ICJ မြန်မာ လျှောက်လဲချက် ဂမ်ဘီယာ တောင်းဆိုချက်ပေါ် မချေဖျက်နိုင်ဟု ကန်ပါမောက္ခ သုံးသပ်

484

ICJ ႏိုင္ငံတကာတရား႐ုံးမွာ မေန႔ ဗုဒၶဟူးေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေလွ်ာက္လဲွခ်က္ေတြဟာ ICJ တရားသူႀကီးေတြ လက္ခံစဥ္းစား ဆုံးျဖတ္မယ့္ ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးေရး အေရးေပၚ ၾကားျဖတ္စီမံေဆာင္႐ြက္မ်ား ခ်မွတ္ေပးဖို႔ ဆိုတဲ့ ဂမ္ဘီယာရဲ႕ ေတာင္းဆိုခ်က္ကို ခုခံေခ်ပႏိုင္ျခင္း မရွိခဲ့ေၾကာင္း အေမရိကန္ပါေမာကၡတဦးက သုံးသပ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဘက္က တရား႐ုံးမွာ ခုခံေလွ်ာက္လဲ ခဲ့တဲ့ အခ်က္ေတြနဲ႔ ပတ္သက္လို႔ အမႈကို ေလ့လာေစာင့္ၾကည့္ေနတဲ့ George Washington တကၠသိုလ္က ျမန္မာ့အေရးေလ့လာသူ ႏိုင္ငံတကာေရးရာ ပါေမာကၡ Christina Fink ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလို စေျပာပါတယ္။

Christina Fink ။ ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဓိက ခုခံေခ်ပတဲ့အခ်က္ေတြက ျဖစ္ႏိုင္ေခ် ရွိခဲ့တဲ့ စစ္ရာဇဝတ္က်ဴးလြန္မႈကို တပ္မေတာ္ေရာ အရပ္သားအစိုးရပါ စုံစမ္းစစ္ေဆးဖို႔ အားထုတ္ႀကိဳးပမ္းခဲ့တာ အျပင္ ႏိုင္ငံထဲမွာရွိေနတဲ့ ႐ိုဟင္ဂ်ာေတြကို အကူအညီေတြေပးေနၿပီး တဖက္ႏိုင္ငံ ဒုကၡသည္စခန္းေတြမွာ ရွိေနသူေတြကို ေနရပ္ျပန္ႏိုင္ေရး ခြင့္ျပဳထားေၾကာင္း စတာေတြျဖစ္ပါတယ္။

ဒါေၾကာင့္ တကယ္လို႔မ်ား လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြရွိခဲ့ရင္ တပ္မေတာ္နဲ႔ အရပ္သားအစိုးရ အေနနဲ႔ ဒီလို လုပ္ရပ္မ်ိဳးေတြကို ျပဳလုပ္မွာ မဟုတ္ဘူးလို႔ တုန႔္ျပန္ ေခ်ပခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္လို႔ က်မျမင္တာက စစ္ရာဇဝတ္က်ဴးလြန္မႈနဲ႔ လူမ်ိဳးတုန္းသတ္ျဖတ္မႈ စြပ္စြဲခ်က္ေတြ၊

ျမန္မာႏိုင္ငံထဲမွာ က်န္ရွိေနေသးတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ ဆိုး႐ြားလွတဲ့ အေျခအေနေတြကို ေျဖရွင္းဖို႔ တပ္မေတာ္နဲ႔ အရပ္သား အစိုးရဘက္က စီမံေဆာင္႐ြက္မႈ အနည္းငယ္ စတင္ေနတာကို လက္ခံႏိုင္တယ္ ဆိုေပမဲ့ ႐ိုဟင္ဂ်ာ အရပ္သားေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ႀကီးမာျပင္းထန္လွတဲ့ ႏွိပ္စက္ညႇဥ္းပမ္းမႈ အတိုင္းအတာ ပမာဏကို ေျဖရွင္းဖို႔ အတြက္ လုံေလာက္မႈမရွိပါဘူး။

ဥပမာ- အိမ္ထဲမွာ ကေလးေတြကို ပိတ္ေလွာင္ၿပီး မီးရႈိခဲ့တဲ့ ျဖစ္ရပ္ေတြအတြက္ တရားမွ်တမႈဆိုတာ ဘာလဲ။ ဒါအျပင္ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ အသိုင္းအဝိုင္းအတြက္ လူမဆန္တဲ့ျဖစ္ရပ္ေတြ ရင္ဆိုင္ေနရတဲ့အေျခအေနကို ေဒၚေအာင္ဆန္းစုၾကည္ တိတိက်က် ရွင္းရွင္းလင္းလင္း ေျဖရွင္းေျပာဆိုျခင္း မရွိခဲ့ပါဘူး။

