အာကာသထဲတွင် ဒုတိယနေတစ်စင်း ရှိနေကြောင်း နက္ခတ္တဗေဒပညာရှင်တစ်ဦးဆို

341

နက္ခတ္တဗေဒပညာရှင်တစ်ဦးက NASA အဖွဲ့ဟာ နောက်ထပ်နေတစ်စင်း ရှိနေတာကို အများပြည်သူထံ အသိပေးမပေးဘဲ ဖုံးကွယ်ထားကြောင်း ဖော်ထုတ်လိုက်ပါတယ်။ တစ်ချို့သော ကျမ်းစာတွေမှာတော့ နေနှစ်စင်းထွက်တဲ့နေ့ဟာ ကမ္ဘာကြီး ပျက်သုဉ်းမယ့်နေလို့ ဖော်ပြတာမျိုးတွေ ရှိပေမယ့် ယုံရခက်ခက်ပါဘဲ။

ဒါပေမယ့် အဆုံးအစမဲ့လွန်းတဲ့ စကြဝဠာထဲမှာ ကျနော်တို့မသိသေးတဲ့ တစ်ခြားနေအဖွဲ့အစည်းတွေလည်း မြောက်များစွာ မရှိဘူးလို့ အတပ်တော့ ပြောဖို့ခက်ပါတယ်။ အကြောင်းကတော့ လက်ရှိစကြာဝဠာအကြောင်းကိုတောင် ဂဃနဏ မသိနိုင်သေးတဲ့အခြေအမျိုးမှာ တစ်ခြားစကြဝဠာအကြောင်း ပြောဖို့ဆိုတာ စောလွန်းနေလို့ပါ။

အခုလည်း နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Paul Cox က အာကသထဲမှာ နောက်ထပ် နေတစ်စင်း အသေအချာရှိနေကြောင်း၊ အဲဒီအမှန်တရားကို အာကသ အေဂျင်စီတွေက ပြည်သူတွေမသိအောင် ဖုံးကွယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

သူ့ရဲ့ စကားကြောင့် ကမ္ဘာကြီးနဲ့ပတ်သက်ခဲ့သည့် (မှန်ကန်သည်ဟု သဘောတူလက်ခံခဲ့သော) သီအိုရီတို့အတွက် သံသယပွားစရာတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ လူထုကြားထဲမှာလည်း အငြင်းပွားဖွယ်ရာတွေ ဖြစ်လာဖို့ ရှိနေပါတယ်။ Paul Cox ဟာ Slooh ၀က်ဘ်ဆိုဒ်အတွက်-

‘နေကိုဖြတ်သန်းခဲ့သော မာကျူရီဂြိုဟ်၏ ပြောင်းလဲမှုအချင်းအရာများ ‘ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှစ်နာရီကြာတိုက်ရိုက် ဟောပြောပွဲမှာ  အဆိုပါ အငြင်းပွားဖွယ်ရာ စကားကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ဟောပြောမှုမှာ ဗွီဒီယိုဖိုင်တစ်ခုကို ပြသပြီး ” ဗီဒီယိုထဲမှာ မြင်နေရတဲ့ နေရဲ့ဘေးက-

၀ုိင်းဝိုင်းလုံးလုံး ဂြိုဟ်ကြီးကို အားလုံး မြင်ရပါလိမ့်မယ် … ဘာလို့ ထင်ပါသလဲ … ? .. အဲဒါ … ကျွန်တော်တို့ရဲ့ ဒုတိယနေမင်းကြီးပါဘဲ … ခင်ဗျားတို့အနေနဲ့ ဒုတိယနေမင်းဆိုတာ ရှိမရှိ တွေးနေမလား ကျွန်တော် မသိပါဘူး … ဒါပေမယ့် .. ဒါဟာ တကယ်ရှိနေတာပါ … ” လို့ ပြောဆိုခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး ” ဒါကို NASA အပါအဝင် အာကာသအေဂျင်စီတွေက ဖုံးကွယ်ထားပြီး ပြည်သူလူထုကို အမှန်တရားနဲ့ တွေ့ခွင့်မပေးပါဘူး …” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ Paul ရဲ့ စကားကို ထောက်ခံလိုက်သူကတော့ Jacob Israel ဆိုတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်ပါတယ်။

