Myanmar Idol Season 4 2019 | Top 5 | (7th week) Performance Show

243

သတ္တမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပမယ့် မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ထင်ရှားကျော်ကြား တေးသီချင်းတွေနဲ့အတူ ယှဉ်ပြိုင်ရတော့မှာပါ။

ခုသီတင်းပတ်မှာတော့ Top Finalists ၅ ယောက်ဖြစ်ကြတဲ့ ယောကီး၊ ဘင်ဂျမင် ဆုန်း၊ အက်စတာဒေါ့သ်ချင်းဆုန်၊ မူးလာနဲ့ အေးမြဖြူတို့က အပြိုင်ကြဲ သီဆိုဖျော်ဖြေ သွားကြမှာ ဖြစ်ပါတယ်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီစဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သားငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ပဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေကြတာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ Host အနေနဲ့ ပါဝင်တင်ဆက်ပေးနေသူကတော့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်ဖြစ်ပြီး ထင်ရှားတဲ့ ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကတော့ အခုနှစ်မှာ မပါဝင်တော့ပါဘူး။

အခုနှစ်ရဲ့ ပထမသီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင် Top Finalists ၁၁ ယောက်က စိတ်ကြိုက်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်ပေးတဲ့ မဲ တွေနဲ့ ဆုံးဖြတ်ချိန်မှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ အလှမယ် ခြူးစစ်ဟန်က နှုတ်ဆက် ထွက်ခွာသွားခဲ့ရတာပါ။

ဒုတိယမြောက် ရော့ခ်သီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြရတဲ့ သီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင် ၁၀ ယောက်က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး ပရိသတ်ပေးတဲ့ မဲအနည်းအများနဲ့ နှုတ်ဆက်ထွက်ခွာရမယ့်သူကို ကြေညာရာမှာ ပြိုင်ပွဲဝင် နော်စေးစေးထူးက မဲအနည်းဆုံး ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် သူ့ကို ဒိုင် ၃ ယောက်က Save လုပ်ခဲ့တဲ့အတွက် နောက်တဆင့်မှာ ထပ်မံ ပါဝင်လာနိုင်ခဲ့ပြီး ဆက်လက်ပါဝင်ခဲ့ပါတယ်။

တက္ကသိုလ်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့ တတိယမြောက်သီတင်းပတ်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ၂ ယောက် ဖြစ်ကြတဲ့ နှင်းအိအိဝင်းနဲ့ နေလင်းကျော်တို့က လက်ပြ နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။

ကန်းထရီးကျေးလက်သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ကြတဲ့ စတုတ္ထမြောက်သီတင်းပတ်က တော့ ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့ရတာပါ။

နာမည်ကြီးပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ အေးမြဖြူ၊ အက်စတာနဲ့ တန်ခွန်ကျော်တို့ ၃ ယောက်က Bottom 3 ထိုင်ခဲ့ကြရပြီးနောက် သူတို့ထဲက ပရိသတ်ပေးတဲ့ မဲအနည်းဆုံး ပြိုင်ပွဲဝင်ကို ကြေငြာရာမှာတော့ တန်ခွန်ကျော်က နှုတ်ဆက်အိမ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

တေးသံရှင် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ညမှာတော့ ပြိုင်ပွဲဝင်တဦး ဖြစ်တဲ့ ထက်အဉ္ဇလီက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာခဲ့ရ တာပါ။

ပြီးခဲ့တဲ့ ဆဋ္ဌမမြောက်သီတင်းပတ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တွေဟာ ဟေမာန်ဆောင်းသီချင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး Result Show ညမှာတော့ ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ နော်စေးစေးထူးက ပရိသတ်ပေးတဲ့ မဲအနည်းဆုံးနဲ့ နှုတ်ဆက်အိမ်ပြန်ခဲ့ရပြီဖြစ်ပါတယ်။

ဒါကြောင့်မို့ ခုတပတ်မှာတော့ ကျန်ရှိနေသေးတဲ့ ပြိုင်ပွဲဝင် ၅ ယောက်ကသာ သီဆို ယှဉ်ပြိုင်ကြရတော့မှာပါ။

ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် ဆက်လက်ပြီးတော့ တက်လှမ်းသွားနိုင်မလဲ၊ သူတို့ထဲက ဘယ်သူက ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

