ပရီးမီးယားလိဂ်ဖလားလုပွဲ ပြီးဆုံးသွားပြီဟု ဂျိုကိုးလ် သုံးသပ်

122

လီဗာပူးအသင်း ချန်ပီယံဆုဖလားရဖို့ သေချာသွားပြီလို့ အင်္ဂလန်ကစာသမားဟောင်း ဂျိုကိုးလ်က သုံးသပ်ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်သူ ဂျိုကိုးလ်ဟာ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်နဲ့အတူ လီဗာပူးနဲ့ ဝက်ဖို့ဒ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ကို BT Sports ရုပ်သံကနေ အတူတကွသုံးသပ်ရင်း ပြောကြားခဲ့တာပါ။

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းက ခြေစွမ်းအကောင်းဆုံးပုံစံ မရခဲ့ပေမယ့် ဆာလက်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။

ဆုဖလားလုပွဲက ပြီးဆုံးသွားပြီလို့ ထင်ပြီး ဒီနှစ်အတွက် ဆုဖလားက ဘယ်လိုပဲဖြစ်နေနေ အန်ဖီးလ်ကွင်းဆီ ရောက်တော့မှာလို့ ဂျိုကိုးလ်က ဆိုပါတယ်။

ချန်ပီယံဖြစ်ချင်တဲ့ အသင်းတသင်းအနေနဲ့ ခြေစွမ်းကောင်း မပြသနိုင်ခဲ့တဲ့ ပွဲတွေမှာလည်း အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်ပြီး လီဗာပူးက အဲဒီလိုစရိုက်လက္ခဏာ ပိုင်ဆိုင်ထားတယ်လို့ ဂျိုကိုးလ်က သုံးသပ်ပါတယ်။

ပီတာခရော့ချ်ကလည်း ဂျိုကိုးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး မန်ယူအသင်းဟာလည်း အရင်က အဲဒီလို စရိုက်လက္ခဏာမျိုး ပိုင်ဆိုင်ခဲ့ဖူးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

DVB TV News

လီဗာပူးအသင္း ခ်န္ပီယံဆုဖလားရဖို႔ ေသခ်ာသြားၿပီလို႔ အဂၤလန္ကစာသမားေဟာင္း ဂ်ိဳကိုးလ္က သုံးသပ္ပါတယ္။

ခ်ဲလ္ဆီးကစားသမားေဟာင္းတဦးျဖစ္သူ ဂ်ိဳကိုးလ္ဟာ လီဗာပူး တိုက္စစ္မႉးေဟာင္း ပီတာခေရာ့ခ်္နဲ႔အတူ လီဗာပူးနဲ႔ ဝက္ဖို႔ဒ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္ကို BT Sports ႐ုပ္သံကေန အတူတကြသုံးသပ္ရင္း ေျပာၾကားခဲ့တာပါ။

အဲဒီပြဲစဥ္မွာ လီဗာပူးအသင္းက ေျခစြမ္းအေကာင္းဆုံးပုံစံ မရခဲ့ေပမယ့္ ဆာလက္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ အႏိုင္ ၃ မွတ္ ရယူႏိုင္ခဲ့ပါတယ္။

ဆုဖလားလုပြဲက ၿပီးဆုံးသြားၿပီလို႔ ထင္ၿပီး ဒီႏွစ္အတြက္ ဆုဖလားက ဘယ္လိုပဲျဖစ္ေနေန အန္ဖီးလ္ကြင္းဆီ ေရာက္ေတာ့မွာလို႔ ဂ်ိဳကိုးလ္က ဆိုပါတယ္။

ခ်န္ပီယံျဖစ္ခ်င္တဲ့ အသင္းတသင္းအေနနဲ႔ ေျခစြမ္းေကာင္း မျပသႏိုင္ခဲ့တဲ့ ပြဲေတြမွာလည္း အႏိုင္ရလဒ္ ရယူႏိုင္ဖို႔ လိုအပ္ၿပီး လီဗာပူးက အဲဒီလိုစ႐ိုက္လကၡဏာ ပိုင္ဆိုင္ထားတယ္လို႔ ဂ်ိဳကိုးလ္က သုံးသပ္ပါတယ္။

ပီတာခေရာ့ခ်္ကလည္း ဂ်ိဳကိုးလ္ရဲ႕ သုံးသပ္ခ်က္ကို ေထာက္ခံခဲ့ၿပီး မန္ယူအသင္းဟာလည္း အရင္က အဲဒီလို စ႐ိုက္လကၡဏာမ်ိဳး ပိုင္ဆိုင္ခဲ့ဖူးတယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

DVB TV News