ႏွစ္ေပါင္း ခုႏွစ္ႏွစ္ ၾကာျမင့္ၿပီး အခ်ိန္မွာေတာင္ သံဆူးႀကိဳးေတြနဲ႔ ဝိုင္းရံထားတဲ့ ျပည္တြင္းက အတင္းအဓမၼ ေနရပ္ေ႐ႊ႕ေျပာင္းသူေတြေနထိုင္တဲ့ စခန္းေတြမွာ လူေပါင္းမ်ားစြာ ပိတ္ေလွာင္ထားၿပီး အသက္ေမြးဝမ္းေက်ာင္းခြင့္ မေပးတာ၊ ပညာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာင့္မႈေတြ ဘာေၾကာင့္ မေပးတာလဲ။

အင္ၾကင္းႏိုင္။ ။ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခ်က္ထဲမွာ- ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ စစ္တပ္ရဲ႕ ကိုင္တြယ္မႈေတြနဲ႔ ပတ္သက္လို႔ သူ႔ဘက္က တိုက္႐ိုက္ စစ္တပ္က တာဝန္ရွိသူေတြနဲ႔ ေျပာဆိုမႈ တခ်ိဳ႕ရွိခဲ့တာ၊ စစ္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ရင္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရ အရပ္သားအစိုးရက အျပစ္ေပး အေရးယူလို႔မရဘဲ စစ္ဘက္ဆိုင္ရာဘက္ကပဲ တရားစီရင္ပိုင္ခြင့္ရွိတာေတြကို ေျပာသြားတဲ့ေနရာမွာ

စစ္တပ္က လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္ရင္ သူ႔ဘက္က အကန႔္အသတ္တခ်ိဳ႕ ရွိေနတယ္ဆိုတဲ့ သေဘာမ်ိဳး ေျပာသြားတာပါ။ ဒါေပမယ့္ ျမန္မာစစ္တပ္ရဲ႕ ေျပာခြင့္ရက မေန႔က ဗြီအိုေအကို ေျပာတဲ့အထဲမွာေတာ့- ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ရင္ အစိုးရရဲ႕ ၫြန္ၾကားမႈေအာက္မွာ သူတို႔ေဆာင္႐ြက္ခဲ့တာသာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီအေပၚမွာ ပါေမာကၡFink ရဲ႕ အျမင္ဘယ္လိုရွိလဲ။

Christina Fink ။ ။ ARSA ရဲ႕တိုက္ခိုင္မႈကို ႏွိမ္နင္းဖို႔ စစ္တပ္ကို ေဒၚေအာင္ဆန္းစုၾကည္က ခြင့္ျပဳမိန႔္ ေပးခဲ့တယ္ဆိုေပမဲ့ အရပ္သားေတြအေပၚ စစ္တပ္ဖက္က စစ္ရာဇဝတ္က်ဴးလြန္ဖို႔ထိ သူ႔အေနနဲ႔ ေျပာခဲ့တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ စစ္တပ္ရဲ႕ တာဝန္က- ပဋိပကၡမွာ အဓိကပါေနတဲ့သူေတြက ဘယ္သူေတြလဲ၊ ဥပေဒနဲ႔အညီ ဘယ္လိုေျဖရွင္းႏိုင္မလဲ စတဲ့ က်ယ္က်ယ္ျပန႔္ျပန႔္ အမ်ားက လက္ခံထားတဲ့ ႏိုင္ငံတကာ စံႏႈန္းေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ဖို႔ျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အဲေတာ့ မေန႔က ျမန္မာဘက္က ခုခံ ေခ်ပေလွ်ာက္လဲခ်က္ၿပီးသြားတဲ့ ေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ထိထိေရာက္ေရာက္ ျပန္ၿပီး ေခ်ပႏိုင္ခဲ့တယ္လို႔ ျမင္ပါလား။

Christina Fink ။ ။ ျမန္မာဘက္က ႀကိဳးစားၿပီး ခုခံေခ်ပေနတာက သူ႔တို႔အေျခအေနကို နားလည္ေပးဖို႔၊ အလြန္ႀကီးမားလွတဲ့ ျပစ္မႈက်ဴးလြန္မႈေတြကို တိုက္႐ိုက္ထိပ္တိုက္ ကိုင္တြယ္တာထက္ ႏိုင္ငံတြင္းမွာပဲ ကိုယ့္ဘာသာ ကိုယ္ေျဖရွင္းခြင့္ေပးဖို႔ စတာေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ အခု တရား႐ုံးက စစ္ေဆးၾကားနာတဲ့ကိစၥမွာ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခ်က္က တဖက္က တင္ျပေလွ်ာက္လဲခ်က္ နဲ႔ ကြဲလြဲေနပါတယ္။