သူက နက္ခတ္တဗေဒပညာရှင် တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ ပြောင်းလဲခြင်းနိယာမများအကြောင်းကို ရေးသားနေသူဖြစ်ပြီး ဒုတိယနေ တစ်စင်းနဲ့ ပတ်သက်လို့  ၎င်းက ” သိပ်ကို လေးစားရတဲ့ နက္ခတ္တဗေဒပညာရှင်တစ်ဦးရဲ့ ဒုတိယနေတစ်စင်းအကြောင်း ဗွီဒီယိုဖိုင်ကို ကျွန်တော် နှစ်ကြိမ်အထိ နားထောင်ခဲ့ပါတယ် …

ဒါ နောက်နေတာလားပေါ့ … ဒါပေမယ့် ဒါဟာ တကယ့် အမှန်တရားဖြစ်ပါတယ် … ဒါဟာ ဟာသမဟုတ်ဖူးပါ ” လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ဒီထုတ်ဖော်ချက်တွေဟာ တကယ်ဟုတ်မဟုတ်ကိုတော့ NASA ဘက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

နကၡတၱေဗဒပညာရွင္တစ္ဦးက NASA အဖြဲ႕ဟာ ေနာက္ထပ္ေနတစ္စင္း ရွိေနတာကို အမ်ားျပည္သူထံ အသိေပးမေပးဘဲ ဖုံးကြယ္ထားေၾကာင္း ေဖာ္ထုတ္လုိက္ပါတယ္။ တစ္ခ်ိဳ႕ေသာ က်မ္းစာေတြမွာေတာ့ ေနႏွစ္စင္းထြက္တဲ့ေန႔ဟာ ကမာၻႀကီး ပ်က္သုဥ္းမယ့္ေနလုိ႔ ေဖာ္ျပတာမ်ိဳးေတြ ရွိေပမယ့္ ယုံရခက္ခက္ပါဘဲ။

ဒါေပမယ့္ အဆုံးအစမဲ့လြန္းတဲ့ စၾကဝဠာထဲမွာ က်ေနာ္တုိ႔မသိေသးတဲ့ တစ္ျခားေနအဖြဲ႕အစည္းေတြလည္း ေျမာက္မ်ားစြာ မရွိဘူးလုိ႔ အတပ္ေတာ့ ေျပာဖုိ႔ခက္ပါတယ္။ အေၾကာင္းကေတာ့ လက္ရွိစၾကာဝဠာအေၾကာင္းကိုေတာင္ ဂဃနဏ မသိႏုိင္ေသးတဲ့အေျခအမ်ိဳးမွာ တစ္ျခားစၾကဝဠာအေၾကာင္း ေျပာဖုိ႔ဆုိတာ ေစာလြန္းေနလုိ႔ပါ။

အခုလည္း နကၡတၱေဗဒပညာရွင္တစ္ဦးျဖစ္တဲ့ Paul Cox က အာကသထဲမွာ ေနာက္ထပ္ ေနတစ္စင္း အေသအခ်ာရွိေနေၾကာင္း၊ အဲဒီအမွန္တရားကုိ အာကသ ေအဂ်င္စီေတြက ျပည္သူေတြမသိေအာင္ ဖုံးကြယ္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

သူ႔ရဲ႕ စကားေၾကာင့္ ကမာၻႀကီးနဲ႔ပတ္သက္ခဲ့သည့္ (မွန္ကန္သည္ဟု သေဘာတူလက္ခံခဲ့ေသာ) သီအုိရီတုိ႔အတြက္ သံသယပြားစရာေတြ ျဖစ္ေပၚလာႏုိင္ၿပီး၊ လူထုၾကားထဲမွာလည္း အျငင္းပြားဖြယ္ရာေတြ ျဖစ္လာဖုိ႔ ရွိေနပါတယ္။ Paul Cox ဟာ Slooh ၀က္ဘ္ဆုိဒ္အတြက္-

