စားသောက်ဆိုင်ထဲကို သေနတ် ပစ်ခတ် လူများစွာ ထွက်ပြေး (ရုပ်သံ)

124













Georgia နိုင်ငံ၊ Georgia မြို့၊ Cumberland Mall က စာသောက်ဆိုင်ထဲကို သေနတ် ပစ်ခတ်ခဲ့ကြလို့ ဈေးဝယ်သူ လူတွေ များစွာ ထွက်ပြေးခဲ့ရပြီး လူ (၁) ဦးကတော့ သေနတ် မှတ်ခဲ့ပါတယ်။

သေနတ် အပစ်ခံရတဲ့ အချိန်မှာ လူ တစ်ဦးက ဗီဒီယို ရိုက်ကူးပြီး၊ စားသောက်ဆိုင်ထဲမှာ လူတွေ ထွက်ပြေးနေကြရတဲ့ မြင်ကွင်း နဲ့ အော်ဟစ်နေကြတဲ့ မြင်ကွင်းကို ရှင်းလင်းစွာ မြင်ရပါတယ်။

ရတပ်ဖွဲ့က အချင်းချင်း သိကြတဲ့ လူ နှစ်ဦးဟာ စားသောက်ဆိုင် အပြင်ဘက်မှာ ရန်ဖြစ်ခဲ့ကြပြီး၊ သေနတ် အသုံးပြုတာကနေ စားသောက်ဆိုင်ထဲကို ပစ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

ဈေးဝယ်သူတွေဟာ အခင်း ဖြစ်ပွားရာ နေရာကို ရဲတွေ မရောက်လာမချင်း အချို့က ပုန်းခဲ့ကြပြီး အချို့က သူတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

(Image: amjammal /Instagram)

ထွက်ပြေးခဲ့ကြတဲ့သူတွေထဲက အမျိုးသမီးတစ်ဦးကတော့ အဝတ်လဲခန်းထဲကနေ အဝတ်မပါဘဲ ထွက်ပြေးခဲ့ရပြီး၊ အမျိုးသား တစ်ဦးကတော့ ထွက်ပြေးနေချိန်မှာ သေနတ် မှန်သွားခဲ့ရပါတယ်။

Cobb County ရဲအဖွဲ့က သေနတ် အပစ်ခံရတဲ့ အမျိုးသားဟာ ဆေးရုံမှာ ခွဲစိတ်မှု ခံယူသွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသက် မသေဆုံးဘဲ အသက်ရှင်ခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ မျက်မြင် တစ်ဦးက သေနတ် ပစ်ခတ်မှုဟာ စနေနေ့က နေ့လည် (၁း၃၀ – ဒေသစံတော်ချိန်) မှာ ဖြစ်ပွားခဲ့ပြီး ထိတ်လန့်စရာ ကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ စားသောက်ဆိုင်ထဲကို သေနတ် ပစ်တဲ့ သူ တရားခံကို မသိရသေးဘဲ ရဲအဖွဲ့က သေနတ် အသုံးပြုသူ တရားခံကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ Mirror သတင်းက ဖော်ပြပါတယ်။

Ko Khant ( D Nae Khit Media )