မျက်ဝန်းလဲ့ပြာပြာရဲ့ည (သို့) မှုန်ရွှေရည်မင်းသမီးလေး အေးမြဖြူ(ရုပ်သံ)

699

သီတင်းတပတ်ထက်တပတ် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့တဲ့ မြန်မာအိုင်ဒေါသီ ချင်းဆိုပြိုင်ပွဲဟာ ခုတပတ်မှာဆိုရင်တော့ ၈ ပတ်မြောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ စိတ်ခွန်အားဖြစ်စေသော သီချင်းတွေနဲ့ Top Finalists ၄ ယောက်ဖြစ်ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာ၊ အေးမြဖြူ၊ ဘင်ဂျမင်ဆုန်းတို့နဲ့အတူ Wild Card နဲ့ ပြန်လည်ရောက်ရှိလာခဲ့သူ တန်ခွန်ကျော်တို့က အစွမ်းပြယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲဝင်တဉီးဖြစ်တဲ့ အေးမြဖြူကတော့ မြန်မာသံသီချင်းတပုဒ်ဖြစ်တဲ့ မျက်ဝန်းလဲ့ ပြာပြာသီချင်းနဲ့ အစွမ်းကုန် ယှဉ်ပြိုင်သွားခဲ့တာပါ။

ဒီသီချင်းဟာ မှုန်ရွှေရည်ရုပ်ရှင်ကားထဲက နာမည်ကြီးသရုပ်ဆောင်အဆိုတော် ဝင်းဦးရဲ့ လူသိများထင်ရှားတဲ့ သီချင်းတပုဒ်ဖြစ်ပြီး အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုခဲ့ကြတဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။

အေးမြဖြူရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ သူ့ရဲ့ကိုယ်ပိုင်ဟန်၊ စတိုင်နဲ့အတူ တကယ့်ကို သီချင်းတပုဒ်လုံး အပိုအလိုမရှိ ကြွနေခဲ့တာကို ခံစားနားဆင်ကြရမှာပါ။

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ လက်ရှိမှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အသက် အငယ်ဆုံးပြိုင်ပွဲဝင် ဖြစ်လာခဲ့ပါတယ်။

အေးမြဖြူဟာ Myanmar Idol ရဲ့ Audition အဆင့်မှာလည်း နီနီခင်ဇော်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ‘ရက်စက်သွားသူ’ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရတဲ့ ပထမသီတင်းပတ်မှာတော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အေးမြဖြူက နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’ သီချင်းနဲ့ အစွမ်းပြယှဉ်ပြိုင်ခဲ့တာပါ။

ရော့ခ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ နောက်တပတ်မှာတော့ သူက သရုပ် ဆောင်အဆိုတော် မင်းသားကြီး ကျော်ဟိန်း သီဆိုအောင်မြင်ခဲ့တဲ့ ‘မြင်သောငိုသော မျက် လုံးများသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တက္ကသိုလ်သီချင်းတွေနဲ့ သီတင်းပတ်မှာတော့ ဝါရင့်တေးသံရှင် သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းက ငွေလမင်း’ သီချင်းနဲ့ မြန်မာသံကို ပိုင်ပိုင်နိုင်နိုင်သီဆို အစွမ်းပြခဲ့တာ ဖြစ်ပါတယ်။

ကန်းထရီးသီချင်းတွေနဲ့ ညမှာတော့ အေးမြဖြူက တချိန်က နာမည်ကြီး အမျိုးသ မီးတေးသံရှင်တဦးဖြစ်တဲ့ တင့်တင့်ထွန်းရဲ့ တောက်ပခဲ့တဲ့ နေ့ရက်များ’ သီချင်း၊ စိုးလွင် လွင်အမှတ်တရသီချင်းတွေနဲ့ သီတင်းပတ်မှာ ‘ချစ်သူစိတ်ကူး’သီချင်း၊

ဟေမာန်ဆောင်း သီချင်းတွေနဲ့ အမှတ်တရသီဆိုရတဲ့ ညမှာ တေးသံရှင် စိုင်းထီးဆိုင်သီဆိုအောင်မြင်ခဲ့တဲ့ ‘ဒီဆောင်းတည’ သီချင်း၊ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့ညမှာ နီနီခင်ဇော်ရဲ့ ‘အဆင်ပြေပါတယ်’ သီချင်းတွေနဲ့ တဆင့်ပြီးတဆင့် တက်လှမ်းနိုင်ခဲ့တာပါ။

ခုတပတ်ရဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတွေနဲ့ညဟာလည်း အေးမြဖြူရဲ့ညလို့ ဆိုရ လောက်အောင် ကောင်းမွန်သေသပ်တဲ့ သီဆိုယှဉ်ပြိုင်မှုတွေနဲ့ ရှိနေခဲ့ပြီး စိတ်ခွန်အား ဖြစ်စေသော သီချင်းတွေနဲ့ ယှဉ်ပြိုင်မှုမှာလည်း ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေသီချင်းနဲ့ ထပ်ပြီးတော့ အစွမ်းပြနိုင်ခဲ့တာပါ။

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ အဆုံးအဖြတ်ပေးမယ့် အခုညရဲ့ Result Show မှာတော့ ပြိုင်ပွဲဝင် Top finalists ၅ ယောက်ထဲက ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြ နှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

DVB TV News

သီတင္းတပတ္ထက္တပတ္ ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္လာခဲ့တဲ့ ျမန္မာအိုင္ေဒါသီ ခ်င္းဆိုၿပိဳင္ပြဲဟာ ခုတပတ္မွာဆိုရင္ေတာ့ ၈ ပတ္ေျမာက္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါ တယ္။

ခုတပတ္မွာေတာ့ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္းေတြနဲ႔ စိတ္ခြန္အားျဖစ္ေစေသာ သီခ်င္းေတြနဲ႔ Top Finalists ၄ ေယာက္ျဖစ္ၾကတဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္၊ မူးလာ၊ ေအးျမျဖဴ၊ ဘင္ဂ်မင္ဆုန္းတို႔နဲ႔အတူ Wild Card နဲ႔ ျပန္လည္ေရာက္ရွိလာခဲ့သူ တန္ခြန္ေက်ာ္တို႔က အစြမ္းျပယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

ၿပိဳင္ပြဲဝင္တဉီးျဖစ္တဲ့ ေအးျမျဖဴကေတာ့ ျမန္မာသံသီခ်င္းတပုဒ္ျဖစ္တဲ့ မ်က္ဝန္းလဲ့ ျပာျပာသီခ်င္းနဲ႔ အစြမ္းကုန္ ယွဥ္ၿပိဳင္သြားခဲ့တာပါ။

ဒီသီခ်င္းဟာ မႈန္ေ႐ႊရည္႐ုပ္ရွင္ကားထဲက နာမည္ႀကီးသ႐ုပ္ေဆာင္အဆိုေတာ္ ဝင္းဦးရဲ႕ လူသိမ်ားထင္ရွားတဲ့ သီခ်င္းတပုဒ္ျဖစ္ၿပီး အဆိုေတာ္ေပါင္းမ်ားစြာက ျပန္လည္သီဆိုခဲ့ၾကတဲ့ သီခ်င္းတပုဒ္လည္း ျဖစ္ပါတယ္။

ေအးျမျဖဴရဲ႕ သီဆိုယွဥ္ၿပိဳင္မႈမွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ဟန္၊ စတိုင္နဲ႔အတူ တကယ့္ကို သီခ်င္းတပုဒ္လုံး အပိုအလိုမရွိ ႂကြေနခဲ့တာကို ခံစားနားဆင္ၾကရမွာပါ။

အသက္ ၉ ႏွစ္အ႐ြယ္ေလာက္ကတည္းက Starlet’s Sky – ၾကယ္ကေလးေတြရဲ႕ ဂီတမိုးေကာင္းကင္သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ Myanmar Idol ရဲ႕ စင္ျမင့္ဆီကို တက္လွမ္း လာခဲ့တဲ့ ေအးျမျဖဴဟာ လက္ရွိမွာေတာ့ အသက္ ၁၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ကာ အသက္ အငယ္ဆုံးၿပိဳင္ပြဲဝင္ ျဖစ္လာခဲ့ပါတယ္။

ေအးျမျဖဴဟာ Myanmar Idol ရဲ႕ Audition အဆင့္မွာလည္း နီနီခင္ေဇာ္ရဲ႕ သီခ်င္းတပုဒ္ျဖစ္တဲ့ ‘ရက္စက္သြားသူ’ သီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့တာပါ။

