NLD ဘူးသီးတောင် ဥက္ကဋ္ဌ သေဆုံးသွားကြောင်း AA ထုတ်ပြန်

310

ခရစ္စမတ္ေန႕မွာ ဘူးသီးေတာင္ အေျခစုိက္ စကခ (၁၅) က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ေတြ AA တပ္စြဲထားရာ ေတာင္ကုန္းကုိက်ေရာက္ေပါက္ကြဲလုိ႕ ဖမ္းဆီးထိန္းသိမ္းထားသူတခ်ဳိ႕ဒဏ္ရာရေသဆုံးခဲ့ေၾကာင္း၊ အဲဒီထဲမွာ NLD ဘူးသီးေတာင္ ဥကၠ႒ လည္း ပါ၀င္ေၾကာင္း AA က ဒီည ထုတ္ျပန္ပါတယ္။

ဒီေန႕မွာ ရခုိင္ေျမာက္ပုိင္းက ပလက္၀၊ ဘူးသီးေတာင္၊ ေျမပုံနဲ႕ ခ်င္းျပည္နယ္စပ္ ပလက္၀ ၿမဳိ႕နယ္ေတြမွာပါ တုိက္ပြဲျပင္းထန္တယ္လုိ႕ ေဖာ္ျပထားပါတယ္။ ဘူးသီးေတာင္ၿမဳိ႕နယ္မွာ နံနက္ ၉ နာရီကေန စတင္တုိက္ပြဲျဖစ္ပြားၿပီးေနာက္၊ စကခ (၁၅) တပ္မဌာနခ်ဳပ္ကေန လက္နက္ႀကီးေတြနဲ႕ အုတ္ေတာင္ရြာ အေရွ႕ဖက္ ၃ မုိင္အကြာမွာရွိတဲ့ AA ထိန္းခ်ဳပ္ရာ ပြဳိင့္-၄၂၈ ေတာင္ကုန္းေပၚသုိ႔ ပစ္ခတ္ရာကေန ေသဆုံးတာျဖစ္ေၾကာင္းေရးသားထားပါတယ္။

တပ္မေတာ္ဟာ အဲဒီကုန္းကုိ ဒီဇင္ဘာ ၂၂ ရက္ကတည္းက ထုိးစစ္ဆင္ေနတာျဖစ္တယ္လုိ႕လည္း AA က ဆုိပါတယ္။ ေျမပံုၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တဲ့ ဒီေန႕တုိက္ပြဲမွာ တပ္မေတာ္ဖက္က ရဟတ္ယာဥ္ႏွစ္စီးအသုံးျပဳတုိက္ခုိ္က္ခဲ့ေၾကာင္း၊ ပလက္၀ၿမဳိ႕နယ္ ႏႈန္းဘူးေက်းရြာအနီးတုိက္ပြဲတြင္ တပ္မေတာ္ဖက္ကက်ဆုံးအရာရွိတခ်ဳိ႕ကုိ ရဟတ္ယာဥ္ျဖင့္ သယ္ေဆာင္သြားေၾကာင္းေဖာ္ျပပါတယ္။ တုိက္ပြဲအက်အဆုံးသတင္းကို RFA က သီးျခားအတည္ျပဳႏုိင္ျခင္းမရွိပါဘူး။

ထိန္းသိမ္းထားသူအခ်ိဳ႕နဲ႕ AA တပ္ဖြဲ႕၀င္တခ်ဳိ႕လည္း ဒဏ္ရာရေၾကာင္း၊ ဘူးသီးေတာင္ NLD ဥကၠ႒ ဦးရဲသိန္းမွာ ပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္းေဖာ္ျပထားပါတယ္။ ဦးရဲသိန္းဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ၿပီး ႏုိင္ငံတကာတရားရုံး ICJ အမႈကုိသြားေရာက္ရင္ဆုိင္တာကုိ ဘူးသီးေတာင္ၿမဳိ႕မွာေထာက္ခံပြဲလုပ္ဖုိ႕ နယ္ကုိဆင္းရာမွာ AA ရဲ႕ ဖမ္းဆီးျခင္းကုိ ခံလုိက္ရတာပါ။

ဦးရဲသိန္းကုိ ဒီဇင္ဘာ ၁၁ ရက္ေန႕ကတည္းက AA က ထိန္းသိမ္းထားတာျဖစ္ပါတယ္။ AA က တပ္မေတာ္သားေတြရဲ႕ က်ဆုံး ဓါတ္ပုံေတြကုိ ထုတ္ျပန္ေလ့ရွိေပမယ့္ NLD ဘူးသီးေတာင္ ဥကၠ႒ ဦးရဲသိန္းရဲ႕ ရုပ္အေလာင္းကုိေတာ့ ထုတ္ျပန္တာမေတြ႕ရပါ။

