(၂၈) နှစ်ပြည့် မွေးနေ့မှာဇနီးဆီက မွေးနေ့လက်ဆောင် သိန်း (၇) ထောင်ကျော် ရရှိခဲ့တဲ့ ခင်ပွန်း

110

ကုိယ့္ခ်စ္သူ ဒါမွမဟုတ္ ကုိယ့္လက္တဲြေဖာ္ရဲ႕ ေမြးေန႔ ေရာက္လာၿပီ ဆုိရင္ေတာ့ ဘယ္သူမဆုိ အေကာင္းဆုံး လက္ေဆာင္ကိုပဲ ေပးခ်င္ၾကၿပီး အေပ်ာ္ရႊင္ဆုံး ေန႔ကုိ ဖန္တီးေပးခ်င္ၾကပါတယ္။

အခုလည္း အေမရိကန္ အမ်ဳိးသမီး ရက္ပါ အဆုိေတာ္ Cardi B က သူမရဲ႕ ခင္ပြန္းသည္ ျဖစ္သူ Offset ကုိ အေမရိကန္ ေဒၚလာ ေငြသား (၅) ေသာင္းကုိ ေမြးေန႔ လက္ေဆာင္ ေပးခဲ့ပါတယ္။

ရက္ပါ အဆုိေတာ္ေတြ ျဖစ္ၾကတဲ့ Cardi B နဲ႔ သူမရဲ႕ ခင္ပြန္း Offset တုိ႔ဟာ လြန္ခဲ့တဲ့ (၂၀၁၇) ခုႏွစ္က စအတူေနခဲ့ၾကၿပီး စေနေန႔က Offset ရဲ႕ အသက္ (၂၈) ႏွစ္ျပည့္ ေမြးေန႔ ျဖစ္ပါတယ္။

Cardi B ဟာ သူမ ခင္ပြန္းသည္ Offset ကုိ Suprise လုပ္ေပးခ်င္တာေၾကာင့္ ေရခဲေသတၱာမွာ ေဒၚလာ ေငြသား (၅) ေသာင္းကုိ ထည့္ၿပီး Offset ကုိ ေမြးေန႔ လက္ေဆာင္ ေပးသြားခဲ့ပါတယ္။

Offset ဟာ ေမြးေန႔ လက္ေဆာင္ ရတဲ့ ဗီဒီယုိကုိ အင္စတာ ဂရမ္မွာ တင္ခဲ့ၿပီး ဗီဒီယိုထဲမွာေတာ့ ေငြေတြ ပုိက္ထားတာကုိ ျမင္ရမွာ ျဖစ္သလုိ အလြန္ အံ့အားသင့္ေနတာကုိလည္း ျမင္ရပါတယ္။

ဗီဒီယုိထဲမွာ Offset က “ဒါေတြ ေပးဖုိ႔ မလုိပါဘူး”လုိ႔ ေျပာေတာ့ သူ႔ရဲ႕ ဇနီး Cardi B က “ကြ်န္မ သိပါတယ္။ ဒါေပမဲ့ ဘာေပးရမွန္း မသိလုိ႔ ေပးလုိက္တာပါ”လုိ႔ ျပန္ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ဗီဒီယုိမွာ Cardi B က “ရွင္ ကားဝယ္ႏုိင္တယ္။ အဝတ္အစား ဝယ္ႏုိင္တယ္။ လက္ဝတ္ရတနာ ဝယ္ႏုိင္တယ္။ Birkin အိတ္ေတြ ထပ္ဝယ္ႏုိင္တယ္။ ရွင္ လုပ္ခ်င္တာ ဘာမဆုိ လုပ္ႏုိင္တယ္။

Happy Birthday ပါ။ ဒါေပမဲ့ ကြ်န္မဆီကေန ခရစ္စမတ္ လက္ေဆာင္ရဖုိ႔ေတာ့ မေမွ်ာ္လင့္နဲ႔။ ခရစ္စမတ္ လက္ေဆာင္ရမွာ မဟုတ္ဘူး။ ကေလးေတြကုိပဲ ေပးမွာပါ”လုိ႔ ေျပာသြားခဲ့ပါတယ္။

Ko Khant ( D Nae Khit Media )

ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်လက်တွဲဖော်ရဲ့ မွေးနေ့ ရောက်လာပြီ ဆိုရင်တော့ ဘယ်သူမဆို အကောင်းဆုံး လက်ဆောင်ကိုပဲ ပေးချင်ကြပြီး အပျော်ရွှင်ဆုံး နေ့ကို ဖန်တီးပေးချင်ကြပါတယ်။

အခုလည်း အမေရိကန် အမျိုးသမီး ရက်ပါ အဆိုတော် Cardi B က သူမရဲ့ ခင်ပွန်းသည် ဖြစ်သူ Offset ကို အမေရိကန် ဒေါ်လာ ငွေသား (၅) သောင်းကို မွေးနေ့ လက်ဆောင် ပေးခဲ့ပါတယ်။

ရက်ပါ အဆိုတော်တွေ ဖြစ်ကြတဲ့ Cardi B နဲ့ သူမရဲ့ ခင်ပွန်း Offset တို့ဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်က စအတူနေခဲ့ကြပြီး စနေနေ့က Offset ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။

Cardi B ဟာ သူမ ခင်ပွန်းသည် Offset ကို Suprise လုပ်ပေးချင်တာကြောင့် ရေခဲသေတ္တာမှာ ဒေါ်လာ ငွေသား (၅) သောင်းကို ထည့်ပြီး Offset ကို မွေးနေ့ လက်ဆောင် ပေးသွားခဲ့ပါတယ်။

Offset ဟာ မွေးနေ့ လက်ဆောင် ရတဲ့ ဗီဒီယိုကို အင်စတာ ဂရမ်မှာ တင်ခဲ့ပြီး ဗီဒီယိုထဲမှာတော့ ငွေတွေ ပိုက်ထားတာကို မြင်ရမှာ ဖြစ်သလို အလွန် အံ့အားသင့်နေတာကိုလည်း မြင်ရပါတယ်။

ဗီဒီယိုထဲမှာ Offset က “ဒါတွေ ပေးဖို့ မလိုပါဘူး”လို့ ပြောတော့ သူ့ရဲ့ ဇနီး Cardi B က “ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဘာပေးရမှန်း မသိလို့ ပေးလိုက်တာပါ”လို့ ပြန်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုမှာ Cardi B က “ရှင် ကားဝယ်နိုင်တယ်။ အဝတ်အစား ဝယ်နိုင်တယ်။ လက်ဝတ်ရတနာ ဝယ်နိုင်တယ်။ Birkin အိတ်တွေ ထပ်ဝယ်နိုင်တယ်။ ရှင် လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်။

Happy Birthday ပါ။ ဒါပေမဲ့ ကျွန်မဆီကနေ ခရစ်စမတ် လက်ဆောင်ရဖို့တော့ မမျှော်လင့်နဲ့။ ခရစ်စမတ် လက်ဆောင်ရမှာ မဟုတ်ဘူး။ ကလေးတွေကိုပဲ ပေးမှာပါ”လို့ ပြောသွားခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )