မြန်မာအိုင်ဒေါ စင်မြင့်ထက်ကို Wild Card နဲ့ ဘယ်သူ ပြန်ရောက်လာမလဲ (ရုပ်သံ)

158

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိခဲ့ကြတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကို ကျင်းပခဲ့တာ ခုတပတ်မှာတော့ သီတင်းပတ် ၈ ပတ်မြောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုလာမယ့် ပြိုင်ပွဲမှာတော့ Top Finalists ၄ ယောက်ဖြစ်ကြတဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာ၊ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုန်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ကြရတော့မှာဖြစ်ကာ Wild Card နဲ့ မြန်မာအိုင်ဒေါ စင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာမယ့် ပြိုင်ပွဲဝင်က ဘယ်သူဖြစ်မလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ စိတ်ကြိုက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ ပထမဆုံး သီတင်းပတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က ပထမဆုံး နှုတ်ဆက် အိမ်ပြန်ခဲ့ရတာပါ။

ဒုတိယမြောက် သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်တဲ့ညမှာတော့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ဒိုင်တွေက Save လုပ်ပြီး ပြန်လည်ရွေးချယ်မှုနဲ့ နောက်တဆင့် ဆက်တက်ခဲ့တာမို့ တတိယသီတင်းပတ် တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ မဲအနည်းဆုံး ၂ ဦးဖြစ်တဲ့ နေလင်းကျော်နဲ့ နှင်းအိအိဝင်းတို့ ပြိုင်ပွဲက တဆင့်ဖြုတ်ချခဲ့ရတာပါ။

စတုတ္ထမြောက် ကန်းထရီး သီတင်းပတ်ကတော့ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ စိတ်လှုပ်ရှားစေခဲ့တဲ့ သီတင်းပတ် ဖြစ်ခဲ့ရပါတယ်။

တူညီတဲ့ အပြိုင်အဆိုင် ကြိုးစားမှုတွေကြားက ပြိုင်ပွဲဝင် ၈ ယောက်ထဲက Bottom 3 မှာ ထိုင်ခဲ့ရသူတွေဟာ အရင်သီတင်းပတ်တွေမှာ တခါမှ မထိုင်ခဲ့ဖူးသူတွေဖြစ်တဲ့ မြန်မာအိုင်ဒေါစတားတွေလို့တောင် တင်စားပြောဆိုကြရတဲ့ အေးမြဖြူ၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ တန်ခွန်ကျော်တို့ ဖြစ်နေခဲ့ကြတာပါ။

သူတို့ ၃ ယောက်ထဲက ပရိသတ် မဲပေးတဲ့ အရေအတွက် အနည်းဆုံး တယောက်ကတော့ တန်ခွန်ကျော် ဖြစ်ခဲ့တာမို့ သူ့ပရိသတ်တွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ခဲ့ရတာပါ။

ပဉ္စမမြောက် သီတင်းပတ်မှာတော့ စိုးလွင်လွင် သီချင်းတွေနဲ့ ပြိုင်ပွဲဝင် ၇ ယောက်က အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ တဦးကတော့ သေချာပေါက် ထွက်ခွာရဖို့ ဖြစ်လာချိန်မှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံးဖြစ်တဲ့ ထက်အဉ္ဇလီက နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဆဋ္ဌမမြောက် သီတင်းပတ်အဖြစ် ပြိုင်ပွဲဝင် ၆ ယောက်ရဲ့ ဟေမာန်ဆောင်းသီချင်းတွေနဲ့ Result Show ညမှာတော့ ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ၃ ယောက်အဖြစ် နာမည်ကြီးပြိုင်ပွဲဝင် အက်စတာ၊ ယောကီးနဲ့ နော်စေးစေးထူးတို့ ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ နော်စေးစေးထူးက နှုတ်ဆက်အိမ်ပြန်ခဲ့ရသူ ဖြစ်သွားခဲ့တာပါ။

သတ္တမမြောက်သီတင်းပတ်ရဲ့ ရော့ခ်သီချင်းတွေနဲ့ ညမှာတော့ Bottom 3 မှာ တိုက်ဆိုင်စွာပဲ ချင်းတိုင်းရင်းသား ပြိုင်ပွဲဝင် ၃ ယောက်ဖြစ်ကြတဲ့ ဘင်ဂျမင်ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ ယောကီးတို့ ထိုင်ခဲ့ကြပြီး နောက်ထပ် ထူးခြားတာကတော့ ဘင်ဂျမင်ဟာ Bottom 3 မှာ ပထမဆုံး ထိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပထမဆုံး နောက်တဆင့် တက်ရောက်သွားခဲ့သူကို ကြေညာရာမှာတော့ ဘင်ဂျမင်က Top 4 အဆင့်ကို ပါသွားခဲ့ပြီး နောက်တယောက်ကို ထပ်မံကြေညာ ရာမှာတော့ အက်စတာက တက်ရောက်သွားခဲ့တာမို့ ယောကီးက နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ် အမှတ်ပေးနေကြတာ ဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

မကြာခင်ရောက်လာတော့မယ့် Wild Card အသုံးပြု ပြန်လည်ခေါ်ယူမှုမှာတော့ နှုတ်ဆက်ထွက်ခွာခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်၊ နေလင်းကျော်၊ နှင်းအိအိဝင်း၊ တန်ခွန်ကျော်၊ ထက်အဉ္ဇလီ၊ နော်စေးစေးထူးနဲ့ ယောကီးတို့ထဲက ဘယ်သူက ပြန်လည် ဖျော်ဖြေယှဉ်ပြိုင်ခွင့် ရရှိသွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါ တယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလားထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။

အခုနှစ်ရဲ့ Season 4 မှာရော ဘယ်သူတွေက Winner ဆုကို ရရှိသွားမလဲ၊ နိုင်ငံအနှံ့က ဘယ်လိုရွက်ပုန်းသီး အနုပညာရှင်တွေ ထွက်ပေါ်လာဦးမလဲ ဆိုတာကိုတော့ အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

DVB TV News

ၿပိဳင္ဆိုင္မႈ ျပင္းထန္ၿပီး အႀကိတ္အနယ္ရွိခဲ့ၾကတဲ့ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲကို က်င္းပခဲ့တာ ခုတပတ္မွာေတာ့ သီတင္းပတ္ ၈ ပတ္ေျမာက္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ခုလာမယ့္ ၿပိဳင္ပြဲမွာေတာ့ Top Finalists ၄ ေယာက္ျဖစ္ၾကတဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္၊ မူးလာ၊ ေအးျမျဖဴနဲ႔ ဘင္ဂ်မင္ဆုန္းတို႔က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၾကရေတာ့မွာျဖစ္ကာ Wild Card နဲ႔ ျမန္မာအိုင္ေဒါ စင္ျမင့္ထက္ကို ျပန္လည္ေရာက္ရွိလာမယ့္ ၿပိဳင္ပြဲဝင္က ဘယ္သူျဖစ္မလဲ ဆိုတာကိုလည္း ပရိသတ္ေတြက စိတ္ဝင္စားေနခဲ့ၾကပါတယ္။

ၿပိဳင္ပြဲဝင္ေတြရဲ႕ စိတ္ႀကိဳက္သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတဲ့ ပထမဆုံး သီတင္းပတ္ Performance Show မွာေတာ့ ၿပိဳင္ပြဲဝင္ေတြထဲက တဦးျဖစ္တဲ့ အလွမယ္ ျခဴးစစ္ဟန္က ပထမဆုံး ႏႈတ္ဆက္ အိမ္ျပန္ခဲ့ရတာပါ။

ဒုတိယေျမာက္ သီတင္းပတ္ရဲ႕ ေရာ့ခ္သီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္တဲ့ညမွာေတာ့ ေနာ္ေစးေစးထူးက ပရိသတ္ေပးတဲ့ မဲအနည္းဆုံးနဲ႔ ၿပိဳင္ပြဲက ႏႈတ္ဆက္ထြက္ခြာရဖို႔ ျဖစ္လာခ်ိန္မွာေတာ့ ဒိုင္ေတြက Save လုပ္ၿပီး ျပန္လည္ေ႐ြးခ်ယ္မႈနဲ႔ ေနာက္တဆင့္ ဆက္တက္ခဲ့တာမို႔ တတိယသီတင္းပတ္ တကၠသိုလ္အမွတ္တရ သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္မႈမွာေတာ့ မဲအနည္းဆုံး ၂ ဦးျဖစ္တဲ့ ေနလင္းေက်ာ္နဲ႔ ႏွင္းအိအိဝင္းတို႔ ၿပိဳင္ပြဲက တဆင့္ျဖဳတ္ခ်ခဲ့ရတာပါ။

စတုတၳေျမာက္ ကန္းထရီး သီတင္းပတ္ကေတာ့ ပရိသတ္ေတြကိုေရာ ဒိုင္ေတြကိုပါ စိတ္လႈပ္ရွားေစခဲ့တဲ့ သီတင္းပတ္ ျဖစ္ခဲ့ရပါတယ္။

တူညီတဲ့ အၿပိဳင္အဆိုင္ ႀကိဳးစားမႈေတြၾကားက ၿပိဳင္ပြဲဝင္ ၈ ေယာက္ထဲက Bottom 3 မွာ ထိုင္ခဲ့ရသူေတြဟာ အရင္သီတင္းပတ္ေတြမွာ တခါမွ မထိုင္ခဲ့ဖူးသူေတြျဖစ္တဲ့ ျမန္မာအိုင္ေဒါစတားေတြလို႔ေတာင္ တင္စားေျပာဆိုၾကရတဲ့ ေအးျမျဖဴ၊ အက္စတာေဒါ့သ္ခ်င္းဆုန္နဲ႔ တန္ခြန္ေက်ာ္တို႔ ျဖစ္ေနခဲ့ၾကတာပါ။

သူတို႔ ၃ ေယာက္ထဲက ပရိသတ္ မဲေပးတဲ့ အေရအတြက္ အနည္းဆုံး တေယာက္ကေတာ့ တန္ခြန္ေက်ာ္ ျဖစ္ခဲ့တာမို႔ သူ႔ပရိသတ္ေတြအတြက္ေတာ့ ဝမ္းနည္းစရာ ျဖစ္ခဲ့ရတာပါ။

ပၪၥမေျမာက္ သီတင္းပတ္မွာေတာ့ စိုးလြင္လြင္ သီခ်င္းေတြနဲ႔ ၿပိဳင္ပြဲဝင္ ၇ ေယာက္က အသီးသီး ယွဥ္ၿပိဳင္ခဲ့ၾကၿပီး Result Show ညမွာေတာ့ တဦးကေတာ့ ေသခ်ာေပါက္ ထြက္ခြာရဖို႔ ျဖစ္လာခ်ိန္မွာေတာ့ ပရိသတ္ေပးတဲ့ မဲအနည္းဆုံးျဖစ္တဲ့ ထက္အၪၨလီက ႏႈတ္ဆက္အိမ္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

ဆ႒မေျမာက္ သီတင္းပတ္အျဖစ္ ၿပိဳင္ပြဲဝင္ ၆ ေယာက္ရဲ႕ ေဟမာန္ေဆာင္းသီခ်င္းေတြနဲ႔ Result Show ညမွာေတာ့ ပရိသတ္ေပးတဲ့ မဲအနည္းဆုံး ၃ ေယာက္အျဖစ္ နာမည္ႀကီးၿပိဳင္ပြဲဝင္ အက္စတာ၊ ေယာကီးနဲ႔ ေနာ္ေစးေစးထူးတို႔ ထြက္ေပၚလာခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေနာ္ေစးေစးထူးက ႏႈတ္ဆက္အိမ္ျပန္ခဲ့ရသူ ျဖစ္သြားခဲ့တာပါ။