ဂမ္ဘီယာကဘက္ ေျပာတာက လူမ်ိဳးတုန္းသတ္ျဖတ္မႈ ျဖစ္တယ္။ ေဒၚေအာင္ဆန္းစုၾကည္ေျပာေနတာက ကိုယ့္ဘာသာကိုယ္ ကိုင္တြယ္ေျဖရွင္းခြင့္ျပဳဖို႔ တုန႔္ျပန္ေျပာဆိုခဲ့တယ္။ ဒါေပမယ့္ အခုၾကားနာပြဲမွာ ေျပာေနတာက လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဟုတ္မဟုတ္ဆိုတဲ့ အခ်က္မဟုတ္ပါဘူး။ ႐ိုဟင္ဂ်ာ အသိုင္းအဝိုင္းကို အကာအကြယ္ေပးဖို႔ ျမန္မာအေပၚ အေသအခ်ာ ဘယ္လို စီရင္ကိုင္တြယ္မလဲ၊

အနာဂတ္ တရားစီရင္မႈအတြက္ အေထာက္အထားေတြကို ခိုင္မာေအာင္ ဘယ္လိုစုေဆာင္းႏိုင္မလဲ စတာေတြပဲျဖစ္ပါတယ္။ ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေလွ်ာက္လဲခ်က္ထဲမွာ ျမန္မာအစိုးရအေနနဲ႔ ဒီအခ်က္ေတြကို လက္ခံျခင္း ရွိမရွိဆိုတာကို တုန႔္ျပန္ေျပာဆိုျခင္း မရွိခဲ့ပါဘူး။

ၾကာသပေတးေန႔ မွာေတာ့ ICJ တရား႐ုံးမွာ ဂမ္ဘီယာနဲ႔ ျမန္မာ ႏွစ္ဘက္အျပန္အလွန္ အၿပီးသတ္ေလွ်ာက္လဲခ်က္ေတြကို ႏႈတ္နဲ႔ တင္သြင္းၾကမွာျဖစ္ပါတယ္။

VOA Burmese News

ICJ နိုင်ငံတကာတရားရုံးမှာ မနေ့ ဗုဒ္ဓဟူးနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲှချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစား ဆုံးဖြတ်မယ့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေး အရေးပေါ် ကြားဖြတ်စီမံဆောင်ရွက်များ ချမှတ်ပေးဖို့ ဆိုတဲ့ ဂမ်ဘီယာရဲ့ တောင်းဆိုချက်ကို ခုခံချေပနိုင်ခြင်း မရှိခဲ့ကြောင်း အမေရိကန်ပါမောက္ခတဦးက သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က တရားရုံးမှာ ခုခံလျှောက်လဲ ခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ အမှုကို လေ့လာစောင့်ကြည့်နေတဲ့ George Washington တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ နိုင်ငံတကာရေးရာ ပါမောက္ခ Christina Fink ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

Christina Fink ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ခုခံချေပတဲ့အချက်တွေက ဖြစ်နိုင်ချေ ရှိခဲ့တဲ့ စစ်ရာဇဝတ်ကျူးလွန်မှုကို တပ်မတော်ရော အရပ်သားအစိုးရပါ စုံစမ်းစစ်ဆေးဖို့ အားထုတ်ကြိုးပမ်းခဲ့တာ အပြင် နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို အကူအညီတွေပေးနေပြီး တဖက်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရှိနေသူတွေကို နေရပ်ပြန်နိုင်ရေး ခွင့်ပြုထားကြောင်း စတာတွေဖြစ်ပါတယ်။

ဒါကြောင့် တကယ်လို့များ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိခဲ့ရင် တပ်မတော်နဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီလို လုပ်ရပ်မျိုးတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ တုန့်ပြန် ချေပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လို့ ကျမမြင်တာက စစ်ရာဇဝတ်ကျူးလွန်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ၊

မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ တပ်မတော်နဲ့ အရပ်သား အစိုးရဘက်က စီမံဆောင်ရွက်မှု အနည်းငယ် စတင်နေတာကို လက်ခံနိုင်တယ် ဆိုပေမဲ့ ရိုဟင်ဂျာ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမာပြင်းထန်လှတဲ့ နှိပ်စက်ညှဉ်းပမ်းမှု အတိုင်းအတာ ပမာဏကို ဖြေရှင်းဖို့ အတွက် လုံလောက်မှုမရှိပါဘူး။

ဥပမာ- အိမ်ထဲမှာ ကလေးတွေကို ပိတ်လှောင်ပြီး မီးရှိုခဲ့တဲ့ ဖြစ်ရပ်တွေအတွက် တရားမျှတမှုဆိုတာ ဘာလဲ။ ဒါအပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် လူမဆန်တဲ့ဖြစ်ရပ်တွေ ရင်ဆိုင်နေရတဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေရှင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

