အေအေ ဖမ်းဆီးသွားသည့် လ.ဝ.က အရာရှိ ၃ ဦး၏ အသက်အန္တရာယ်အတွက် စိုးရိမ်

174

အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် အရာရှိ ၃ ဦးရဲ့ အသက်အန္တရာယ်အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက အထူးစိုးရိမ်နေကြပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာနယ်မြေ လ.ဝ.ကရုံး လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင်၊ လက်ထောက်လ.ဝ.ကမှူး ဦးမျိုးဆွေဦးနဲ့ လက်ထောက် လ.ဝ.ကမှူး ဦးအောင်ဖြိုးကျော်တို့ ဖြစ် ပါတယ်။

အဆိုပါ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ တောင်ဘဇာ လ.ဝ.က ရုံးအရာရှိ တဦးက “သူတို့က ဒီဇင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ ဘူးသီတောင်မြို့မှ တောင်ပဇာ လိုင်းဆွဲနေတဲ့ ဦးစိုးချေ မောင်းတဲ့စက်လှေနဲ့ ဒေသခံ တခြားခရီးသည် ၁၈ ဦးနဲ့အတူ စီးနင်းလိုက်ပါတာပါ။

နေ့လယ် ၃ နာရီအချိန်မှာ တောင်ပဇာကျေးရွာမရောက်ခင် ကျောက်စရစ်ကျေးရွာအနီးမှာ ကြိုတင်သတင်းရထားတဲ့ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုတွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်နေကြပါတယ်” လို့ ပြောပါတယ်။

ခွင့်ယူထားတာကနေ ပြန်လာတဲ့ တောင်ဘဇာနယ်မြေရုံး တာဝန်ကျ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်ကို ဦးအောင်ကျော်ဖြိုးနဲ့ ဦးမျိုးဆွေဦးတို့က ဘူးသီးတောင်မြို့မှာ သွားရောက်ကြိုဆိုပြီး စက်လှေနဲ့ ပြန်လာစဉ်မှာ အေအေလက်နက်ကိုင် ၅ ဦးက စက်လှေကိုတားပြီး ဖမ်းဆီးသွားတာလို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေလှအောင်ကတော့ “လက်ထောက်ညွှန်မှူး ဦးတင်မျိုးက ခွင့်ပြန်တာပါ။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဘူးသီးတောင်ကို ပြန်ရောက်လာတယ်။ သူတာဝန်ကျရာ တောင်ဘဇာကျေးရွာကိုသွားဖို့ ၂၃ ရက်နေ့မှာ တောင်ဘဇာ ကိုသွားတဲ့ စက်လှေမရှိလို့ ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သွားကြတာပါ။

သူ့ကို လာကြိုတဲ့ လ.ဝ.က အရာရှိ ၂ ဦးနဲ့အတူ ပြန်ကြတာလို့ သိရတယ်။ ဖမ်းဆီးသွားတာ အေအေအဖွဲ့လား၊ ဘယ်အဖွဲ့လဲဆိုတာ လက်တွေ့မျက်မြင်မဟုတ်တော့ ပြောဖို့ခက်ပါတယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိန်၊ ဆယ်အိမ်မှူးဦးမောင်စံလှနဲ့ အ.မ.က မြောက်ချောင်းမှ ကျောင်းဆရာ ဦးဆင်ဟုန်(ခေါ်)ဦးသာဦးတို့ကို အေအေအဖွဲ့က ဖမ်းဆီးသွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို လ.ဝ.က အရာရှိတွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အေအေအဖွဲ့ရဲ့ ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကောင်းကောင်း DVB TV News

ေအေအတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတဲ့ လူဝင္မႈႀကီးၾကပ္ေရးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး အပါအဝင္ အရာရွိ ၃ ဦးရဲ႕ အသက္အႏၲရာယ္အတြက္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မိသားစုေတြက အထူးစိုးရိမ္ေနၾကပါတယ္။

ဖမ္းဆီးခံရသူေတြကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေတာင္ပဇာနယ္ေျမ လ.ဝ.က႐ုံး လက္ေထာက္ၫႊန္မႉး ဦးတင္မ်ိဳးေအာင္၊ လက္ေထာက္လ.ဝ.ကမႉး ဦးမ်ိဳးေဆြဦးနဲ႔ လက္ေထာက္ လ.ဝ.ကမႉး ဦးေအာင္ၿဖိဳးေက်ာ္တို႔ ျဖစ္ ပါတယ္။