သတၱမေျမာက္သီတင္းပတ္ရဲ႕ ေရာ့ခ္သီခ်င္းေတြနဲ႔ ညမွာေတာ့ Bottom 3 မွာ တိုက္ဆိုင္စြာပဲ ခ်င္းတိုင္းရင္းသား ၿပိဳင္ပြဲဝင္ ၃ ေယာက္ျဖစ္ၾကတဲ့ ဘင္ဂ်မင္ဆုန္း၊ အက္စတာေဒါ့သ္ခ်င္းဆုန္နဲ႔ ေယာကီးတို႔ ထိုင္ခဲ့ၾကၿပီး ေနာက္ထပ္ ထူးျခားတာကေတာ့ ဘင္ဂ်မင္ဟာ Bottom 3 မွာ ပထမဆုံး ထိုင္ခဲ့ရတာလည္း ျဖစ္ပါတယ္။

အဲဒီေနာက္ ပထမဆုံး ေနာက္တဆင့္ တက္ေရာက္သြားခဲ့သူကို ေၾကညာရာမွာေတာ့ ဘင္ဂ်မင္က Top 4 အဆင့္ကို ပါသြားခဲ့ၿပီး ေနာက္တေယာက္ကို ထပ္မံေၾကညာ ရာမွာေတာ့ အက္စတာက တက္ေရာက္သြားခဲ့တာမို႔ ေယာကီးက ႏႈတ္ဆက္အိမ္ျပန္ခဲ့ရၿပီ ျဖစ္ပါတယ္။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္ အမွတ္ေပးေနၾကတာ ျဖစ္ၿပီး Host အေနနဲ႔ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္က တင္ဆက္ေပးေနတာပါ။

မၾကာခင္ေရာက္လာေတာ့မယ့္ Wild Card အသုံးျပဳ ျပန္လည္ေခၚယူမႈမွာေတာ့ ႏႈတ္ဆက္ထြက္ခြာခဲ့တဲ့ ၿပိဳင္ပြဲဝင္ေတြထဲက ျခဴးစစ္ဟန္၊ ေနလင္းေက်ာ္၊ ႏွင္းအိအိဝင္း၊ တန္ခြန္ေက်ာ္၊ ထက္အၪၨလီ၊ ေနာ္ေစးေစးထူးနဲ႔ ေယာကီးတို႔ထဲက ဘယ္သူက ျပန္လည္ ေဖ်ာ္ေျဖယွဥ္ၿပိဳင္ခြင့္ ရရွိသြားမလဲဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါ တယ္။

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကိုေတာ့ ျမန္မာႏိုင္ငံမွာ ေ႐ႊသံလြင္ကုမၸဏီက စီစဥ္ၿပီး ၂၀၁၆ ခုႏွစ္မွာ Season 1 အျဖစ္ က်င္းပခဲ့ကာ Winner ဆုကိုေတာ့ ေစာလားေထာ္ဝါးက ရရွိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ရဲ႕ Myanmar Idol Season 2 မွာေတာ့ Winner ဆုရွင္အျဖစ္ သားငယ္က ရရွိခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ရဲ႕ Myanmar Idol Season 3 ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲကေတာ့ ပရိသတ္ေတြၾကား လႈပ္ခတ္ေစခဲ့တဲ့ ၿပိဳင္ပြဲတခု ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ၾကတဲ့ ၿဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ကို အားေပးတဲ့ ပရိသတ္ေတြအခ်င္းခ်င္းၾကားမွာ အၿပိဳင္အဆိုင္ အႀကိတ္အနယ္ ရွိေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့ ၿပိဳင္ပြဲေနာက္ဆုံးေန႔မွာေတာ့ က်န္းမာေရးေၾကာင့္ ခ်မ္းေျမ့ေမာင္ခ်ိဳက ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ဘဲ Winner ဆုကို ၿဖိဳးျမတ္ေအာင္က ရရွိသြားခဲ့ပါတယ္။

အခုႏွစ္ရဲ႕ Season 4 မွာေရာ ဘယ္သူေတြက Winner ဆုကို ရရွိသြားမလဲ၊ ႏိုင္ငံအႏွံ႔က ဘယ္လို႐ြက္ပုန္းသီး အႏုပညာရွင္ေတြ ထြက္ေပၚလာဦးမလဲ ဆိုတာကိုေတာ့ အပတ္စဥ္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔တိုင္း ေစာင့္ေမွ်ာ္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

DVB TV News