ကြားဖြတ်အရေးပေါ်အစီအစဉ် လိုအပ်ကြောင်း ဂမ်ဘီယာ လျှောက်လဲ

131

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္မႈ စြပ္စဲြခ်က္နဲ႔ ျမန္မာႏုိင္ငံအေပၚ တရားစဲြဆုိထားတဲ့ ICJ ႏုိင္ငံတကာ တရား႐ုံးမွာ ဒီကေန႔ တတိယေန႔နဲ႔ ေနာက္ဆုံးေန႔အျဖစ္ ၂ ဘက္အျပန္အလွန္ ေလွ်ာက္လဲခ်က္ေတြ တင္သြင္းေနၾကပါတယ္။

ICJ မွာ တရားလုိလုပ္ တရားစဲြဆုိခဲ့တဲ့ ဂမ္ဘီယာႏုိင္ငံက ဥပေဒ အက်ဳိးေဆာင္ေတြကေတာ့ ႐ုိဟင္ဂ်ာေတြအေပၚ ႀကီးေလးတဲ့ ရာဇ၀တ္မႈေတြ က်ဳးလြန္ခဲ့ေၾကာင္းနဲ႔ ဒါကုိလည္း ခုခံေခ်ပမယ့္ ျမန္မာဘက္က ကုိယ္စားလွယ္အဖဲြ႔ကုိ ဦးေဆာင္လာတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မေန႔တုန္းက ေလွ်ာက္လဲခ်က္ေပးရာမွာ ျငင္းဆန္ခဲ့တာ မရွိေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

ျမန္မာႏုိင္ငံမွာ ႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံး သတ္ျဖတ္ဖုိ႔ ရည္ရြယ္ခ်က္ ရွိခဲ့ေၾကာင္းလည္း အေလးထား ထပ္မံေျပာဆုိခဲ့သလုိ၊ အေျခအေနေတြကုိ ဟန္႔တားႏုိင္ဖုိ႔ အေရးေပၚ အစီအမံေတြ လုိအပ္ေၾကာင္းလည္း ေလွ်ာက္လဲခဲ့ၾကပါတယ္။

ရခုိင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြဟာ လူမ်ဳိးတုံး သတ္ျဖတ္မႈ မေျမာက္ေၾကာင္း မေန႔တုန္းကပဲ ICJ မွာ ေလွ်ာက္လဲခ်က္ေပးခဲ့တဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ဒီကေန႔ ၾကားနာပဲြ အဆုံးမသတ္ခင္မွာ စြပ္စဲြခ်က္ေတြကုိ ေခ်ပလိမ့္မယ္လုိ႔လည္း ခန္႔မွန္းရပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခုိင္ျပည္နယ္ေျမာက္ပုိင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အဖဲြ႔က စီးနင္းတုိက္ခုိက္တာကို ျမန္မာစစ္တပ္က တုံ႔ျပန္ရာမွာ ႐ုိဟင္ဂ်ာမြတ္ဆလင္ အမ်ားအျပား ေသဆုံးၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နုိင္ငံကို သိန္းနဲ႔ခ်ီ ထြက္ေျပးခဲ့ၾကရတဲ့အေပၚ တာ၀န္ရွိသူေတြကုိ ေဖာ္ထုတ္ အေရးယူဖုိ႔ ကုလသမဂၢ တာ၀န္ရွိသူေတြ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက တုိက္တြန္းခဲ့ၾကသလုိ အခုေနာက္ဆုံး ICJ အပါအ၀င္ ႏုိင္ငံတကာ တရား႐ုံးေတြမွာ အေရးယူႏုိင္ဖုိ႔အထိ ႀကိဳးပမ္းလာၾကတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လုိ႔ စုံစမ္းေဖာ္ထုတ္ခဲ့တာေတြ၊ ေဖာ္ထုတ္ဖုိ႔ ႀကိဳးစားေနတာေတြ ရွိေနၿပီး အေရးယူခဲ့တာေတြ ရွိခဲ့ေၾကာင္းလည္း ေျပာဆုိထားတာပါ။

[Unicode Version]

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။

ICJ မှာ တရားလိုလုပ် တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက ဥပဒေ အကျိုးဆောင်တွေကတော့ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့ကြောင်းနဲ့ ဒါကိုလည်း ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက လျှောက်လဲချက်ပေးရာမှာ ငြင်းဆန်ခဲ့တာ မရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိခဲ့ကြောင်းလည်း အလေးထား ထပ်မံပြောဆိုခဲ့သလို၊ အခြေအနေတွေကို ဟန့်တားနိုင်ဖို့ အရေးပေါ် အစီအမံတွေ လိုအပ်ကြောင်းလည်း လျှောက်လဲခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း မနေ့တုန်းကပဲ ICJ မှာ လျှောက်လဲချက်ပေးခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ ကြားနာပွဲ အဆုံးမသတ်ခင်မှာ စွပ်စွဲချက်တွေကို ချေပလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့က စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာမွတ်ဆလင် အများအပြား သေဆုံးပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့အပေါ် တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြသလို အခုနောက်ဆုံး ICJ အပါအဝင် နိုင်ငံတကာ တရားရုံးတွေမှာ အရေးယူနိုင်ဖို့အထိ ကြိုးပမ်းလာကြတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခဲ့တာတွေ၊ ဖော်ထုတ်ဖို့ ကြိုးစားနေတာတွေ ရှိနေပြီး အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားတာပါ။