ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီဗာပူးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ (ရုပ်သံ)

167

ကာတာနိုင်ငံ ဒိုဟာမှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ လီဗာပူးက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ်အဖြစ် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။

လီဗာပူးကဒီပွဲမှာ ဂိုးသွင်းခွင့် အခွင့်အရေး တော်တော်များများရပေမယ့် အဆုံးသတ် မသေချာတာနဲ့ ဖလာမင်ဂို ဂိုးသမား လက်စွမ်းပြနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲနေတာပါ။

ဖလာမင်ဂိုအသင်းဘက်ကလည်း ထိုးဖောက် ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျခဲ့လို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်းမှာ ၉၉ မိနစ်မှာ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဖာမီနိုက အပိုင်ကန်သွင်းယူပါတယ်။ ဒီပွဲမှာ ဖာမီနို ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။

လီဗာပူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိက ချန်ပီယံကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ရယူနိုင်တာပါ။

ဖီဖာရဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် ပြီးရင် လီဗာပူးက ဒုတိယမြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

DVB

ကာတာႏိုင္ငံ ဒိုဟာမွာက်င္းပတဲ့ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ လီဗာပူးက ဘရာဇီးကလပ္ ဖလာမင္ဂိုအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ပထမဆုံးအႀကိမ္အျဖစ္ ကလပ္ကမာၻ႔ဖလား ခ်န္ပီယံဆုကို ဆြတ္ခူးသြားပါတယ္။

လီဗာပူးကဒီပြဲမွာ ဂိုးသြင္းခြင့္ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ားရေပမယ့္ အဆုံးသတ္ မေသခ်ာတာနဲ႔ ဖလာမင္ဂို ဂိုးသမား လက္စြမ္းျပႏိုင္လို႔ ဦးေဆာင္ဂိုးနဲ႔ လြဲေနတာပါ။

ဖလာမင္ဂိုအသင္းဘက္ကလည္း ထိုးေဖာက္ ကန္သြင္းခြင့္ေတြ ရခဲ့ေပမယ့္ မိနစ္ ၉၀ အထိ ဂိုးမရွိ သေရက်ခဲ့လို႔ အခ်ိန္ပိုအထိ ဆက္ခဲ့ရပါတယ္။

အခ်ိန္ပို ပထမပိုင္းမွာ ၉၉ မိနစ္မွာ လီဗာပူးအတြက္ တလုံးတည္းေသာ အႏိုင္ဂိုးကို ဖာမီႏိုက အပိုင္ကန္သြင္းယူပါတယ္။ ဒီပြဲမွာ ဖာမီႏို ေျခစြမ္းျပႏိုင္လို႔ အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံရပါတယ္။

လီဗာပူးဟာ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာင္အေမရိက ခ်န္ပီယံကို အႏိုင္ယူၿပီး ပထမဆုံးအႀကိမ္ ရယူႏိုင္တာပါ။

ဖီဖာရဲ႕ ကလပ္ကမာၻ႔ဖလား ခ်န္ပီယံဆုကို ပရီးမီးယားလိဂ္ အသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္ ၿပီးရင္ လီဗာပူးက ဒုတိယေျမာက္ ရယူႏိုင္တာ ျဖစ္ပါတယ္။