တံတားဦးလေဆိပ်ကားပါကင်၌ ကားခိုးသွားသူ ၂ ဦးကို ဖမ်းမိ

176

မန္တလေးတိုင်း တံတားဦးမြို့နယ် လေဆိပ်ကားပါကင်မှာ ရပ်ထားတဲ့ ကားတစီးအား ခိုးယူသွားသူတွေကို ဖမ်းဆီးမိပြီလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက် ညနေ ၅ နာရီကျော်လောက်က တံတားဦးမြို့နယ်၊ မန္တလေး လေဆိပ်အတွင်းဖွင့်လှစ်ထားတဲ့ “888” လက်ဆောင်ပစ္စည်းဆိုင်၊ မန်နေဂျာ ဦးစိုးသူရနောင်ရဲ့ YGN 6D/×××× Mark II ယာဉ်အား လေဆိပ်ကားပါကင်မှာ ရပ်နားထားစဉ် ပျောက်ဆုံးသွားလို့ မန္တလေး၊ လေကြောင်းရဲတပ်ဖွဲ့ခွဲကို တိုင်ကြားထားတာပါ။

ကားပျောက်ဆုံးမှုကို ကျောက်ဆည် ခရိုင်ရဲတပ်ဖွဲ့နဲ့ စကားအင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိတ်ဆို့စုံစမ်းရှာဖွေရာ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပျော်ဘွယ်မြို့၊ မြို့ဝင်မောင်းတံဂိတ်မှာ ပျော်ဘွယ် မြို့မရဲစခန်းမှူးဦး စီးတဲ့ ပူးပေါင်းအဖွဲ့က ဇာနည်အောင်အပါအဝင် ၂ ဦး (ကျား ၁၊ မ ၁) တို့အား အဆိုပါယာဉ်နဲ့ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇာနည်အောင်ပါ ၂ ဦး (ဖမ်းမိ)အား တံတားဦးလေဆိပ်နယ်မြေရဲစခန်းက (ပ)၅၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ခိုးမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB TV News

မႏၲေလးတိုင္း တံတားဦးၿမိဳ႕နယ္ ေလဆိပ္ကားပါကင္မွာ ရပ္ထားတဲ့ ကားတစီးအား ခိုးယူသြားသူေတြကို ဖမ္းဆီးမိၿပီလို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ဒီဇင္ဘာလ ၁၃ ရက္ ညေန ၅ နာရီေက်ာ္ေလာက္က တံတားဦးၿမိဳ႕နယ္၊ မႏၲေလး ေလဆိပ္အတြင္းဖြင့္လွစ္ထားတဲ့ “888” လက္ေဆာင္ပစၥည္းဆိုင္၊ မန္ေနဂ်ာ ဦးစိုးသူရေနာင္ရဲ႕ YGN 6D/×××× Mark II ယာဥ္အား ေလဆိပ္ကားပါကင္မွာ ရပ္နားထားစဥ္ ေပ်ာက္ဆုံးသြားလို႔ မႏၲေလး၊ ေလေၾကာင္းရဲတပ္ဖြဲ႕ခြဲကို တိုင္ၾကားထားတာပါ။

ကားေပ်ာက္ဆုံးမႈကို ေက်ာက္ဆည္ ခ႐ိုင္ရဲတပ္ဖြဲ႕နဲ႔ စကားအင္းအျမန္လမ္းမႀကီးရဲတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး ပိတ္ဆို႔စုံစမ္းရွာေဖြရာ ဒီဇင္ဘာ ၁၃ ရက္ေန႔ ည ၈ နာရီခြဲေလာက္ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕၊ ၿမိဳ႕ဝင္ေမာင္းတံဂိတ္မွာ ေပ်ာ္ဘြယ္ ၿမိဳ႕မရဲစခန္းမႉးဦး စီးတဲ့ ပူးေပါင္းအဖြဲ႕က ဇာနည္ေအာင္အပါအဝင္ ၂ ဦး (က်ား ၁၊ မ ၁) တို႔အား အဆိုပါယာဥ္နဲ႔ ဖမ္းဆီးမိခဲ့တာလို႔ ဆိုပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဇာနည္ေအာင္ပါ ၂ ဦး (ဖမ္းမိ)အား တံတားဦးေလဆိပ္နယ္ေျမရဲစခန္းက (ပ)၅၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉ (ခိုးမႈ) နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

DVB TV News