AA အဖွဲ့ခွဲထွက်ခွင့်ကြိုးပမ်းနေကြောင်း ICJ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ပြော

162

ရက္ခိုင့်တပ်တော် (AA) ဟာအတိတ် သမိုင်းမှာထင်ရှားခဲ့တဲ့ ရက္ခိုင့်ဘုရင့်နိုင်ငံတော် ပေါ်ပေါက်ရေးမျှော်မှန်းချက်နဲ့ ရခိုင်ပြည်နယ် လွတ်လပ်ရေးရဖို့ ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့က လျှောက်လဲချက်ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခတွေဟာ ရာစုနှစ်များစွာကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာမှ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိ အင်အား ငါးထောင်ကျော်လောက်ရှိတဲ့ (AA) နဲ့ တပ်မတော်တို့အကြားမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေဆက်လက်
ဖြစ်ပွားနေပေမယ့် ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲကြသူတွေရဲ့ တင်သွင်းချက်တွေမှာ ဒါတွေကိုတစ်ခုမှ ဖော်ပြကြတာမတွေ့ရပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အခုသူမ လျှောက်လဲချက်ပေးနေတဲ့အချိန်မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နားမှာရှိတဲ့ တပ်မတော် တပ်ရင်းတစ်ခုကို AA က အင်အား ၄၀၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့အပြင် အင်အား ၂၀၀ လောက်ရှိတဲ့ နောက်ထပ် AA တပ်ဖွဲ့ဝင်တွေကလည်း တိုက်ခိုက်ရေး ရခိုင်ပြည်နယ် အမ်းမြို့နားမှာရှိတဲ့ တပ်မတော်စစ်ကြောင်းတစ်ခုကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်သားထောင်ချီဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတာတွေ ဖြစ်ပေါ်နေပြီး လုံခြုံရေးအရကန့်သတ်မှုတွေဖြစ်တဲ့ ညမထွက်ရအမိန်တွေ စစ်ဆေးရဂိတ်တွေချထားတာတွေ စတာတွေကြောင့် ဒေသတွင်းမှာရှိတဲ့ ဘယ်အရပ်သားမဆို ဆိုးကျိုးတွေခံစားနေကြရတယ်လို့လည်း သူမက ပြောပါတယ်။

ဒါကြောင့် ICJ တရားရုံးအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ငြိမ်ချမ်းရေး၊ လုံခြုံရေးနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားသွားစေမယ့် ဆောက်ရွက်ချက်တွေကို ရှောင်ရှားပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည့်က မေတ္တာရပ်ခံခဲ့ပါတယ်။

လက်ရှိအချိန်မှာ တစ်နှစ်နီးပါးကြာမြင့်လာတဲ့ ရခိုင်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ကိုးသောင်းကျော်အထိ မြင့်တက်လာပြီးတော့၊ အရပ်သားထိခိုက်သေဆုံးမှုဟာ တစ်ရာကျော်ထိရှိလာပါပြီ။ တိုက်ပွဲတွေဟာလည်း နေ့တိုင်းဆိုသလို ဖြစ်ပွားလျှက်ရှိနေပြီးတော့ တပ်မတော်ဘက်ကလည်း ကြည်း၊ ရေ၊ လေ သုံးမျိုးစလုံးကို အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အခုလို ထည့်သွင်းပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ တုံ့ပြန်ချက်ကိုရရှိဖို့အတွက် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

