ဝက်ခြံညှစ်ခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ဟု ဆေးပညာရှင်များ သတိပေး

180

လူငယ်ဘဝမှာ ဝက်ခြံပထမဆုံးပေါက်တဲ့အခါ ငါ ကြီးကောင်ဝင်ပြီဆိုပြီး မသိမသာပျော်ရွှင်တတ်ကြပါတယ်။ ဒါပေမယ့် နောင်အချိန်မှာတော့ ဝက်ခြံဆိုတာ အတော်စိတ်ရှုပ်စရာ ကိစ္စတစ်ခုဖြစ်လာပါလိမ့်မယ်။ တော်တော်များများကတော့ ဝက်ခြံဖြစ်ပြီဆို စနစ်တကျ ဆေးကုသခြင်း မပြုဘဲ ညှစ်ပစ်တတ်ပါတယ်။

ဝက်ခြံများများ ပိုင်ဆိုင်ထားသူဆိုရင်တော့ မှန်ရှေ့ကကို ခွာရတယ် ရှိမှာမဟုတ်ပါဘူး။ သူတို့အတွက် ဝက်ခြံညှစ်ခြင်းဆိုတာ အလုပ်တစ်ခုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကတော့ ဝက်ခြံညှစ်ခြင်းကို အားပေးထောက်ခံခြင်း မရှိပါဘူး။

ဆေးပညာရှင်တွေကတော့ ဝက်ခြံညှစ်ခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ သူတို့ရဲ့အကြံပြုချက်အရ ၀က်ခြံညှစ်ခြင်းဟာ မျက်စိအမြင်အာရုံကို ကွယ်စေနိုင်ပြီး၊ သွက်ချာပါဒဖြစ်ခြင်းနဲ့ အဆိုးဝါးဆုံးအခြေအနေအဖြစ် အသက်ကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။

၀က်ခြံညှစ်ခြင်းရဲ့ ဆိုးကျိုးကို အရင်ဆုံးခံစားရစေမှာက မျက်နှာအသားရေပျက်စီးခြင်းဖြစ်စေပါတယ်။ အထူးသဖြင့် မညှစ်သင့်တဲ့ ဧရိယာကတော့ နဖူးအလယ်တည့်တည့်မှ အပေါ်နှုတ်ခမ်း ဘေးတစ်ဘက်တစ်ချက်ဆီကို မျဉ်းစွဲချလိုက်တဲ့အခါမှာ တြိဂံပုံစံ ရပါလိမ့်မယ်။ အဲဒါကို Danger Triangle လို့ ခေါ်ပါတယ်။

အဆိုပါ ဧရိယာအတွင်းမှာ ၀က်ခြံညှစ်ခြင်း မလုပ်သင့်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ အဲဒီဧရိယာမှာ သွေးကြောတွေဟာ ခေါင်းအတွင်းကို လူးလာခေါက်ပြန်နေတဲ့ သွေးကြောတွေဖြစ်ပြီး မျက်နှာပြင်တစ်ခုလုံးရဲ့ အာရုံကြောတွေစုစည်းရာလည်း ဖြစ်ပါတယ်။

၀က်ခြံညှစ်နေရင်းနဲ့ သေတဲ့သူ မရှိပေမယ့် ၀က်ခြံညှစ်ခြင်းကြောင့် သေမယ်ဆိုရင် အဆိုပါနေရာဟာ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ အနည်းဆုံးတော့ အမြင်အာရုံကွယ်ခြင်းဟာ အနီးစပ်ဆုံး အခြေအနေ ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာပပညာရှင်တွေက သတိပေးလိုက်တာ ဖြစ်ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

လူငယ္ဘဝမွာ ဝက္ၿခံပထမဆုံးေပါက္တဲ့အခါ ငါ ႀကီးေကာင္ဝင္ၿပီဆုိၿပီး မသိမသာေပ်ာ္ရႊင္တတ္ၾကပါတယ္။ ဒါေပမယ့္ ေနာင္အခ်ိန္မွာေတာ့ ဝက္ၿခံဆုိတာ အေတာ္စိတ္႐ႈပ္စရာ ကိစၥတစ္ခုျဖစ္လာပါလိမ့္မယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဝက္ၿခံျဖစ္ၿပီဆုိ စနစ္တက် ေဆးကုသျခင္း မျပဳဘဲ ညႇစ္ပစ္တတ္ပါတယ္။