DVB TV News

သတၱမေျမာက္သီတင္းပတ္အေနနဲ႔ က်င္းပမယ့္ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲမွာေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ ထင္ရွားေက်ာ္ၾကား ေတးသီခ်င္းေတြနဲ႔အတူ ယွဥ္ၿပိဳင္ရေတာ့မွာပါ။

ခုသီတင္းပတ္မွာေတာ့ Top Finalists ၅ ေယာက္ျဖစ္ၾကတဲ့ ေယာကီး၊ ဘင္ဂ်မင္ ဆုန္း၊ အက္စတာေဒါ့သ္ခ်င္းဆုန္၊ မူးလာနဲ႔ ေအးျမျဖဴတို႔က အၿပိဳင္ႀကဲ သီဆိုေဖ်ာ္ေျဖ သြားၾကမွာ ျဖစ္ပါတယ္။

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲကိုေတာ့ ျမန္မာႏိုင္ငံမွာ ေ႐ႊသံလြင္ကုမၸဏီက စီစဥ္ၿပီး ၂၀၁၆ ခုႏွစ္မွာ Season 1 အျဖစ္ က်င္းပခဲ့ကာ Winner ဆုကိုေတာ့ ေစာလား ေထာ္ဝါးက ရရွိခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ရဲ႕ Myanmar Idol Season 2 မွာေတာ့ Winner ဆုရွင္အျဖစ္ သားငယ္က ရရွိခဲ့တာပါ။ ၂၀၁၈ ခုႏွစ္ရဲ႕ Myanmar Idol Season 3 ေနာက္ဆုံးအဆင့္ ၿပိဳင္ပြဲကေတာ့ ပရိသတ္ေတြၾကား လႈပ္ခတ္ေစခဲ့တဲ့ ၿပိဳင္ပြဲတခု ျဖစ္ခဲ့ပါတယ္။

ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံးအဆင့္ထိ ေရာက္ရွိခဲ့ၾကတဲ့ ၿဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ကို အားေပးတဲ့ ပရိသတ္ေတြအခ်င္းခ်င္းၾကားမွာ အၿပိဳင္အဆိုင္ အႀကိတ္အနယ္ ရွိေနခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပိဳင္ပြဲေနာက္ဆုံးေန႔မွာေတာ့ က်န္းမာေရးေၾကာင့္ ခ်မ္းေျမ့ေမာင္ခ်ိဳက ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့ပဲ Winner ဆုကို ၿဖိဳးျမတ္ေအာင္က ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

Myanmar Idol Season 4 သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ဒိုင္ေတြအေနနဲ႔ အခုႏွစ္မွာေတာ့ အဆိုေတာ္ ေအာင္ကိုလတ္၊ တင္ဇာေမာ္နဲ႔ ျဖဴျဖဴေက်ာ္သိန္းတို႔က အကဲျဖတ္အမွတ္ေပးေနၾကတာ ျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာ Host အေနနဲ႔ ပါဝင္တင္ဆက္ေပးေနသူကေတာ့ Myanmar Idol Season ၃ ခုလုံးမွာ ပါဝင္တင္ဆက္ေပးခဲ့တဲ့ ေက်ာ္ထက္ေအာင္ျဖစ္ၿပီး ထင္ရွားတဲ့ ဒိုင္တဦးျဖစ္တဲ့ ျမန္မာျပည္သိန္းတန္ကေတာ့ အခုႏွစ္မွာ မပါဝင္ေတာ့ပါဘူး။

အခုႏွစ္ရဲ႕ ပထမသီတင္းပါတ္ Performance Show မွာေတာ့ ၿပိဳင္ပြဲဝင္ Top Finalists ၁၁ ေယာက္က စိတ္ႀကိဳက္သီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ပရိသတ္ေပးတဲ့ မဲ ေတြနဲ႔ ဆုံးျဖတ္ခ်ိန္မွာေတာ့ ၿပိဳင္ပြဲဝင္တဦးျဖစ္တဲ့ အလွမယ္ ျခဴးစစ္ဟန္က ႏႈတ္ဆက္ ထြက္ခြာသြားခဲ့ရတာပါ။