AA ရဲ႕ႏိုဝင္ဘာ ၁၂ ရက္ေန႕ သုံ႔ပန္းခ်င္း လဲလွယ္လိုေၾကာင္းထုတ္ျပန္ခ်က္မွာ ရဲတပ္ဖြဲ႕ဝင္ ကိုးေယာက္၊ တပ္မေတာ္သား ေျခာက္ေယာက္၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ေယာက္၊ တပ္အင္ဂ်င္နီယာ တစ္ေယာက္ စုစုေပါင္း ၁၇ ေယာက္နဲ႔အတူ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းလည္း ပါ၀င္ပါတယ္။

ဒီဇင္ဘာ ၂၄ ရက္ေန႕တုန္းကလည္း ဘူးသီးေတာင္ၿမဳိ႕ကေန ေတာင္ပဇာနယ္ျခားေစာင့္စခန္းကိုသြားတဲ့ လူဝင္မႈၾကီးၾကပ္ေရး (လ၀က) အရာရွိ သုံးဦးကုိ AA က ဖမ္းဆီးထားေၾကာင္း ျပည္ထဲေရးက ဒီေန႕သတင္းထုတ္ျပန္ပါတယ္။

(ဓာတ္ပံု – ဦးရဲသိန္း Facebook မွ) RFA Burmese

ခရစ်စမတ်နေ့မှာ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ AA တပ်စွဲထားရာ တောင်ကုန်းကိုကျရောက်ပေါက်ကွဲလို့ ဖမ်းဆီးထိန်းသိမ်းထားသူတချို့ဒဏ်ရာရသေဆုံးခဲ့ကြောင်း၊ အဲဒီထဲမှာ NLD ဘူးသီးတောင် ဥက္ကဋ္ဌ လည်း ပါဝင်ကြောင်း AA က ဒီည ထုတ်ပြန်ပါတယ်။

ဒီနေ့မှာ ရခိုင်မြောက်ပိုင်းက ပလက်ဝ၊ ဘူးသီးတောင်၊ မြေပုံနဲ့ ချင်းပြည်နယ်စပ် ပလက်၀ မြို့နယ်တွေမှာပါ တိုက်ပွဲပြင်းထန်တယ်လို့ ဖော်ပြထားပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ နံနက် ၉ နာရီကနေ စတင်တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စကခ (၁၅) တပ်မဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ အုတ်တောင်ရွာ အရှေ့ဖက် ၃ မိုင်အကွာမှာရှိတဲ့ AA ထိန်းချုပ်ရာ ပွိုင့်-၄၂၈ တောင်ကုန်းပေါ်သို့ ပစ်ခတ်ရာကနေ သေဆုံးတာဖြစ်ကြောင်းရေးသားထားပါတယ်။

တပ်မတော်ဟာ အဲဒီကုန်းကို ဒီဇင်ဘာ ၂၂ ရက်ကတည်းက ထိုးစစ်ဆင်နေတာဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။ မြေပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီနေ့တိုက်ပွဲမှာ တပ်မတော်ဖက်က ရဟတ်ယာဉ်နှစ်စီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ပလက်ဝမြို့နယ် နှုန်းဘူးကျေးရွာအနီးတိုက်ပွဲတွင် တပ်မတော်ဖက်ကကျဆုံးအရာရှိတချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်းဖော်ပြပါတယ်။ တိုက်ပွဲအကျအဆုံးသတင်းကို RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ထိန်းသိမ်းထားသူအချို့နဲ့ AA တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရကြောင်း၊ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်းဖော်ပြထားပါတယ်။ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး နိုင်ငံတကာတရားရုံး ICJ အမှုကိုသွားရောက်ရင်ဆိုင်တာကို ဘူးသီးတောင်မြို့မှာထောက်ခံပွဲလုပ်ဖို့ နယ်ကိုဆင်းရာမှာ AA ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။

ဦးရဲသိန်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက AA က ထိန်းသိမ်းထားတာဖြစ်ပါတယ်။ AA က တပ်မတော်သားတွေရဲ့ ကျဆုံး ဓါတ်ပုံတွေကို ထုတ်ပြန်လေ့ရှိပေမယ့် NLD ဘူးသီးတောင် ဥက္ကဋ္ဌ ဦးရဲသိန်းရဲ့ ရုပ်အလောင်းကိုတော့ ထုတ်ပြန်တာမတွေ့ရပါ။

AA ရဲ့နိုဝင်ဘာ ၁၂ ရက်နေ့ သုံ့ပန်းချင်း လဲလှယ်လိုကြောင်းထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့ဝင် ကိုးယောက်၊ တပ်မတော်သား ခြောက်ယောက်၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ယောက်၊ တပ်အင်ဂျင်နီယာ တစ်ယောက် စုစုပေါင်း ၁၇ ယောက်နဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ပါဝင်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းကလည်း ဘူးသီးတောင်မြို့ကနေ တောင်ပဇာနယ်ခြားစောင့်စခန်းကိုသွားတဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) အရာရှိ သုံးဦးကို AA က ဖမ်းဆီးထားကြောင်း ပြည်ထဲရေးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ – ဦးရဲသိန်း Facebook မှ) RFA Burmese