ဝက္ၿခံမ်ားမ်ား ပုိင္ဆုိင္ထားသူဆုိရင္ေတာ့ မွန္ေရွ႕ကကုိ ခြာရတယ္ ရွိမွာမဟုတ္ပါဘူး။ သူတုိ႔အတြက္ ဝက္ၿခံညႇစ္ျခင္းဆုိတာ အလုပ္တစ္ခုျဖစ္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ေဆးဘက္ဆုိင္ရာ ပညာရွင္ေတြကေတာ့ ဝက္ၿခံညႇစ္ျခင္းကို အားေပးေထာက္ခံျခင္း မရွိပါဘူး။

ေဆးပညာရွင္ေတြကေတာ့ ဝက္ၿခံညႇစ္ျခင္းဟာ ေဘးထြက္ဆုိးက်ိဳးေတြကို ျဖစ္ေစၿပီး အသက္အႏၱရာယ္ကိုေတာင္ ထိခုိက္ေစႏုိင္တယ္လုိ႔ သတိေပးခဲ့ပါတယ္။ သူတုိ႔ရဲ႕အႀကံျပဳခ်က္အရ ၀က္ၿခံညႇစ္ျခင္းဟာ မ်က္စိအျမင္အာ႐ုံကို ကြယ္ေစႏုိင္ၿပီး၊ သြက္ခ်ာပါဒျဖစ္ျခင္းနဲ႔ အဆုိး၀ါးဆုံးအေျခအေနအျဖစ္ အသက္ကုိပါ ဆုံး႐ႈံးေစႏုိင္ပါတယ္။

၀က္ၿခံညႇစ္ျခင္းရဲ႕ ဆုိးက်ိဳးကို အရင္ဆုံးခံစားရေစမွာက မ်က္ႏွာအသားေရပ်က္စီးျခင္းျဖစ္ေစပါတယ္။ အထူးသျဖင့္ မညႇစ္သင့္တဲ့ ဧရိယာကေတာ့ နဖူးအလယ္တည့္တည့္မွ အေပၚႏႈတ္ခမ္း ေဘးတစ္ဘက္တစ္ခ်က္ဆီကုိ မ်ဥ္းစြဲခ်လုိက္တဲ့အခါမွာ ႀတိဂံပုံစံ ရပါလိမ့္မယ္။ အဲဒါကုိ Danger Triangle လုိ႔ ေခၚပါတယ္။

အဆုိပါ ဧရိယာအတြင္းမွာ ၀က္ၿခံညႇစ္ျခင္း မလုပ္သင့္ဘူးလုိ႔ ပညာရွင္ေတြက ဆုိပါတယ္။ အဲဒီဧရိယာမွာ ေသြးေၾကာေတြဟာ ေခါင္းအတြင္းကို လူးလာေခါက္ျပန္ေနတဲ့ ေသြးေၾကာေတြျဖစ္ၿပီး မ်က္ႏွာျပင္တစ္ခုလုံးရဲ႕ အာ႐ုံေၾကာေတြစုစည္းရာလည္း ျဖစ္ပါတယ္။

၀က္ၿခံညႇစ္ေနရင္းနဲ႔ ေသတဲ့သူ မရွိေပမယ့္ ၀က္ၿခံညႇစ္ျခင္းေၾကာင့္ ေသမယ္ဆုိရင္ အဆုိပါေနရာဟာ အႏၱရာယ္အမ်ားဆုံးျဖစ္ပါတယ္။ အနည္းဆုံးေတာ့ အျမင္အာရုံကြယ္ျခင္းဟာ အနီးစပ္ဆုံး အေျခအေန ျဖစ္ေၾကာင္း ေဆးဘက္ဆုိင္ရာပပညာရွင္ေတြက သတိေပးလုိက္တာ ျဖစ္ပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)