မြန်မာအပေါ် ကြားဖြတ်အရေးယူမှုအမိန့် ချမှတ်သင့်ကြောင်း ဂမ်ဘီယာလျှောက်လဲ

152

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ကြားဖြတ်အရေးယူမှုတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီနေ့ တတိယနေ့အဖြစ် ကြားနာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း၊ နောက်ထပ်လည်း ကျုးလွန်လာဖွယ်ရှိတဲ့ သက်သေအထောက်အထားတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ကြားဖြတ်အရေးယူမှု အမိန့်ကို ချမှတ်ပေးသင့်ကြောင်း ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်တဲ့ Folay Haug ရှေ့နေအဖွဲ့က ခေါင်းဆောင် ပေါရိုက်ခလာ (Paul Reicher) က ပထမဆုံး လျှောက်လဲခဲ့ပါတယ်။

ဒီလိုလျှောက်လဲရာမှာ… မနေ့က မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်တဲ့ ရည်ရွယ်ချက်ဆိုင်ရာ ချေပချက် (၂) ချက် ရှိကြောင်း၊ ပထမတစ်ချက်က… ရိုဟင်ဂျာတွေအပေါ်ဆက်ဆံရာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်လိုတဲ့ရည်ရွယ်ချက် မရှိတဲ့အကြောင်း၊

ဒုတိယတချက်က… ရိုဟင်ဂျာတွေအပေါ် ဆက်ဆံရာမှာ လုပ်ရပ်အရ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်လိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ပုံစံ ပေါက်နိုင်ပေမယ့် ဒီအချက်တစ်ခုတည်းနဲ့ စွဲချက်တင်နိုင်လောက်တဲ့ အခြေအနေမဟုတ်ဘူး… ဆိုတဲ့အချက်ဖြစ်ကြောင်း ရှေ့နေ ပေါရိုက်ခလာက ပြောပါတယ်။

“ရိုဟင်ဂျာတွေအပေါ်ဆက်ဆံရာမှာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မရှိဘူး” ဆိုတဲ့ ပထမအချက်ကို ရှေ့နေရိုက်ခလာက တုံ့ပြန်ပြီး ဒုတိယအချက်ကို ပါမောက္ခဖိလစ်ဆန်း (Philippe Sands) က တုံ့ပြန်ပါတယ်။

မြန်မာဘက်က မငြင်းဆိုတဲ့ အချက်ထဲမှာ… ကုလသမဂ္ဂ လွတ်လပ်တဲ့အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ (Fact-Finding Mission) က ကောက်ချက်ချထားတဲ့ အချက်ဖြစ်တဲ့ ‘မြန်မာအစိုးရက ရိုဟင်ဂျာတွေအပေါ် ဆက်ဆံပြုမူပုံဟာ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ဆန္ဒရှိနေတယ်’ ဆိုတဲ့အချက်ကလွဲပြီး တခြားကောက်ချက်ဆွဲလို့မရပါဘူး ဆိုတဲ့အချက်ကို မြန်မာဘက်က ငြင်းဆိုခြင်းမရှိဘူး… လို့ မစ္စတာ ရိုက်ခလာက ပြောပါတယ်။

… ဒီလိုရည်ရွယ်ချက်ရှိတယ် ဆိုတာကို အသေးစိတ်ညွှန်ပြနေတဲ့ အချက်ခုနှစ်ချက် ရှိတာကိုလည်း မြန်မာဘက်က ငြင်းဆိုခြင်းမရှိပါဘူး… လို့ပြောပါတယ်။

ဒ့ါအပြင် FFM က ထုတ်နုတ်ပြတဲ့ အခြေအနေတွေအပေါ် ချေပပြီး မေးခွန်းထုတ်တာလည်း မရှိဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ မနေ့က မြန်မာဘက်က မချေပခဲ့တဲ့၊ ချေပဖို့ပျက်ကွက်ခဲ့တဲ့ ဒီအချက်တွေကို တရားသူကြီးတွေ စဉ်းစားဆင်ခြင်နိုင်ဖို့ ပြန်တင်ပြပါတယ်လို့ ပြောပါတယ်။

ပထမဆုံး… ‘တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်တဲ့အခါမှာ အစွန်းရောက် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့တယ်’ ဆိုတဲ့အချက်ကို မြန်မာဘက်က တချက်မှ မငြင်းဆိုခဲ့တဲ့အပြင် မြန်မာဘက်က ကိုယ်စားလှယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဝန်တောင်ဝန်ခံခဲ့ပါတယ်… လို့ ပေါရိုက်ခလာက ပြောပါတယ်။

တပ်မတော်သားတွေအနေနဲ့ အင်အားအလွန်အကျွံ မသုံးခဲ့ဘူးဆိုပြီး ယတိပြတ် ငြင်းလို့မရကြောင်း မနေ့က မြန်မာအဖွဲ့ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုခဲ့တာကို အထောက်အထားအဖြစ် ပြသခဲ့ပါတယ်။