‘ေနကုိျဖတ္သန္းခဲ့ေသာ မာက်ဴရီၿဂိဳဟ္၏ ေျပာင္းလဲမႈအခ်င္းအရာမ်ား ‘ဆုိတဲ့ ေခါင္းစဥ္နဲ႔ ရွစ္နာရီၾကာတုိက္႐ုိက္ ေဟာေျပာပြဲမွာ  အဆုိပါ အျငင္းပြားဖြယ္ရာ စကားကုိ ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။ သူရဲ႕ေဟာေျပာမႈမွာ ဗြီဒီယုိဖုိင္တစ္ခုကို ျပသၿပီး ” ဗီဒီယုိထဲမွာ ျမင္ေနရတဲ့ ေနရဲ႕ေဘးက-

၀ုိင္း၀ုိင္းလုံးလုံး ၿဂိဳဟ္ႀကီးကို အားလုံး ျမင္ရပါလိမ့္မယ္ … ဘာလုိ႔ ထင္ပါသလဲ … ? .. အဲဒါ … ကၽြန္ေတာ္တုိ႔ရဲ႕ ဒုတိယေနမင္းႀကီးပါဘဲ … ခင္ဗ်ားတုိ႔အေနနဲ႔ ဒုတိယေနမင္းဆုိတာ ရွိမရွိ ေတြးေနမလား ကၽြန္ေတာ္ မသိပါဘူး … ဒါေပမယ့္ .. ဒါဟာ တကယ္ရွိေနတာပါ … ” လုိ႔ ေျပာဆုိခဲ့ပါတယ္။

၎က ဆက္လက္ၿပီး ” ဒါကို NASA အပါအ၀င္ အာကာသေအဂ်င္စီေတြက ဖုံးကြယ္ထားၿပီး ျပည္သူလူထုကုိ အမွန္တရားနဲ႔ ေတြ႕ခြင့္မေပးပါဘူး …” လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ Paul ရဲ႕ စကားကုိ ေထာက္ခံလုိက္သူကေတာ့ Jacob Israel ဆုိတဲ့ ဘေလာ့ဂါတစ္ေယာက္ ျဖစ္ပါတယ္။

သူက နကၡတၱေဗဒပညာရွင္ တစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ သူဟာ ေျပာင္းလဲျခင္းနိယာမမ်ားအေၾကာင္းကို ေရးသားေနသူျဖစ္ၿပီး ဒုတိယေန တစ္စင္းနဲ႔ ပတ္သက္လုိ႔  ၎က ” သိပ္ကုိ ေလးစားရတဲ့ နကၡတၱေဗဒပညာရွင္တစ္ဦးရဲ႕ ဒုတိယေနတစ္စင္းအေၾကာင္း ဗြီဒီယုိဖုိင္ကုိ ကၽြန္ေတာ္ ႏွစ္ႀကိမ္အထိ နားေထာင္ခဲ့ပါတယ္ …

ဒါ ေနာက္ေနတာလားေပါ့ … ဒါေပမယ့္ ဒါဟာ တကယ့္ အမွန္တရားျဖစ္ပါတယ္ … ဒါဟာ ဟာသမဟုတ္ဖူးပါ ” လုိ႔ ေထာက္ခံေျပာၾကားခဲ့ပါတယ္။ ဒီထုတ္ေဖာ္ခ်က္ေတြဟာ တကယ္ဟုတ္မဟုတ္ကိုေတာ့ NASA ဘက္က တုန္႔ျပန္တာမ်ိဳး မရွိေသးပါဘူး။

လင္းေဇာ္ကို (D Nae Khit)