Top Finalists ၁၁ ေယာက္ အၿပိဳင္ႀကဲယွဥ္ၿပိဳင္ၾကရတဲ့ ပထမသီတင္းပတ္မွာေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ သူတို႔ႀကိဳက္ႏွစ္သက္ရာသီခ်င္းေတြနဲ႔ အစြမ္းကုန္ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး ေအးျမျဖဴက နီနီခင္ေဇာ္ရဲ႕ ‘လြမ္းခြင့္ေလး’ သီခ်င္းနဲ႔ အစြမ္းျပယွဥ္ၿပိဳင္ခဲ့တာပါ။

ေရာ့ခ္သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတဲ့ ေနာက္တပတ္မွာေတာ့ သူက သ႐ုပ္ ေဆာင္အဆိုေတာ္ မင္းသားႀကီး ေက်ာ္ဟိန္း သီဆိုေအာင္ျမင္ခဲ့တဲ့ ‘ျမင္ေသာငိုေသာ မ်က္ လုံးမ်ားသီခ်င္းနဲ႔ ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပီးခဲ့တဲ့ တကၠသိုလ္သီခ်င္းေတြနဲ႔ သီတင္းပတ္မွာေတာ့ ဝါရင့္ေတးသံရွင္ သ႐ုပ္ေဆာင္မင္းသမီးႀကီး ခ်ိဳၿပဳံးရဲ႕ ‘တကၠသိုလ္ေက်ာင္းက ေငြလမင္း’ သီခ်င္းနဲ႔ ျမန္မာသံကို ပိုင္ပိုင္ႏိုင္ႏိုင္သီဆို အစြမ္းျပခဲ့တာ ျဖစ္ပါတယ္။

ကန္းထရီးသီခ်င္းေတြနဲ႔ ညမွာေတာ့ ေအးျမျဖဴက တခ်ိန္က နာမည္ႀကီး အမ်ိဳးသ မီးေတးသံရွင္တဦးျဖစ္တဲ့ တင့္တင့္ထြန္းရဲ႕ ေတာက္ပခဲ့တဲ့ ေန႔ရက္မ်ား’ သီခ်င္း၊ စိုးလြင္ လြင္အမွတ္တရသီခ်င္းေတြနဲ႔ သီတင္းပတ္မွာ ‘ခ်စ္သူစိတ္ကူး’သီခ်င္း၊

ေဟမာန္ေဆာင္း သီခ်င္းေတြနဲ႔ အမွတ္တရသီဆိုရတဲ့ ညမွာ ေတးသံရွင္ စိုင္းထီးဆိုင္သီဆိုေအာင္ျမင္ခဲ့တဲ့ ‘ဒီေဆာင္းတည’ သီခ်င္း၊ ထင္ရွားေက်ာ္ၾကား ေတးသီခ်င္းေတြနဲ႔ညမွာ နီနီခင္ေဇာ္ရဲ႕ ‘အဆင္ေျပပါတယ္’ သီခ်င္းေတြနဲ႔ တဆင့္ၿပီးတဆင့္ တက္လွမ္းႏိုင္ခဲ့တာပါ။

ခုတပတ္ရဲ႕ ႐ုပ္ရွင္ဇာတ္ဝင္သီခ်င္းေတြနဲ႔ညဟာလည္း ေအးျမျဖဴရဲ႕ညလို႔ ဆိုရ ေလာက္ေအာင္ ေကာင္းမြန္ေသသပ္တဲ့ သီဆိုယွဥ္ၿပိဳင္မႈေတြနဲ႔ ရွိေနခဲ့ၿပီး စိတ္ခြန္အား ျဖစ္ေစေသာ သီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္မႈမွာလည္း ေဇာ္ဝင္းထြဋ္ရဲ႕ ေကာင္းကင္ေမေမသီခ်င္းနဲ႔ ထပ္ၿပီးေတာ့ အစြမ္းျပႏိုင္ခဲ့တာပါ။

ပရိသတ္ေတြရဲ႕ မဲေပးေ႐ြးခ်ယ္မႈနဲ႔ အဆုံးအျဖတ္ေပးမယ့္ အခုညရဲ႕ Result Show မွာေတာ့ ၿပိဳင္ပြဲဝင္ Top finalists ၅ ေယာက္ထဲက ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ ဆက္လက္ၿပီးေတာ့ တက္လွမ္းသြားႏိုင္မလဲ၊ သူတို႔ထဲက ဘယ္သူက ၿပိဳင္ပြဲကေန လက္ျပ ႏႈတ္ဆက္သြားရမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါတယ္။

DVB TV News