ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် အသင်းကြီးများ ထိပ်တိုက်တွေ့ဆုံ

147

၂၀၁၉-၂၀၂၀ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေအတွက် ဒီဇင်ဘာလ ၁၆ ရက်ညပိုင်းက ဆွစ်ဇာလန်နိုင်ငံ နိုင်ရွန်မြို့မှာ မဲခွဲရာမှာ အသင်းကြီးတချို့ ထိပ်တိုက်တွေ့ဆုံ နေတရာကြောင့် ပြိုင်ပွဲကို ဇာတ်ရှိန်မြှင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အစောပိုင်း မဲခွဲဆုံးဖြတ်ချက်တွေအရ ဂျာမန်ကလပ် ဒေါ့မွန်က ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနဲ့ ကစားရမှာ ဖြစ်ပါတယ်။‌ ဒေါ့မွန်အတွက် ခက်ခဲ‌နိုင်ပေမယ့် ချန်ပီယံလိဂ်မှာ ဂျာမန်ကလပ်တွေရဲ့ အတွေ့အကြုံပိုင်းနဲ့ ကစားပုံ မာကျောမှုကိုတော့ ပြင်သစ်ကလပ်အနေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

နောက်ထပ် မဲရလဒ်ထွက်ပေါ်မှုအရ မန်စီးတီးနဲ့ ရီးရဲလ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးတော့ ဒီအဆင့်အတွက် အကောင်းဆုံးပွဲစဉ် ဖြစ်လာမှာပါ။

ကျန်ရှိတဲ့ အင်္ဂလန်ကလပ်အသင်း ၃ သင်းမှာတော့ လီဗာပူးဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ တွေ့ဆုံနေခဲ့လို့ ပွဲကြပ်တယ်လို့ ပြောနိုင်ပြီး ချဲလ်ဆီးကလည်း ‌ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။

စပါးကတော့ ၁၆ သင်းအဆင့် ပွဲစဉ်တွေထဲမှာ အချောင်ဆုံးပွဲစဉ်အဖြစ် ဂျာမန်ကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ကျန်ပွဲ‌တွေအဖြစ် ဘာစီလိုနာက နာပိုလီ၊ ဂျူဗင်တပ်စ်က လိုင်ယွန်နဲ့ တွေ့ဆုံနေခဲ့လို့ နောက်တဆင့်တက်ရေး အခြေအနေကောင်းနေတယ်လို့ ဆိုရမှာပါ။

ဗလင်စီယာနဲ့ အက်တလန်တာ ပွဲစဉ်ကတော့ ပရိသတ် စိတ်ဝင်စားမှုအနည်းဆုံး ပွဲစဉ် ဖြစ်လာနိုင်ပြီး‌တော့ လာမယ့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်နဲ့ မတ်လ ၁၁ ရက်တို့မှာ ကစားရမှာ ဖြစ်ပါတယ်။

DVB TV News

၂၀၁၉-၂၀၂၀ ဥေရာပ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ေတြအတြက္ ဒီဇင္ဘာလ ၁၆ ရက္ညပိုင္းက ဆြစ္ဇာလန္ႏိုင္ငံ ႏိုင္႐ြန္ၿမိဳ႕မွာ မဲခြဲရာမွာ အသင္းႀကီးတခ်ိဳ႕ ထိပ္တိုက္ေတြ႕ဆုံ ေနတရာေၾကာင့္ ၿပိဳင္ပြဲကို ဇာတ္ရွိန္ျမႇင့္ေပးလိုက္ၿပီ ျဖစ္ပါတယ္။

အေစာပိုင္း မဲခြဲဆုံးျဖတ္ခ်က္ေတြအရ ဂ်ာမန္ကလပ္ ေဒါ့မြန္က ျပင္သစ္ထိပ္သီး ပီအက္စ္ဂ်ီနဲ႔ ကစားရမွာ ျဖစ္ပါတယ္။‌ ေဒါ့မြန္အတြက္ ခက္ခဲ‌ႏိုင္ေပမယ့္ ခ်န္ပီယံလိဂ္မွာ ဂ်ာမန္ကလပ္ေတြရဲ႕ အေတြ႕အႀကဳံပိုင္းနဲ႔ ကစားပုံ မာေက်ာမႈကိုေတာ့ ျပင္သစ္ကလပ္အေနနဲ႔ ခက္ခက္ခဲခဲ ရင္ဆိုင္ရဖို႔ရွိေနပါတယ္။

ေနာက္ထပ္ မဲရလဒ္ထြက္ေပၚမႈအရ မန္စီးတီးနဲ႔ ရီးရဲလ္တို႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီးေတာ့ ဒီအဆင့္အတြက္ အေကာင္းဆုံးပြဲစဥ္ ျဖစ္လာမွာပါ။

က်န္ရွိတဲ့ အဂၤလန္ကလပ္အသင္း ၃ သင္းမွာေတာ့ လီဗာပူးဟာ စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ေတြ႕ဆုံေနခဲ့လို႔ ပြဲၾကပ္တယ္လို႔ ေျပာႏိုင္ၿပီး ခ်ဲလ္ဆီးကလည္း ‌ဂ်ာမန္ဘီလူး ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံေနခဲ့တာ ျဖစ္ပါတယ္။

စပါးကေတာ့ ၁၆ သင္းအဆင့္ ပြဲစဥ္ေတြထဲမွာ အေခ်ာင္ဆုံးပြဲစဥ္အျဖစ္ ဂ်ာမန္ကလပ္ ရက္ဘူးလ္ လိုက္ပ္ဇစ္အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။

က်န္ပြဲ‌ေတြအျဖစ္ ဘာစီလိုနာက နာပိုလီ၊ ဂ်ဴဗင္တပ္စ္က လိုင္ယြန္နဲ႔ ေတြ႕ဆုံေနခဲ့လို႔ ေနာက္တဆင့္တက္ေရး အေျခအေနေကာင္းေနတယ္လို႔ ဆိုရမွာပါ။

ဗလင္စီယာနဲ႔ အက္တလန္တာ ပြဲစဥ္ကေတာ့ ပရိသတ္ စိတ္ဝင္စားမႈအနည္းဆုံး ပြဲစဥ္ ျဖစ္လာႏိုင္ၿပီး‌ေတာ့ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီ ၁၉ ရက္နဲ႔ မတ္လ ၁၁ ရက္တို႔မွာ ကစားရမွာ ျဖစ္ပါတယ္။

DVB TV News