အွန်လိုင်း ချစ်သူကို ယုံမိပြီး အိမ်ရောင်းတာ နေစရာအိမ်မရှိဘဲ မွဲသွားခဲ့တဲ့ အပျိုကြီး

103

မေလးရွားႏုိင္ငံက အသက္ (၅၀) အရြယ္ အပ်ဳိႀကီး အမ်ဳိးသမီး တစ္ဦးဟာ Facebook ခ်စ္သူကုိ ယုံမိတာေၾကာင့္ အိမ္ေရာင္းၿပီး ပုိက္ဆံ ပုိ႔ေပးလုိက္တာ အခု ေနစရာအိမ္မရွိဘဲ မဲြသြားခဲ့ပါတယ္။

သူမဟာ တရုတ္ အေမရိကန္ အမ်ဳိးသား Kenneth Cheung နဲ႔ ခ်စ္သူ ျဖစ္ခဲ့ၾကၿပီး၊ သူ႔ခ်စ္သူက သူမကို ရင္းဂစ္ သိန္း (၈၀၀) တန္ လက္ေဆာင္ေတြ ယူလာေပးတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

အမ်ဳိးသားျဖစ္သူက သူမကုိ ရင္းဂတ္ သိန္း (၈၀၀)တန္ လက္ေဆာင္ေတြ ယူလာေပးေပမဲ့လည္း မေလးရွား အခြန္ရုံးက ဖမ္းထားတာေၾကာင့္ အခြန္ေဆာင္ဖုိ႔ ပုိက္ဆံ လုိတယ္လုိ႔ ေျပာခဲ့ပါတယ္။

Source: The Star

အမ်ဳိးသမီး ျဖစ္သူဟာ အမ်ဳိးသားရဲ႕ စကားကုိ ယုံမိခဲ့ၿပီး အမ်ဳိးသား ယူလာတဲ့ လက္ေဆာင္ေတြ အတြက္ အခြန္ေဆာင္ဖုိ႔ ပုိက္ဆံ (၁၁) ႀကိမ္ ပုိ႔ေပးခဲ့ေပမဲ့ လက္ေဆာင္ မရခဲ့တာ ျဖစ္ပါတယ္။

WorldofBuzz သတင္းက အမ်ဳိးသမီးဟာ အမ်ဳိးသားကုိ ရင္းဂစ္ (၃) သိန္းခဲြေက်ာ္ေတာင္ ပုိ႔ခဲ့ၿပီး ေနာက္ဆုံး ပုိ႔စရာ ပုိက္ဆံ မရွိေတာ့တဲ့ အခ်ိန္မွာ အိမ္ကုိပါ ေရာင္းပစ္ခဲ့တယ္လုိ႔ ေဖာ္ျပပါတယ္။

သူမဟာ အိမ္ကုိသာ ေရာင္းရုံမကဘဲ သူမရဲ႕ အစ္မကုိပါ ပုိက္ဆံ ေခ်းၿပီး အမ်ဳိးသားကုိ ပုိ႔ခဲ့သလုိ၊ အမ်ဳိးသား ျဖစ္သူနဲ႔ တရားဝင္ လက္မထပ္ထားေပမဲ့ ေယာက္်ားလုိ႔သာ ေခၚတာ ျဖစ္ပါတယ္။

Source: AskLegal (Photo used for illustration purposes only)

သူမဟာ အမ်ဳိးသား ျဖစ္သူကို အခြန္ ေဆာင္ဖုိ႔ ပုိက္ဆံေတြ အႀကိမ္မ်ားစြာ ပို႔ခဲ့ေပမဲ့ လက္ေဆာင္ ေရာက္မလာတာေၾကာင့္ အလိမ္ခံရတာ သိသြားခဲ့ၿပီး ေနာက္ဆုံး ရဲစခန္းကုိ တုိင္ၾကားခဲ့ပါတယ္။