ဒုတိယေျမာက္ ေရာ့ခ္သီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကရတဲ့ သီတင္းပါတ္မွာေတာ့ ၿပိဳင္ပြဲဝင္ ၁၀ ေယာက္က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကရၿပီး ပရိသတ္ေပးတဲ့ မဲအနည္းအမ်ားနဲ႔ ႏႈတ္ဆက္ထြက္ခြာရမယ့္သူကို ေၾကညာရာမွာ ၿပိဳင္ပြဲဝင္ ေနာ္ေစးေစးထူးက မဲအနည္းဆုံး ျဖစ္ေနခဲ့တာပါ။

ဒါေပမယ့္ သူ႔ကို ဒိုင္ ၃ ေယာက္က Save လုပ္ခဲ့တဲ့အတြက္ ေနာက္တဆင့္မွာ ထပ္မံ ပါဝင္လာႏိုင္ခဲ့ၿပီး ဆက္လက္ပါဝင္ခဲ့ပါတယ္။

တကၠသိုလ္သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ရတဲ့ တတိယေျမာက္သီတင္းပတ္မွာေတာ့ ၿပိဳင္ပြဲဝင္ေတြထဲက ၂ ေယာက္ ျဖစ္ၾကတဲ့ ႏွင္းအိအိဝင္းနဲ႔ ေနလင္းေက်ာ္တို႔က လက္ျပ ႏႈတ္ဆက္သြားခဲ့ရတာ ျဖစ္ပါတယ္။

ကန္းထရီးေက်းလက္သီခ်င္းေတြနဲ႔ သီဆိုယွဥ္ၿပိဳင္ခဲ့ၾကတဲ့ စတုတၳေျမာက္သီတင္းပတ္က ေတာ့ ထင္မွတ္မထားတဲ့ ရလဒ္ေတြနဲ႔အတူ အားလုံးကို အံ့အားသင့္ေစခဲ့ရတာပါ။

နာမည္ႀကီးၿပိဳင္ပြဲဝင္ေတြ ျဖစ္ၾကတဲ့ ေအးျမျဖဴ၊ အက္စတာနဲ႔ တန္ခြန္ေက်ာ္တို႔ ၃ ေယာက္က Bottom 3 ထိုင္ခဲ့ၾကရၿပီးေနာက္ သူတို႔ထဲက ပရိသတ္ေပးတဲ့ မဲအနည္းဆုံး ၿပိဳင္ပြဲဝင္ကို ေၾကျငာရာမွာေတာ့ တန္ခြန္ေက်ာ္က ႏႈတ္ဆက္အိမ္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။

ေတးသံရွင္ စိုးလြင္လြင္ရဲ႕ သီခ်င္းေတြနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ညမွာေတာ့ ၿပိဳင္ပြဲဝင္တဦး ျဖစ္တဲ့ ထက္အၪၨလီက ပရိသတ္ေပးတဲ့ မဲအနည္းဆုံးနဲ႔ ၿပိဳင္ပြဲက ႏႈတ္ဆက္ထြက္ခြာခဲ့ရ တာပါ။

ၿပီးခဲ့တဲ့ ဆ႒မေျမာက္သီတင္းပတ္အေနနဲ႔ က်င္းပၿပီးစီးခဲ့တဲ့ ျမန္မာအိုင္ေဒါ သီခ်င္းဆို ၿပိဳင္ပြဲမွာေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ ေဟမာန္ေဆာင္းသီခ်င္းေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး Result Show ညမွာေတာ့ ၿပိဳင္ပြဲဝင္တဦးျဖစ္တဲ့ ေနာ္ေစးေစးထူးက ပရိသတ္ေပးတဲ့ မဲအနည္းဆုံးနဲ႔ ႏႈတ္ဆက္အိမ္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ခုတပတ္မွာေတာ့ က်န္ရွိေနေသးတဲ့ ၿပိဳင္ပြဲဝင္ ၅ ေယာက္ကသာ သီဆို ယွဥ္ၿပိဳင္ၾကရေတာ့မွာပါ။

ဘယ္ၿပိဳင္ပြဲဝင္ေတြက ေနာက္တဆင့္ ဆက္လက္ၿပီးေတာ့ တက္လွမ္းသြားႏိုင္မလဲ၊ သူတို႔ထဲက ဘယ္သူက ၿပိဳင္ပြဲကေန လက္ျပႏႈတ္ဆက္သြားရမလဲဆိုတာကိုေတာ့ ေစာင့္ ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါတယ္။