ခင်ပွန်းက ရောဂါတွေ ခံစားနေရချိန်၊ ဇနီးက သတို့သားအရံလုပ်ဖူးသူ နဲ့ လိုက်ပြေးသွားတဲ့အဖြစ်

226

တစ်ခါတလေ ကံဆိုးမိုးမှောင်ကျမှုတွေဟာ အဖော်နဲ့အပေါင်းနဲ့ မဖိတ်ခေါ်ပဲ ရောက်လာတတ်တဲ့ ဧည့်သည်တွေလိုပါဘဲ။ ကွာခြားတာက သူတို့ဟာ ဧည့်သည်တွေလို အိမ်မှာ ခဏလောက်ပဲ နေတာမဟုတ်ဘဲ၊ တစ်ခါတရံမှာတော့ အိမ်မှာ အိမ်ရှင်တွေလိုပဲ အကြာကြီးနေတတ်ကြတာပါ။

အခုလည်း ကံဆိုးလွန်းတဲ့ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ရောဂါဆိုး(၃)မျိုးကို လူးလှိမ့်နေအောင် ခံစားရချိန်မှာ ဇနီးက နောက်ယောက်ျားနောက်ကို လိုက်သွားပါတယ်။ သူ့အမည်ကတော့ Oliver Pugh ဖြစ်ပါတယ်။ သူဟာ ဦးနှောက်ကင်ဆာ၊ MASA ကြောင့်ဖြစ်တဲ့ သွတ်ချာပါဒအပြင်-

နှလုံးရောဂါကြောင့်လည်း နာလံမထူနိုင်ပါဘူး။ ဘဝမှာ သူ့လောက်ကံဆိုးတဲ့လူတောင် သူ့လောက် ကံဆိုးတယ်လို့ မထင်မိဘူးလို့ သူကပြောပါတယ်။ ဒီလောက်ကံဆိုးတာတင် အားမရလို့ ကံတရားက သူ့ရဲ့ချစ်ဇနီးကို တစ်ခြားယောက်ျားလက်ထဲ ထည့်ပေးလိုက်ပြန်ပါတယ်။အဲဒီနောက်ယောက်ျားအမည်ကတော့ Joe Felstead ဖြစ်ပြီး၊ ဇနီးဖြစ်သူ Grace နဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ။ Grace က နာလံမထူတဲ့ ရောဂါသည်ကြီးကို လင်လုပ်ပြုစုရတာမျိုးကို တစ်ခါမှ စိတ်မကူးခဲ့ဖူးတဲ့အတွက် သူမအနေနဲ့ လွတ်လမ်းက ဒီတစ်ခုသာရှိတယ်လို့ ပြောပါတယ်။

(၂၀၁၂)မှာ ရောဂါသည်ဖြစ်လာခဲ့တဲ့ Oliver ကို ဇနီးက အဲဒီကတည်းက စပြီးမကြည်တော့တာပါ။ လူ့ဘဝကိုညည်းငွေ့နေတဲ့ Oliver က ဆိုနင့်စွာနဲ့ ” ကျွန်တော်က … ဒီကမ္ဘာပေါ်မှာ ကံအဆိုးဆုံးတစ်ယောက်ပါ .. Joe နဲ့လည်း အခုထက်ထိ ခင်မင်နေပါသေးတယ် … ကျွန်တော်ဟာ ရောဂါကြောင့်-

ကားလည်းမမောင်းနို်င်တော့တဲ့အခါ Joe က ကူညီပေးခဲ့ပါတယ် … ဒါပေမယ့် ဟိုအရင်ကလို Grace နဲ့ အပြင်ကို ထွက်သောက်တာတို့ တစ်ခုခုစားတာတို့ မလုပ်နိုင်တော့တဲ့အခါ ကျွန်တော့်အစား Joe ကို ခေါ်သွားလေ့ရှိပါတယ် “လို့ ရင်ဖွင့်ခဲ့ပါတယ်။

လောလောဆယ်တော့ သူဟာ Salford Royal Hospital မှာ ဆေးကုသမှုတွေ ဆက်လက်ခံယူနေပါတယ်။ ဒါ့အပြင် 2012 ခုနှစ် ဇွန်လမှာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကြောင့်လည်း လက်မ ထက်ပိုင်းပြတ်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကလည်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဆေးဘက်ဆိုင်ရာ နည်းပညာတွေတိုးတက်လာလို့ Oliver ဟာ ကျန်းမာရေး ပြန်ကောင်းနေပါပြီ။ ” ကျွန်တော့်မှာ တစ်ခြား ကြီးကြီးမားမားမဆုံးရှုံးလိုက်ရဘဲ … အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားလို့ ကျွန်တော် တကယ်ဝမ်းသာပါတယ် … ကျွန်တော် ကျန်းမာလာတာနဲ့ အမျှ … ခွန်အားတွေ အင်အားတွေ တိုးပွားလာမှာပါ … “လို့ ပြောခဲ့ပါတယ်။

နေသူရိန် (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

တစ္ခါတေလ ကံဆုိးမုိးေမွာင္က်မႈေတြဟာ အေဖာ္နဲ႔အေပါင္းနဲ႔ မဖိတ္ေခၚပဲ ေရာက္လာတတ္တဲ့ ဧည့္သည္ေတြလုိပါဘဲ။ ကြာျခားတာက သူတုိ႔ဟာ ဧည့္သည္ေတြလုိ အိမ္မွာ ခဏေလာက္ပဲ ေနတာမဟုတ္ဘဲ၊ တစ္ခါတရံမွာေတာ့ အိမ္မွာ အိမ္ရွင္ေတြလုိပဲ အၾကာႀကီးေနတတ္ၾကတာပါ။

