ဂျပန်အစိုးရက မြန်မာမှာလူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားဟု ယုံကြည်

113

ဂျပန်သံအမတ်ကြီးက ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားခဲ့ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် မရှိတာကြောင့် နိုင်ငံတကာတရားရုံး ICJ အနေနဲ့ ကြားဖြတ်အစီအစဉ် provisional measure မချမှတ်ဖို့ ဂျပန်အစိုးရက နေ့တိုင်းဆုတောင်းနေကြောင်း အီချီရို မာယုရာမားက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာမှာ ဂျီနိုဆိုက်မဖြစ်ခဲ့ဘူးလို့ ဂျပန်က အပြည့်အ၀ ယုံကြည်ပါတယ်”ဂျီနိုဆိုက် မဖြစ်ခဲ့တဲ့အကြောင်းကို သံအမတ်ကြီး အီချီရို မာယုရာမာက ထပ်တလဲလဲ သုံးစွဲပြောကြားခဲ့ပါတယ်။

၂၀၁၇ တပ်မတော် ရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီစစ်ဆင်ရေးကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း သတ်မှတ်ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားလိုပြုပြီး ICJ မှာ တရားစွဲဆိုထားပါတယ်။

ဒီဇင်ဘာ ၁၁ ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ မှာ နှစ်ဖက် ကြားနာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘီယာတောင်းဆိုတဲ့ Provisional measures မချမှတ်ဖို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။ဂျပန်သံအမတ်ကြီးက ” Provisional measure မချမှတ်ဖို့ ကျနော်တို့ နေ့တိုင်းဆုတောင်းနေပါတယ်”

ဂျပန်အာဏာရပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဟာ ဒီဇင်ဘာ ၂၁ ကနေ ၂၅ ရက်အထိ ရန်ကုန်မှာရောက်ရှိနေတုန်း ရခိုင်အရေး ဂျပန်ရပ်တည်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း သံအမတ်ကြီး အီချီရို မာယုရာမားက သတင်းထောက်တွေကို ဒီနေ့ ဖိတ်ခေါ်ပြီး ရှင်းပြတာဖြစ်ပါတယ်။

ဂျပန်အစိုးရအနေနဲ့ ICJ တရားရုံးကို ဒေါ်အောင်ဆန်းစကြည် တက်ရောက်တာကို ချီးကျူးလေးစားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ICJ မှာပြောဆိုခဲ့သလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE က ဆောင်ရွက်မယ့် နောက်ဆုံးအစီရင်ခံစာပါ တွေ့ရှိချက်အတိုင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေကို အရေးယူမယ်ဆိုတဲ့အချက်ကို ကြိုဆိုကြောင်း၊ ဂျပန်နိုင်ငံက မြန်မာကတောင်းဆိုတဲ့ ကြားဖြတ်အစီအမံ မချမှတ်ဖို့တောင်းဆိုချက်အတိုင်း ရပ်တည်ကြောင်း ပြောကြားခဲ့ကြောင်း ဂျပန်သံအမတ်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါလည်း ဂျပန်အာဏာရပါတီကိုယ်စားလှယ်ကို တပ်ချုပ်ကြီး ၎င်းတို့အနေနဲ့ ICOE ပါအစီရင်ခံစာအတိုင်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကတိပေးခဲ့ကြောင်း၊ ဂျပန်နိုင်ငံကလည်း အဲဒီ အစီအစဉ်ကို ဖြစ်အောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ ရိုဟင်ဂျာလို့ တရားဝင်သုံးစွဲတာ မရှိကြောင်းနဲ့ မြန်မာနိုင်ငံက လူအများခေါ်ဝေါ်သလို ရခိုင်ပြည်နယ်က မွတ်စလင်များလို့ သုံးစွဲကြောင်းပြောဆိုခဲ့ပါတယ်။

