စာနဲ့ပုံတင်ပေးရုံနဲ့ လစာ တစ်နှစ် သိန်း (၇၅၀) ကျော်ပေးမယ့် အင်္ဂလန် ဘုရင်မကြီး

253

အဂၤလန္က ဘုရင္မႀကီး အယ္လီဇဘတ္ (၂) ကေတာ့ ပင္ကုိယ္ တီထြင္ဖန္တီးႏုိင္စြမ္းတဲ့ Social Media သမားကုိ ေခၚေနၿပီး လစာက တစ္ႏွစ္ကုိ ေဒၚလာ (၅) ေသာင္းေတာင္ ရမွာ ျဖစ္ပါတယ္။

Social Media သမား အေနနဲ႔ လုပ္ရမယ့္ အဓိက အရာကေတာ့ ဘုရင္ႀကီးရဲ႕ အေၾကာင္းေတြကုို တြစ္တာ၊ ေဖ့စ္ဘုတ္ နဲ႔ အင္စတာဂရမ္တုိ႔မွာ အခ်ိန္နဲ႔ တစ္ေျပးညီ တင္ေပးရမွာ ျဖစ္ပါတယ္။

Social Media သမား အေနနဲ႔ လုပ္ေဆာင္ရမဲ့ တာဝန္ေတြထဲမွာ ဗီဒီယာ အဖဲြ႔ကုိ ဦးေဆာင္ရတာ နဲ႔ နန္းေတာ္အတြင္း ျဖစ္ပ်က္တဲ့ အေၾကာင္းအရာေတြကုိ တင္ေပးရတာ ပါဝင္မွာပဲ ျဖစ္ပါတယ္။

(Picture: Getty Images)

Social Media သမားဟာ Head of Digital Engagment ရာထူးနဲ႔ အလုပ္လုပ္ရမွာ ျဖစ္ၿပီးေတာ့ အလုပ္ခ်ိန္က ပုံမွန္အတုိင္း တနလၤာေန႔ကေန ေသာၾကာေန႔အထိ အလုပ္ဆင္းရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ သူဟာ တစ္ပတ္မွာ (၃၇.၅) နာရီသာ အလုပ္လုပ္ရမွာ ျဖစ္သလုိ၊ လစာက တစ္ႏွစ္မွာပဲ အျမင့္ဆုံး ေဒၚလာ (၅) ေသာင္း၊ က်ပ္သိန္း (၇၅၀) ေက်ာ္ ရရွိႏုိင္မွာ ျဖစ္တယ္လုိ႔ သိရပါတယ္

အလုပ္ ေခၚစာမွာ ေရးထားတာက “သင့္ရဲ႕ စာေတြကုိ သန္းခ်ီတဲ့ လူေတြက ၾကည့္မယ္ ဆုိတာ သိမွာပါ”လုိ႔ ေရးထားၿပီး အလုပ္ရမယ္ဆုိရင္ အခြင့္အလမ္းေတြလည္း ပုိ ပြင့္သြားႏုိင္ပါတယ္။

(Picture: Getty Images)

လက္ရွိမွာ ေတာ္ဝင္ မိသားစုက တြစ္တာမွာ Follower (၄.၁) သန္း၊ အင္စတာဂရမ္မွာ Follower (၆.၉) သန္း နဲ႔ ေဖ့စ္ဘုတ္မွာ Follower (၄.၉) သန္းရိွတယ္လုိ႔ Metro သတင္းက ေဖာ္ျပပါတယ္။

ေတာ္ဝင္မိသားစုဝင္ေတြ ျဖစ္တဲ့ မင္းသား Prince Harry နဲ႔ ၾကင္ရာ Meghan Markle တုိ႔လည္း ကုိယ္ပုိင္ လူမႈကြန္ရက္ အေကာင့္ေတြ ရွိၾကၿပီး၊ ဘုရင္မႀကီးက သူ႔အတြက္ အလုပ္ေခၚတာပါတဲ့။

Ko Khant ( D Nae Khit Media )

အင်္ဂလန်က ဘုရင်မကြီး အယ်လီဇဘတ် (၂) ကတော့ ပင်ကိုယ် တီထွင်ဖန်တီးနိုင်စွမ်းတဲ့ Social Media သမားကို ခေါ်နေပြီး လစာက တစ်နှစ်ကို ဒေါ်လာ (၅) သောင်းတောင် ရမှာ ဖြစ်ပါတယ်။

Social Media သမား အနေနဲ့ လုပ်ရမယ့် အဓိက အရာကတော့ ဘုရင်ကြီးရဲ့ အကြောင်းတွေကို တွစ်တာ၊ ဖေ့စ်ဘုတ် နဲ့ အင်စတာဂရမ်တို့မှာ အချိန်နဲ့ တစ်ပြေးညီ တင်ပေးရမှာ ဖြစ်ပါတယ်။

Social Media သမား အနေနဲ့ လုပ်ဆောင်ရမဲ့ တာဝန်တွေထဲမှာ ဗီဒီယာ အဖွဲ့ကို ဦးဆောင်ရတာ နဲ့ နန်းတော်အတွင်း ဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို တင်ပေးရတာ ပါဝင်မှာပဲ ဖြစ်ပါတယ်။

Social Media သမားဟာ Head of Digital Engagment ရာထူးနဲ့ အလုပ်လုပ်ရမှာ ဖြစ်ပြီးတော့ အလုပ်ချိန်က ပုံမှန်အတိုင်း တနင်္လာနေ့ကနေ သောကြာနေ့အထိ အလုပ်ဆင်းရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ တစ်ပတ်မှာ (၃၇.၅) နာရီသာ အလုပ်လုပ်ရမှာ ဖြစ်သလို၊ လစာက တစ်နှစ်မှာပဲ အမြင့်ဆုံး ဒေါ်လာ (၅) သောင်း၊ ကျပ်သိန်း (၇၅၀) ကျော် ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်

အလုပ် ခေါ်စာမှာ ရေးထားတာက “သင့်ရဲ့ စာတွေကို သန်းချီတဲ့ လူတွေက ကြည့်မယ် ဆိုတာ သိမှာပါ”လို့ ရေးထားပြီး အလုပ်ရမယ်ဆိုရင် အခွင့်အလမ်းတွေလည်း ပို ပွင့်သွားနိုင်ပါတယ်။

လက်ရှိမှာ တော်ဝင် မိသားစုက တွစ်တာမှာ Follower (၄.၁) သန်း၊ အင်စတာဂရမ်မှာ Follower (၆.၉) သန်း နဲ့ ဖေ့စ်ဘုတ်မှာ Follower (၄.၉) သန်းရှိတယ်လို့ Metro သတင်းက ဖော်ပြပါတယ်။

တော်ဝင်မိသားစုဝင်တွေ ဖြစ်တဲ့ မင်းသား Prince Harry နဲ့ ကြင်ရာ Meghan Markle တို့လည်း ကိုယ်ပိုင် လူမှုကွန်ရက် အကောင့်တွေ ရှိကြပြီး၊ ဘုရင်မကြီးက သူ့အတွက် အလုပ်ခေါ်တာပါတဲ့။

Ko Khant ( D Nae Khit Media )