အခုလည္း ကံဆုိးလြန္းတဲ့ အသက္(၂၆)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ဟာ ေရာဂါဆုိး(၃)မ်ိဳးကို လူးလွိမ့္ေနေအာင္ ခံစားရခ်ိန္မွာ ဇနီးက ေနာက္ေယာက္်ားေနာက္ကို လုိက္သြားပါတယ္။ သူ႕အမည္ကေတာ့ Oliver Pugh ျဖစ္ပါတယ္။ သူဟာ ဦးေႏွာက္ကင္ဆာ၊ MASA ေၾကာင့္ျဖစ္တဲ့ သြတ္ခ်ာပါဒအျပင္-

ႏွလုံးေရာဂါေၾကာင့္လည္း နာလံမထူႏုိင္ပါဘူး။ ဘဝမွာ သူ႕ေလာက္ကံဆုိးတဲ့လူေတာင္ သူ႕ေလာက္ ကံဆုိးတယ္လုိ႔ မထင္မိဘူးလုိ႔ သူကေျပာပါတယ္။ ဒီေလာက္ကံဆုိးတာတင္ အားမရလုိ႔ ကံတရားက သူ႕ရဲ႕ခ်စ္ဇနီးကို တစ္ျခားေယာက္်ားလက္ထဲ ထည့္ေပးလုိက္ျပန္ပါတယ္။

အဲဒီေနာက္ေယာက္်ားအမည္ကေတာ့ Joe Felstead ျဖစ္ၿပီး၊ ဇနီးျဖစ္သူ Grace နဲ႔ ငယ္ေပါင္းသူငယ္ခ်င္းေတြပါ။ Grace က နာလံမထူတဲ့ ေရာဂါသည္ႀကီးကို လင္လုပ္ျပဳစုရတာမ်ိဳးကို တစ္ခါမွ စိတ္မကူးခဲ့ဖူးတဲ့အတြက္ သူမအေနနဲ႔ လြတ္လမ္းက ဒီတစ္ခုသာရွိတယ္လုိ႔ ေျပာပါတယ္။

(၂၀၁၂)မွာ ေရာဂါသည္ျဖစ္လာခဲ့တဲ့ Oliver ကုိ ဇနီးက အဲဒီကတည္းက စၿပီးမၾကည္ေတာ့တာပါ။ လူ႕ဘဝကိုညည္းေငြ႔ေနတဲ့ Oliver က ဆုိနင့္စြာနဲ႔ ” ကၽြန္ေတာ္က … ဒီကမာၻေပၚမွာ ကံအဆုိးဆုံးတစ္ေယာက္ပါ .. Joe နဲ႔လည္း အခုထက္ထိ ခင္မင္ေနပါေသးတယ္ … ကၽြန္ေတာ္ဟာ ေရာဂါေၾကာင့္-

ကားလည္းမေမာင္းႏုိ္င္ေတာ့တဲ့အခါ Joe က ကူညီေပးခဲ့ပါတယ္ … ဒါေပမယ့္ ဟုိအရင္ကလုိ Grace နဲ႔ အျပင္ကုိ ထြက္ေသာက္တာတုိ႔ တစ္ခုခုစားတာတုိ႔ မလုပ္ႏုိင္ေတာ့တဲ့အခါ ကၽြန္ေတာ့္အစား Joe ကုိ ေခၚသြားေလ့ရွိပါတယ္ “လုိ႔ ရင္ဖြင့္ခဲ့ပါတယ္။

ေလာေလာဆယ္ေတာ့ သူဟာ Salford Royal Hospital မွာ ေဆးကုသမႈေတြ ဆက္လက္ခံယူေနပါတယ္။ ဒါ့အျပင္ 2012 ခုႏွစ္ ဇြန္လမွာျဖစ္ခဲ့တဲ့ ကားမေတာ္တဆမႈေၾကာင့္လည္း လက္မ ထက္ပုိင္းျပတ္ခဲ့ပါေသးတယ္။ သူတုိ႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးကလည္း ၿပီးဆုံးသြားၿပီျဖစ္ပါတယ္။

ဒါေပမယ့္ ေဆးဘက္ဆုိင္ရာ နည္းပညာေတြတုိးတက္လာလုိ႔ Oliver ဟာ က်န္းမာေရး ျပန္ေကာင္းေနပါၿပီ။ ” ကၽြန္ေတာ့္မွာ တစ္ျခား ႀကီးႀကီးမားမားမဆုံး႐ႈံးလုိက္ရဘဲ … အေကာင္းပကတိအတုိင္း ျပန္ျဖစ္သြားလုိ႔ ကၽြန္ေတာ္ တကယ္၀မ္းသာပါတယ္ … ကၽြန္ေတာ္ က်န္းမာလာတာနဲ႔ အမွ် … ခြန္အားေတြ အင္အားေတြ တုိးပြားလာမွာပါ … “လုိ႔ ေျပာခဲ့ပါတယ္။

ေနသူရိန္ (D Nae Khit)