RFA Burmese

ရကၡိဳင့္တပ္ေတာ္ (AA) ဟာအတိတ္ သမိုင္းမွာထင္ရွားခဲ့တဲ့ ရကၡိဳင့္ဘုရင့္ႏိုင္ငံေတာ္ ေပၚေပါက္ေရးေမွ်ာ္မွန္းခ်က္နဲ႔ ရခိုင္ျပည္နယ္ လြတ္လပ္ေရးရဖို႔ ဒါမွမဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရရွိဖို႔ ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ICJ မွာ မေန႔က ေလွ်ာက္လဲခ်က္ေပးတဲ့အထဲ ထည့္သြင္းေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္နဲ႔ အဲဒီေဒသမွာရွိတဲ့ ျပည္သူေတြႀကဳံေတြ႕ေနရတဲ့ ဒုကၡေတြဟာ ရာစုႏွစ္မ်ားစြာကတည္းက တည္ရွိေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာမွ ပိုမိုဆိုး႐ြားလာခဲ့တာျဖစ္ေၾကာင္းနဲ႔ လက္ရွိ အင္အား ငါးေထာင္ေက်ာ္ေလာက္ရွိတဲ့ (AA) နဲ႔ တပ္မေတာ္တို႔အၾကားမွာလည္း လက္နက္ကိုင္ ပဋိပကၡေတြဆက္လက္
ျဖစ္ပြားေနေပမယ့္ ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္လဲၾကသူေတြရဲ႕ တင္သြင္းခ်က္ေတြမွာ ဒါေတြကိုတစ္ခုမွ ေဖာ္ျပၾကတာမေတြ႕ရပါဘူးလို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

အခုသူမ ေလွ်ာက္လဲခ်က္ေပးေနတဲ့အခ်ိန္မွာပဲ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နားမွာရွိတဲ့ တပ္မေတာ္ တပ္ရင္းတစ္ခုကို AA က အင္အား ၄၀၀ ဝန္းက်င္ေလာက္နဲ႔ ဝင္ေရာက္တိုက္ခိုက္ေနတဲ့အျပင္ အင္အား ၂၀၀ ေလာက္ရွိတဲ့ ေနာက္ထပ္ AA တပ္ဖြဲ႕ဝင္ေတြကလည္း တိုက္ခိုက္ေရး ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နားမွာရွိတဲ့ တပ္မေတာ္စစ္ေၾကာင္းတစ္ခုကို ဝန္းရံပိတ္ဆို႔ တိုက္ခိုက္ေနတယ္လို႔ ထည့္သြင္းေျပာခဲ့ပါတယ္။

ဒီတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္မွာရွိတဲ့ အရပ္သားေထာင္ခ်ီဟာ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရတာေတြ ျဖစ္ေပၚေနၿပီး လုံၿခဳံေရးအရကန႔္သတ္မႈေတြျဖစ္တဲ့ ညမထြက္ရအမိန္ေတြ စစ္ေဆးရဂိတ္ေတြခ်ထားတာေတြ စတာေတြေၾကာင့္ ေဒသတြင္းမွာရွိတဲ့ ဘယ္အရပ္သားမဆို ဆိုးက်ိဳးေတြခံစားေနၾကရတယ္လို႔လည္း သူမက ေျပာပါတယ္။

ဒါေၾကာင့္ ICJ တရား႐ုံးအေနနဲ႔ ရခိုင္ျပည္နယ္ရဲ႕ ၿငိမ္ခ်မ္းေရး၊ လုံၿခဳံေရးနဲ႔ လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡေတြကို ပိုမိုဆိုး႐ြားသြားေစမယ့္ ေဆာက္႐ြက္ခ်က္ေတြကို ေရွာင္ရွားေပးဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည့္က ေမတၱာရပ္ခံခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ တစ္ႏွစ္နီးပါးၾကာျမင့္လာတဲ့ ရခိုင္တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာသူ ကိုးေသာင္းေက်ာ္အထိ ျမင့္တက္လာၿပီးေတာ့၊ အရပ္သားထိခိုက္ေသဆုံးမႈဟာ တစ္ရာေက်ာ္ထိရွိလာပါၿပီ။ တိုက္ပြဲေတြဟာလည္း ေန႔တိုင္းဆိုသလို ျဖစ္ပြားလွ်က္ရွိေနၿပီးေတာ့ တပ္မေတာ္ဘက္ကလည္း ၾကည္း၊ ေရ၊ ေလ သုံးမ်ိဳးစလုံးကို အသုံးျပဳၿပီး တိုက္ခိုက္ေနပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည့္ရဲ႕ အခုလို ထည့္သြင္းေျပာဆိုခဲ့မႈနဲ႔ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ တုံ႔ျပန္ခ်က္ကိုရရွိဖို႔အတြက္ AA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကို RFA က ဆက္သြယ္ေနဆဲျဖစ္ပါတယ္။

RFA Burmese