နှပ်ချေးကလော်တတ်တဲ့ အကျင့်ရှိသူများ ကျန်းမာရေး ဆိုးရွားစေနိုင်

229

တော်တော်များများမှာ ရှိနေတတ်တဲ့ အကျင့်လေးတွေထဲမှာ နှပ်ချေးကလော်တာတို့၊ နဖားကလောက်တာတို့လည်း ပါဝင်တတ်ပါတယ်။ တစ်ချို့ကတော့ ချိုင်းကြားကို နံမှန်းသိရက်နဲ့ ပွတ်ပြီးနမ်းတာတို့၊ မျက်ချေးကို လူရှေ့သူရှေ့မှ ချူတာတို့၊ လူရှုပ်ရင် ခေါင်းထဲက ဗောက်တွေ ကုတ်ချတာတို့ မြင်ဖူးမှာပါ။

အခု ဖော်ပြချင်တာကတော့ နှပ်ချေးကလော်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာပါ။ နှပ်ချေးကလော်သူတွေဟာ သာမန်အားဖြင့် မြင်ရသူတွေအတွက် ရယ်စရာဖြစ်စေလို၊ တစ်ဖက်ကလည်း ရှုံ့မဲ့ပြီး နှပ်ချေးကလော်နေတဲ့မိမိအဖို့ အရုပ်ဆိုးတယ်လို့ အထင်ရှိစေမှာပါ၊

နှပ်ချေးကလော်ခြင်းဟာ ရေရှည်အားဖြင့် ကျန်းမာရေးကို ဆိုးရွားစေနိုင်တဲ့အမူအကျင့်ဖြစ်ကြောင်း ဒေါက်တာတွေက သတိပေးခဲ့ပါတယ်။ ဒေါက်တာ  Erich Voigt ရဲ့ ပြောပြချက်အရတော့ နှပ်ချေးကလော်ခြင်းဟာ ကြီးမားတဲ့ အန္တရာယ်တွေကို ပေးနိုင်တဲ့အထိ သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

သူက ” နှပ်ချေး ကလော်ခြင်းကြောင့် ရောဂါပိုးတွေ နှာခေါင်းထဲကို သာမန်ထက် နှစ်ဆလောက် အလွယ်တစ်ကူ ၀င်ရောက်ခွင့် ရသွားမယ် … နောက် လက်သည်းစတာနဲ့ ခြစ်မိလို့ နှာခေါင်းအရေအပြား ထိခိုက်မှု ဖြစ်နို်င်တယ် … မသန့်ပြန်တဲ့လက်ကြောင့် ရောဂါပိုးတွေ-

ကူးစက်နိုင်တယ် … အထူးသဖြင့် Staphylococcus aureus  အခြေအနေကို ဖြစ်စေနို်င်ပါတယ်  .. “လို့ ရှင်းပြပါတယ်။ ဒေါက်တာ Erich က နှာခေါင်းဟာ လည်ချောင်းနဲ့ ဆက်စပ်နေသလို၊ ဦးနှောက်နဲ့လည်း အဓိက ဆက်သွယ်နေတဲ့ အရာဖြစ်လို့ အချိန်မရွေး ရောဂါပိုးတွေဟာ ဆက်သွယ်ရာ-

လမ်းကြောင်းကနေတစ်ဆင့် ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွင်းကို ၀င်ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ Erich က ထပ်လောင်း၍ ” ကလေးတွေအတွက်လည်း မကောင်းပါဘူး .. နှပ်ချေးခြူရင်းနဲ့ မတော်တဆ နှာခေါင်းထဲမှာရှိတဲ့ သွေးကြောတွေ ပေါက်ပြီး သွေးယိုစီးမှုဖြစ်နိုင်ပါတယ် …

နှာခေါင်းထဲကို စီးဝင်တဲ့ သွေးပမာဏဟာ အရမ်းများပြား လွန်သလို နှာခေါင်းအတွင်းမှာရှိတဲ့ သွေးကြောတွေက အရမ်း ပါးလျှပါတယ် … ” သတိပေးပြောကြားခဲ့ပါတယ်။ Staphylococcus aureus ဆိုတာ ဘက်တီးရီးယားကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။

လင်းဇော်ကို (D Nae Khit)ခ

Zawgyi ျဖင့္ဖတ္ရန္-

ေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတတ္တဲ့ အက်င့္ေလးေတြထဲမွာ ႏွပ္ေခ်းကေလာ္တာတုိ႔၊ နဖားကေလာက္တာတုိ႔လည္း ပါဝင္တတ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ခ်ိဳင္းၾကားကို နံမွန္းသိရက္နဲ႔ ပြတ္ၿပီးနမ္းတာတုိ႔၊ မ်က္ေခ်းကို လူေရွ႕သူေရွ႕မွ ခ်ဴတာတုိ႔၊ လူ႐ႈပ္ရင္ ေခါင္းထဲက ေဗာက္ေတြ ကုတ္ခ်တာတုိ႔ ျမင္ဖူးမွာပါ။