တာဝန္ခံ ရဲတစ္ဦးက သူမဟာ လက္ရွိမွာ ပုိက္ဆံ တစ္ျပားမွ မရွိဘဲ မဲြသြားၿပီလုိ႔ ေျပာသြားသလုိ လက္ရွိမွာေတာ့ သူမဟာ အိမ္မရွိေတာ့တာေၾကာင့္ သူ႔အစ္မနဲ႔ အတူ ေနထုိင္လ်က္ ရွိပါတယ္။

Ko Khant (  D Nae Khit Media )

Source: Malay Mail

မလေးရှားနိုင်ငံက အသက် (၅၀) အရွယ် အပျိုကြီး အမျိုးသမီး တစ်ဦးဟာ Facebook ချစ်သူကို ယုံမိတာကြောင့် အိမ်ရောင်းပြီး ပိုက်ဆံ ပို့ပေးလိုက်တာ အခု နေစရာအိမ်မရှိဘဲ မွဲသွားခဲ့ပါတယ်။

သူမဟာ တရုတ် အမေရိကန် အမျိုးသား Kenneth Cheung နဲ့ ချစ်သူ ဖြစ်ခဲ့ကြပြီး၊ သူ့ချစ်သူက သူမကို ရင်းဂစ် သိန်း (၈၀၀) တန် လက်ဆောင်တွေ ယူလာပေးတယ်လို့ ပြောသွားခဲ့ပါတယ်။

အမျိုးသားဖြစ်သူက သူမကို ရင်းဂတ် သိန်း (၈၀၀)တန် လက်ဆောင်တွေ ယူလာပေးပေမဲ့လည်း မလေးရှား အခွန်ရုံးက ဖမ်းထားတာကြောင့် အခွန်ဆောင်ဖို့ ပိုက်ဆံ လိုတယ်လို့ ပြောခဲ့ပါတယ်။

အမျိုးသမီး ဖြစ်သူဟာ အမျိုးသားရဲ့ စကားကို ယုံမိခဲ့ပြီး အမျိုးသား ယူလာတဲ့ လက်ဆောင်တွေ အတွက် အခွန်ဆောင်ဖို့ ပိုက်ဆံ (၁၁) ကြိမ် ပို့ပေးခဲ့ပေမဲ့ လက်ဆောင် မရခဲ့တာ ဖြစ်ပါတယ်။

WorldofBuzz သတင်းက အမျိုးသမီးဟာ အမျိုးသားကို ရင်းဂစ် (၃) သိန်းခွဲကျော်တောင် ပို့ခဲ့ပြီး နောက်ဆုံး ပို့စရာ ပိုက်ဆံ မရှိတော့တဲ့ အချိန်မှာ အိမ်ကိုပါ ရောင်းပစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

သူမဟာ အိမ်ကိုသာ ရောင်းရုံမကဘဲ သူမရဲ့ အစ်မကိုပါ ပိုက်ဆံ ချေးပြီး အမျိုးသားကို ပို့ခဲ့သလို၊ အမျိုးသား ဖြစ်သူနဲ့ တရားဝင် လက်မထပ်ထားပေမဲ့ ယောက်ျားလို့သာ ခေါ်တာ ဖြစ်ပါတယ်။

သူမဟာ အမျိုးသား ဖြစ်သူကို အခွန် ဆောင်ဖို့ ပိုက်ဆံတွေ အကြိမ်များစွာ ပို့ခဲ့ပေမဲ့ လက်ဆောင် ရောက်မလာတာကြောင့် အလိမ်ခံရတာ သိသွားခဲ့ပြီး နောက်ဆုံး ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

တာဝန်ခံ ရဲတစ်ဦးက သူမဟာ လက်ရှိမှာ ပိုက်ဆံ တစ်ပြားမှ မရှိဘဲ မွဲသွားပြီလို့ ပြောသွားသလို လက်ရှိမှာတော့ သူမဟာ အိမ်မရှိတော့တာကြောင့် သူ့အစ်မနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။

Ko Khant (  D Nae Khit Media )