RFA Burmese

ဂ်ပန္သံအမတ္ႀကီးက ရခိုင္ေျမာက္ပိုင္းမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ မျဖစ္ပြားခဲ့ေၾကာင္းနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္ မရွိတာေၾကာင့္ ႏိုင္ငံတကာတရား႐ုံး ICJ အေနနဲ႔ ၾကားျဖတ္အစီအစဥ္ provisional measure မခ်မွတ္ဖို႔ ဂ်ပန္အစိုးရက ေန႔တိုင္းဆုေတာင္းေနေၾကာင္း အီခ်ီ႐ို မာယုရာမားက ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“ျမန္မာမွာ ဂ်ီႏိုဆိုက္မျဖစ္ခဲ့ဘူးလို႔ ဂ်ပန္က အျပည့္အ၀ ယုံၾကည္ပါတယ္”ဂ်ီႏိုဆိုက္ မျဖစ္ခဲ့တဲ့အေၾကာင္းကို သံအမတ္ႀကီး အီခ်ီ႐ို မာယုရာမာက ထပ္တလဲလဲ သုံးစြဲေျပာၾကားခဲ့ပါတယ္။

၂၀၁၇ တပ္မေတာ္ ရွင္းလင္းေရး စစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ခုနစ္သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ၾကရပါတယ္။ အဲဒီစစ္ဆင္ေရးကို ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္က လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္ေၾကာင္း သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားလိုျပဳၿပီး ICJ မွာ တရားစြဲဆိုထားပါတယ္။

ဒီဇင္ဘာ ၁၁ ကေန ၁၂ ရက္အထိ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕ ICJ မွာ ႏွစ္ဖက္ ၾကားနာခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္က ဂမ္ဘီယာေတာင္းဆိုတဲ့ Provisional measures မခ်မွတ္ဖို႔ ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။ဂ်ပန္သံအမတ္ႀကီးက ” Provisional measure မခ်မွတ္ဖို႔ က်ေနာ္တို႔ ေန႔တိုင္းဆုေတာင္းေနပါတယ္”

ဂ်ပန္အာဏာရပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ တစ္ဦးဟာ ဒီဇင္ဘာ ၂၁ ကေန ၂၅ ရက္အထိ ရန္ကုန္မွာေရာက္ရွိေနတုန္း ရခိုင္အေရး ဂ်ပန္ရပ္တည္ခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ သီးျခားေတြ႕ဆုံေဆြးေႏြးခဲ့တဲ့အေၾကာင္း သံအမတ္ႀကီး အီခ်ီ႐ို မာယုရာမားက သတင္းေထာက္ေတြကို ဒီေန႔ ဖိတ္ေခၚၿပီး ရွင္းျပတာျဖစ္ပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ICJ တရား႐ုံးကို ေဒၚေအာင္ဆန္းစၾကည္ တက္ေရာက္တာကို ခ်ီးက်ဴးေလးစားေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ ICJ မွာေျပာဆိုခဲ့သလို လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE က ေဆာင္႐ြက္မယ့္ ေနာက္ဆုံးအစီရင္ခံစာပါ ေတြ႕ရွိခ်က္အတိုင္း လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို အေရးယူမယ္ဆိုတဲ့အခ်က္ကို ႀကိဳဆိုေၾကာင္း၊ ဂ်ပန္ႏိုင္ငံက ျမန္မာကေတာင္းဆိုတဲ့ ၾကားျဖတ္အစီအမံ မခ်မွတ္ဖို႔ေတာင္းဆိုခ်က္အတိုင္း ရပ္တည္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း ဂ်ပန္သံအမတ္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံတဲ့အခါလည္း ဂ်ပန္အာဏာရပါတီကိုယ္စားလွယ္ကို တပ္ခ်ဳပ္ႀကီး ၎တို႔အေနနဲ႔ ICOE ပါအစီရင္ခံစာအတိုင္း ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္လို႔ ကတိေပးခဲ့ေၾကာင္း၊ ဂ်ပန္ႏိုင္ငံကလည္း အဲဒီ အစီအစဥ္ကို ျဖစ္ေအာင္ေဆာင္႐ြက္ေပးဖို႔ တိုက္တြန္းခဲ့ေၾကာင္း သူက ဆက္ေျပာပါတယ္။

ဒါ့အျပင္ ဂ်ပန္အစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာလို႔ တရားဝင္သုံးစြဲတာ မရွိေၾကာင္းနဲ႔ ျမန္မာႏိုင္ငံက လူအမ်ားေခၚေဝၚသလို ရခိုင္ျပည္နယ္က မြတ္စလင္မ်ားလို႔ သုံးစြဲေၾကာင္းေျပာဆိုခဲ့ပါတယ္။

RFA Burmese