(၅)နှစ်အရွယ် ကမ္ဘာ့အငယ်ဆုံး ကလေးမိခင်
244
စာဖတ်သူတွေကတော့ ခေါင်းစဉ်ဖတ်လိုက်တာနဲ့ မဖြစ်နိုင်ဘူးလို့ တွေးကြပါလိမ့်မယ်။ တကယ်လည်း အသက်(၅)နှစ်လောက်အရွယ်မှာ ကိုဝန်တစ်ခုကိုဆောင်နိုင်ဖို့ အလွန်စောနေသေးပြီး၊ (၁၀)နှစ်လောက်အရွယ်မှာတောင် မဖြစ်နိုင်ဘူးလို့ တွေးကြမှာပါ။
ဒါပေမယ့် ကမ္ဘာ့သမိုင်းမှာတော့ အသက်(၅)နှစ်နဲ့ ကလေးမွေးခဲ့တယ်ဆိုတဲ့ ဒီအဖြစ်အပျက်ဟာ တကယ်ကို ရှိခဲ့ပါတယ်။ ကာယကံရှင်အမျိုးသမီးဟာ လက်ရှိအချိန်မှာ အသက်ထင်ရှား ရှိနေဆဲဖြစ်ပြီး၊ အသက်(၈၆)နှစ် ရှိနေပါပြီ။ သူမရဲ့အမည်ကတော့ Lina Medina ဖြစ်ပါတယ်။ သူမအကြောင်း Wiki မှာလည်း အပြည့်အစုံ ဖော်ပြထားပါတယ်။
Lina ဟာ ကလေးမွေးဖွားချိန်မှာ တိတိကျကျဆိုရရင် အသက်(၅)နှစ်၊ (၇)လနဲ့ (၁၇)ရက်သမီး အရွယ်သာ ရှိပါသေးတယ်။ ဆိုရင် သူမဟာ ကိုယ်ဝန်ဆောင်ချိန်က အသက်(၄)နှစ်ကျော်လောက်မှာ ဖြစ်ပါတယ်။ (၁၉၃၉) မေလမှာ ဗိုက်ကအလွန်ကြီးလာလို့ ရောဂါထင်ပြီး မိဘတွေက ဆေးရုံသွားပြခဲ့ပါတယ်။
ဆေးရုံမှာ ဒေါက်တာတွေက သေချာစစ်ဆေးကြည့်တော့ အကျိတ်ရောဂါမဟုတ်ဘဲ ကိုယ်ဝန်ဖြစ်ကြောင်း သိရှိခဲ့ပါတယ်။ ကလေးကို အဲဒီနှစ် မေလ(၁၄)ရက်မှာ အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပါတယ်။ Lina ဟာ (၁၉၃၃)ခုနှစ် စက်တင်ဘာ(၂၃)ရက်မှာ မွေးဖွားခဲ့သူဖြစ်လို့၊ ကလေးထက် (၅)နှစ်သာ ကြီးပါတယ်။
ထူးဆန်းတာက Lina ရဲ့ အဲဒီအချိန်အရပ်ဟာ အလွန်ပုသေးပေမယ့် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ရင်သားတွေဟာ ကလေးတေစ်ယောက်ကို နို့တိုက်ဖို့အတွက် လုံလောက်ပြီး တင်ပါးစုံရိုးနဲ့ အခြားအရိုးဖွဲ့စည်းမှုတွေဟာ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ပုံစံံနဲ့ တူညီနေခြင်း ဖြစ်ပါတယ်။
Lina ဟာ အလေးချိန်ခြောက်ပေါင်အထိ ရှိတဲ့ Gerardo အမည်ရတဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး သူ့အမေ Lina ကို ဘဝတစ်လျှောက်လုံး အစ်မလို့ ထင်နေခဲ့ပါတယ်။ အသက်(၁၀)နှစ်ရောက်မှသာ အမေဖြစ်ကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကိုယ်ဝန်ကို ဘယ်လိုရခဲ့တာလဲဆိုပြီး သံသယရှိတဲ့အတွက် ဖခင်ဖြစ်သူကို ရဲက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သို့သော်လည်း သမီးအရင်းကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား မခိုင်လုံတဲ့အတွက် ရဲက ဖခင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုခေတ်စားနေတဲ့ DNA ကို အဲဒီတုန်းက တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတိုင်း မတက်နိုင်သေးပါဘူး။
Lina ဟာ Raúl Jurado အမည်ရတဲ့ အမျိုးသားနဲ့ လက်ထပ်ခဲ့ပြီး အဲဒီလူဟာ ဒုတိယကလေးရဲ့က ဖခင်ဖြစ်ပါတယ်။ ဒုတိယကလေးကို (၁၉၇၂)မှာ မွေးခဲ့ပါတယ်။ အဲဒီအချိန်မှာ Lina ဟာ အသက် (၄၀) အရွယ်ကို ရောက်နေပါပြီ။ Lina ဟာ အခုအချိန်အသက်ထင်ရှားဆဲဖြစ်ပြီး အသက် (၈၆) အရွယ် အဘွားအို ဖြစ်နေပါပြီ။ ခင်ပွန်းကတော့ ဆုံးပါးသွားပြီ ဖြစ်ပါတယ်။ သူမအကြောင်းကို Google မှာ Lina Medina လို့ ရိုက်ပြီး အသေးစိတ်ဖတ်ရှုလု်ိ့ရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်-
ထူးဆန်းတာက Lina ရဲ့ အဲဒီအချိန်အရပ်ဟာ အလွန်ပုသေးပေမယ့် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ရင်သားတွေဟာ ကလေးတေစ်ယောက်ကို နို့တိုက်ဖို့အတွက် လုံလောက်ပြီး တင်ပါးစုံရိုးနဲ့ အခြားအရိုးဖွဲ့စည်းမှုတွေဟာ အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ပုံစံနဲ့ တူညီနေခြင်း ဖြစ်ပါတယ်။