နှစ်ပေါင်း ခုနှစ်နှစ် ကြာမြင့်ပြီး အချိန်မှာတောင် သံဆူးကြိုးတွေနဲ့ ဝိုင်းရံထားတဲ့ ပြည်တွင်းက အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းသူတွေနေထိုင်တဲ့ စခန်းတွေမှာ လူပေါင်းများစွာ ပိတ်လှောင်ထားပြီး အသက်မွေးဝမ်းကျောင်းခွင့် မပေးတာ၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ဘာကြောင့် မပေးတာလဲ။

အင်ကြင်းနိုင်။ ။ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်ထဲမှာ- ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ ကိုင်တွယ်မှုတွေနဲ့ ပတ်သက်လို့ သူ့ဘက်က တိုက်ရိုက် စစ်တပ်က တာဝန်ရှိသူတွေနဲ့ ပြောဆိုမှု တချို့ရှိခဲ့တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သားအစိုးရက အပြစ်ပေး အရေးယူလို့မရဘဲ စစ်ဘက်ဆိုင်ရာဘက်ကပဲ တရားစီရင်ပိုင်ခွင့်ရှိတာတွေကို ပြောသွားတဲ့နေရာမှာ

စစ်တပ်က လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ရင် သူ့ဘက်က အကန့်အသတ်တချို့ ရှိနေတယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာပါ။ ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ ပြောခွင့်ရက မနေ့က ဗွီအိုအေကို ပြောတဲ့အထဲမှာတော့- ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ရင် အစိုးရရဲ့ ညွန်ကြားမှုအောက်မှာ သူတို့ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ ပါမောက္ခFink ရဲ့ အမြင်ဘယ်လိုရှိလဲ။

Christina Fink ။ ။ ARSA ရဲ့တိုက်ခိုင်မှုကို နှိမ်နင်းဖို့ စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က ခွင့်ပြုမိန့် ပေးခဲ့တယ်ဆိုပေမဲ့ အရပ်သားတွေအပေါ် စစ်တပ်ဖက်က စစ်ရာဇဝတ်ကျူးလွန်ဖို့ထိ သူ့အနေနဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်တပ်ရဲ့ တာဝန်က- ပဋိပက္ခမှာ အဓိကပါနေတဲ့သူတွေက ဘယ်သူတွေလဲ၊ ဥပဒေနဲ့အညီ ဘယ်လိုဖြေရှင်းနိုင်မလဲ စတဲ့ ကျယ်ကျယ်ပြန့်ပြန့် အများက လက်ခံထားတဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ မနေ့က မြန်မာဘက်က ခုခံ ချေပလျှောက်လဲချက်ပြီးသွားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထိထိရောက်ရောက် ပြန်ပြီး ချေပနိုင်ခဲ့တယ်လို့ မြင်ပါလား။

Christina Fink ။ ။ မြန်မာဘက်က ကြိုးစားပြီး ခုခံချေပနေတာက သူ့တို့အခြေအနေကို နားလည်ပေးဖို့၊ အလွန်ကြီးမားလှတဲ့ ပြစ်မှုကျူးလွန်မှုတွေကို တိုက်ရိုက်ထိပ်တိုက် ကိုင်တွယ်တာထက် နိုင်ငံတွင်းမှာပဲ ကိုယ့်ဘာသာ ကိုယ်ဖြေရှင်းခွင့်ပေးဖို့ စတာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် အခု တရားရုံးက စစ်ဆေးကြားနာတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်က တဖက်က တင်ပြလျှောက်လဲချက် နဲ့ ကွဲလွဲနေပါတယ်။

ဂမ်ဘီယာကဘက် ပြောတာက လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောနေတာက ကိုယ့်ဘာသာကိုယ် ကိုင်တွယ်ဖြေရှင်းခွင့်ပြုဖို့ တုန့်ပြန်ပြောဆိုခဲ့တယ်။ ဒါပေမယ့် အခုကြားနာပွဲမှာ ပြောနေတာက လူမျိုးတုန်းသတ်ဖြတ်မှု ဟုတ်မဟုတ်ဆိုတဲ့ အချက်မဟုတ်ပါဘူး။ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို အကာအကွယ်ပေးဖို့ မြန်မာအပေါ် အသေအချာ ဘယ်လို စီရင်ကိုင်တွယ်မလဲ၊

အနာဂတ် တရားစီရင်မှုအတွက် အထောက်အထားတွေကို ခိုင်မာအောင် ဘယ်လိုစုဆောင်းနိုင်မလဲ စတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်လဲချက်ထဲမှာ မြန်မာအစိုးရအနေနဲ့ ဒီအချက်တွေကို လက်ခံခြင်း ရှိမရှိဆိုတာကို တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ကြာသပတေးနေ့ မှာတော့ ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက်အပြန်အလှန် အပြီးသတ်လျှောက်လဲချက်တွေကို နှုတ်နဲ့ တင်သွင်းကြမှာဖြစ်ပါတယ်။

VOA Burmese News