာ့က်ေစသလုိ က်ားအဂၤါကို ေသးက်ဳံးသြားေစတယ္လုိ႔ ေျပာသြားပါတယ္။

သူက “က်ားအဂၤါ ၿမဲဲျမံစြာ ေထာင္မတ္ဖုိ႔ ေကာင္းမြန္တဲ့ ေသြးစီးဆင္းမႈ လုိအပ္တယ္။ ေဆးလိပ္ေသာက္တဲ့ လူေတြဟာ က်ားအဂၤါ အပါအ၀င္ အျခားကုိယ္ခႏၥာေတြမွာ ေသြးစီးဆင္းမႈ ေလွ်ာ့က်ေစပါတယ္”လုိ႔ ေျပာသြားခဲ့ပါတယ္။ဆက္လက္ၿပီး သူက “တစ္ခါတစ္ေလ အမ်ဳိးသားေတြဟာ အသက္ႀကီးသြားေတာ့ လိင္အဂၤါပါ ေသသြားတယ္လုိ႔ ဆုိႀကပါတယ္။

ဒါက ေဆးလိပ္ေသာက္လုိ႔ က်ားအဂၤါထဲကုိ ေသြးစီးဆင္းမႈ နည္းသြားတာပါ။ ေနာက္ဆက္တဲြက က်ားအဂၤါကုိ ဆဲြဆန္႔တာ နဲ႔ ရွည္လာတာက သူ႔အလုိလုိ ရပ္တန္႔သြားပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။ လာနီယာဒုိက အမ်ဳိးသားေတြ ေဆးလိပ္ေသာက္တာကေန က်ားအဂၤါ ေသးသြားႏုိင္တယ္လုိ႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

အေႀကာင္းအရား အျပည့္အစုံကုိ Medical News Today မွာ ေဖာ္ျပထားတာ ျဖစ္ၿပီး ေဆးလိပ္ေသာက္တာဟာ ခႏၥာကုိယ္မွာ ေသြးလည္ပတ္မႈ နဲ႔ ေသြးစီးဆင္းမႈကုိ ေလွ်ာ့နည္းေစတာေႀကာင့္ လိဂ္အဂၤါကုိ ေသးသြားေစတယ္။ အေပၚမွာ ေဖာ္ျပထားတဲ့ အတုိင္းပါပဲ.. အသက္အရြယ္ႏုပ်ဳိခ်ိန္မွာေတာ့ မသိသာေပမဲ့လည္း အသက္ႀကီးလာတဲ့ အခ်ိန္မွာ က်ားအဂၤါ အရြယ္အစားက လူငယ္အခ်ိန္မွာထက္ ပုိၿပီး ေသးသြားႏုိင္တယ္လုိ႔ ေဖာ္ျပထားပါတယ္။

Ko Khant ( D Nae Khit Media )

Unicode

အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ဆေးလိပ်သောက်နေတဲ့ ဖြစ်ရင် ဒါမှမဟုတ် ဆေးလိပ်သောက်ဖို့ ပြင်ဆင် နေတဲ့ သူ ဖြစ်ရင် နှစ်ခါ ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေပဲပေါ့။ ဆေးလိပ်သောက်ရင် ခန္စာကိုယ်မှာ ဆိုးကျိုးတွေ အလွန်များတာ သိကြတဲ့ အတိုင်းပါပဲ။

ဒါပေမဲ့ လေ့လာတွေ့ရှိမှု အသစ်အရကတော့ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေဟာ လိင်အင်္ဂါ အရွယ်အစား သေးကျုံးသွားတယ်လို့ ဖော်ပြခဲ့ပါတယ်။ဆီးလမ်းကြောင်း ဆရာဝန် မာစ် လာနီယာဒို (Marc Laniado) က ဆေးလိပ်သောက်တာဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါ ထောင်မတ်မှုကို လျှော့ကျစေသလို ကျားအင်္ဂါကို သေးကျုံးသွားစေတယ်လို့ ပြောသွားပါတယ်။

သူက “ကျားအင်္ဂါ မြဲမြံစွာ ထောင်မတ်ဖို့ ကောင်းမွန်တဲ့ သွေးစီးဆင်းမှု လိုအပ်တယ်။ ဆေးလိပ်သောက်တဲ့ လူတွေဟာ ကျားအင်္ဂါ အပါအဝင် အခြားကိုယ်ခန္စာတွေမှာ သွေးစီးဆင်းမှု လျှော့ကျစေပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီး သူက “တစ်ခါတစ်လေ အမျိုးသားတွေဟာ အသက်ကြီးသွားတော့ လိင်အင်္ဂါပါ သေသွားတယ်လို့ ဆိုကြပါတယ်။

ဒါက ဆေးလိပ်သောက်လို့ ကျားအင်္ဂါထဲကို သွေးစီးဆင်းမှု နည်းသွားတာပါ။ နောက်ဆက်တွဲက ကျားအင်္ဂါကို ဆွဲဆန့်တာ နဲ့ ရှည်လာတာက သူ့အလိုလို ရပ်တန့်သွားပါတယ်”လို့ ပြောခဲ့ပါတယ်။ လာနီယာဒိုက အမျိုးသားတွေ ဆေးလိပ်သောက်တာကနေ ကျားအင်္ဂါ သေးသွားနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

အကြောင်းအရား အပြည့်အစုံကို Medical News Today မှာ ဖော်ပြထားတာ ဖြစ်ပြီး ဆေးလိပ်သောက်တာဟာ ခန္စာကိုယ်မှာ သွေးလည်ပတ်မှု နဲ့ သွေးစီးဆင်းမှုကို လျှော့နည်းစေတာကြောင့် လိဂ်အင်္ဂါကို သေးသွားစေတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ.. အသက်အရွယ်နုပျိုချိန်မှာတော့ မသိသာပေမဲ့လည်း အသက်ကြီးလာတဲ့ အချိန်မှာ ကျားအင်္ဂါ အရွယ်အစားက လူငယ်အချိန်မှာထက် ပိုပြီး သေးသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Ko Khant ( D Nae Khit Media )