အခု ေဖာ္ျပခ်င္တာကေတာ့ ႏွပ္ေခ်းကေလာ္ျခင္းဟာ က်န္းမာေရးအတြက္ မေကာင္းဘူးဆုိတာပါ။ ႏွပ္ေခ်းကေလာ္သူေတြဟာ သာမန္အားျဖင့္ ျမင္ရသူေတြအတြက္ ရယ္စရာျဖစ္ေစလုိ၊ တစ္ဖက္ကလည္း ႐ႈံ႕မဲ့ၿပီး ႏွပ္ေခ်းကေလာ္ေနတဲ့မိမိအဖို႔ အ႐ုပ္ဆုိးတယ္လုိ႔ အထင္ရွိေစမွာပါ၊

ႏွပ္ေခ်းကေလာ္ျခင္းဟာ ေရရွည္အားျဖင့္ က်န္းမာေရးကုိ ဆုိးရြားေစႏုိင္တဲ့အမူအက်င့္ျဖစ္ေၾကာင္း ေဒါက္တာေတြက သတိေပးခဲ့ပါတယ္။ ေဒါက္တာ  Erich Voigt ရဲ႕ ေျပာျပခ်က္အရေတာ့ ႏွပ္ေခ်းကေလာ္ျခင္းဟာ ႀကီးမားတဲ့ အႏၱရာယ္ေတြကို ေပးႏုိင္တဲ့အထိ သက္ေရာက္မႈ ရွိတယ္လုိ႔ ဆုိပါတယ္။

သူက ” ႏွပ္ေခ်း ကေလာ္ျခင္းေၾကာင့္ ေရာဂါပုိးေတြ ႏွာေခါင္းထဲကို သာမန္ထက္ ႏွစ္ဆေလာက္ အလြယ္တစ္ကူ ၀င္ေရာက္ခြင့္ ရသြားမယ္ … ေနာက္ လက္သည္းစတာနဲ႔ ျခစ္မိလုိ႔ ႏွာေခါင္းအေရအျပား ထိခုိက္မႈ ျဖစ္ႏုိ္င္တယ္ … မသန္႔ျပန္တဲ့လက္ေၾကာင့္ ေရာဂါပုိးေတြ-

ကူးစက္ႏုိင္တယ္ … အထူးသျဖင့္ Staphylococcus aureus  အေျခအေနကို ျဖစ္ေစႏုိ္င္ပါတယ္  .. “လုိ႔ ရွင္းျပပါတယ္။ ေဒါက္တာ Erich က ႏွာေခါင္းဟာ လည္ေခ်ာင္းနဲ႔ ဆက္စပ္ေနသလုိ၊ ဦးေႏွာက္နဲ႔လည္း အဓိက ဆက္သြယ္ေနတဲ့ အရာျဖစ္လုိ႔ အခ်ိန္မေရြး ေရာဂါပုိးေတြဟာ ဆက္သြယ္ရာ-

လမ္းေၾကာင္းကေနတစ္ဆင့္ ခႏၶာကိုယ္နဲ႔ ဦးေႏွာက္အတြင္းကို ၀င္ေရာက္သြားႏုိင္တယ္လုိ႔ ဆုိပါတယ္။ Erich က ထပ္ေလာင္း၍ ” ကေလးေတြအတြက္လည္း မေကာင္းပါဘူး .. ႏွပ္ေခ်းျခဴရင္းနဲ႔ မေတာ္တဆ ႏွာေခါင္းထဲမွာရွိတဲ့ ေသြးေၾကာေတြ ေပါက္ၿပီး ေသြးယုိစီးမႈျဖစ္ႏုိင္ပါတယ္ …

ႏွာေခါင္းထဲကို စီး၀င္တဲ့ ေသြးပမာဏဟာ အရမ္းမ်ားျပား လြန္သလုိ ႏွာေခါင္းအတြင္းမွာရွိတဲ့ ေသြးေၾကာေတြက အရမ္း ပါးလွ်ပါတယ္ … ” သတိေပးေျပာၾကားခဲ့ပါတယ္။ Staphylococcus aureus ဆုိတာ ဘက္တီးရီးယားကူးစက္ေရာဂါ တစ္မ်ိဳးျဖစ္ပါတယ္။

လင္းေဇာ္ကို (D Nae Khit)