အဆိုပါ ဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး အမည္မေဖာ္လိုတဲ့ ေတာင္ဘဇာ လ.ဝ.က ႐ုံးအရာရွိ တဦးက “သူတို႔က ဒီဇင္ဘာ ၂၄ ရက္ ေန႔လယ္ ၂ နာရီေလာက္မွာ ဘူးသီေတာင္ၿမိဳ႕မွ ေတာင္ပဇာ လိုင္းဆြဲေနတဲ့ ဦးစိုးေခ် ေမာင္းတဲ့စက္ေလွနဲ႔ ေဒသခံ တျခားခရီးသည္ ၁၈ ဦးနဲ႔အတူ စီးနင္းလိုက္ပါတာပါ။

ေန႔လယ္ ၃ နာရီအခ်ိန္မွာ ေတာင္ပဇာေက်း႐ြာမေရာက္ခင္ ေက်ာက္စရစ္ေက်း႐ြာအနီးမွာ ႀကိဳတင္သတင္းရထားတဲ့ ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းကိုခံခဲ့ရတာျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မိသားစုေတြက သူတို႔ရဲ႕ အသက္အႏၲရာယ္အတြက္ အထူးစိုးရိမ္ေနၾကပါတယ္” လို႔ ေျပာပါတယ္။

ခြင့္ယူထားတာကေန ျပန္လာတဲ့ ေတာင္ဘဇာနယ္ေျမ႐ုံး တာဝန္က် လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးတင္မ်ိဳးေအာင္ကို ဦးေအာင္ေက်ာ္ၿဖိဳးနဲ႔ ဦးမ်ိဳးေဆြဦးတို႔က ဘူးသီးေတာင္ၿမိဳ႕မွာ သြားေရာက္ႀကိဳဆိုၿပီး စက္ေလွနဲ႔ ျပန္လာစဥ္မွာ ေအေအလက္နက္ကိုင္ ၅ ဦးက စက္ေလွကိုတားၿပီး ဖမ္းဆီးသြားတာလို႔ ျပည္ထဲေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဦးေ႐ႊလွေအာင္ကေတာ့ “လက္ေထာက္ၫႊန္မႉး ဦးတင္မ်ိဳးက ခြင့္ျပန္တာပါ။ ဒီဇင္ဘာ ၂၂ ရက္ေန႔မွာ ဘူးသီးေတာင္ကို ျပန္ေရာက္လာတယ္။ သူတာဝန္က်ရာ ေတာင္ဘဇာေက်း႐ြာကိုသြားဖို႔ ၂၃ ရက္ေန႔မွာ ေတာင္ဘဇာ ကိုသြားတဲ့ စက္ေလွမရွိလို႔ ၂၄ ရက္ေန႔ ေန႔လယ္ပိုင္းမွာ သြားၾကတာပါ။

သူ႔ကို လာႀကိဳတဲ့ လ.ဝ.က အရာရွိ ၂ ဦးနဲ႔အတူ ျပန္ၾကတာလို႔ သိရတယ္။ ဖမ္းဆီးသြားတာ ေအေအအဖြဲ႕လား၊ ဘယ္အဖြဲ႕လဲဆိုတာ လက္ေတြ႕မ်က္ျမင္မဟုတ္ေတာ့ ေျပာဖို႔ခက္ပါတယ္” လို႔ေျပာပါတယ္။

ေအာက္တိုဘာ ၂၉ ရက္ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ေက်း႐ြာအုပ္ခ်ဳပ္ ေရးမႉး ဦးေအာင္ေက်ာ္စိန္၊ ဆယ္အိမ္မႉးဦးေမာင္စံလွနဲ႔ အ.မ.က ေျမာက္ေခ်ာင္းမွ ေက်ာင္းဆရာ ဦးဆင္ဟုန္(ေခၚ)ဦးသာဦးတို႔ကို ေအေအအဖြဲ႕က ဖမ္းဆီးသြားတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ဒီဗြီဘီကို ေျပာပါတယ္။

အခုလို လ.ဝ.က အရာရွိေတြ ဖမ္းဆီးခံရမႈနဲ႔ပတ္သက္ၿပီး ေအေအအဖြဲ႕ရဲ႕ ေျပာခြင့္ရ ခိုင္သုခကို ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ေကာင္းေကာင္း DVB TV News