ဒုတိယအချက်အနေနဲ့… တပ်မတော်အနေနဲ့ စစ်ဆင်ရေးလုပ်ရာမှာ စနစ်တကျ စီစဉ်ချေမှုန်းတတ်တဲ့အချက် ဖြစ်ပါတယ်။ ဒီနေရာမှာ အကြီးတန်းတပ်မတော်အရာရှိ အဆင့်ဆင့် ပါဝင်တာဖြစ်ပြီး ကျေးရွာပေါင်း ၃၉၂ ရွာကို စနစ်တကျ ဖျက်ဆီးခဲ့တာကိုလည်း မငြင်းဆိုခဲ့ဘူးလို့ ပြောပါတယ်။

တတိယအချက်အဖြစ်… လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မုဒိမ်းမှုကျုးလွန်ခဲ့တာတွေ ကြီးကြီးမားမားရှိခဲ့တဲ့ အခြေအနေတွေကိုလည်း ငြင်းဆိုတာ မရှိဘူးလို့… ပြောပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာဘက်က ဥပဒေကျွမ်းကျင်သူတွေရဲ့ တင်ပြချက်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ပတ်သက်လို့ တစ်လုံးတလေမှ ဖော်ပြခဲ့တာမရှိဘူး… လို့လည်း ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငြင်းလို့မရတဲ့အချက်၊ ငြင်းဖို့မသင့်တဲ့အချက် ဖြစ်နေလို့ မငြင်းဆိုဘဲ တမင် ဥပေက္ခာ ပြုခဲ့တာဖြစ်တယ်… လို့လည်း သူက စွပ်စွဲပါတယ်။

စတုတ္ထအချက်က… နယ်မြေရှင်းလင်းရေးမလုပ်ခင်၊ လုပ်နေဆဲနဲ့၊ လုပ်ပြီးကာလတွေမှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေနဲ့ စော်ကားနှိမ့်ချ ပြောဆိုခဲ့တာတွေကို မြန်မာအစိုးရအရာရှိတွေနဲ့ တခြားသူတွေက ပြောခဲ့တဲ့ အချက်ပါလို့ ဆိုပါတယ်။

ဒီနေရာမှာ ထူးခြားတာက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အပိတ်ခံခဲ့ရတဲ့ Facebook စာမျက်နှာမှာ… ၂ဝ၁၇ နယ်မြေရှင်းလင်းရေးကာလက တင်ခဲ့တဲ့စာသားကို သက်သေအဖြစ် ပြခဲ့ပါတယ်။ အဲဒီစာသားမှာ… ‘ဘင်္ဂါလီပြဿနာဟာ လက်ရှိအစိုးရအနေနဲ့ အထူးတလည် အရေးထားဖြေရှင်းနေတဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာထားပြီးဖြစ်ကြောင်း’ ရေးသားဖော်ပြခဲ့တယ်… လို့ ထောက်ပြပါတယ်။

ပဉ္စအချက်ကတော့… မြန်မာအစိုးရမှာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဖိနှိပ်တဲ့မူဝါဒတွေ၊ ဥပဒေတွေ ရှိနေတဲ့အချက် ဖြစ်ပြီး နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်ရေးကတ် လုပ်ငန်းစဉ်နဲ့ တခြား လူမျိုးရေးဘာသာရေး ခွဲခြားတဲ့ မူဝါဒတွေ ရှိနေတဲ့အချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆဌမအချက်က… အများပြည်သူအကြားမှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကား ပြောဆိုတာတွေကို အစိုးရက တားမြစ်ပိတ်ပင်တာမရှိဘဲ လက်ခံထားတဲ့အချက်… လို့ ဆိုပါတယ်။ သတ္တမအချက်ကတော့… အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ ပျက်ကွက်မှု ဖြစ်တယ်… လို့ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိကြောင်း ညွှန်ပြနေတဲ့အချက် ခုနှစ်ချက်ထဲမှာ ဒီတစ်ချက်တည်းကိုပဲ မြန်မာဘက်က ချေပခဲ့တယ်… လို့ မစ္စတာရိုက်ခလာက ပြောပါတယ်။

ဒီအချက်ကိုရှင်းပြရာမှာ မြန်မာအစိုးရဘက်က နိုင်ငံတော်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ တပ်မတော်က ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးအရေးယူနေတဲ့အကြောင်း မနေ့က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြခဲ့တာကို အထောက်အထား ပြခဲ့ပါတယ်။

… ‘၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ သီးသန့် တရားစီရင်ရေး စနစ်ရှိပြီး ရခိုင်ပြည်နယ်မှာ စစ်ရာဇတ်မှုကျုးလွန်ခဲ့တဲ့ တပ်သားတွေနဲ့အရာရှိတွေကို ဒီစနစ်အရ စုံစမ်းစစ်ဆေး အရေးယူနေကြောင်း၊ ဒါပေမယ့် ဒီလိုအရေးယူရာမှာ တပ်မတော်အကျိုးစီးပွားကို ကျော်လွန်ပြီး တာဝန်ခံမှု တာဝန်ယူမှုရှိရေး ဆောင်ရွက်စေရတာဟာ လွယ်ကူမှုမရှိကြောင်း’ …

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့တင်ပြချက်ကို ကောက်နှုတ်ပြပြီး၊ တပ်မတော်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ရာဇဝတ်မှုကျုးလွန်သူအဖြစ် အစွပ်စွဲခံရပြီး ဒီလိုအခြေအနေမှာ တပ်မတော်ရဲ့တရားစီရင်ရေးဟာ တရားမျှတမှုနဲ့ ခိုင်မာမှုမရှိပုံကို ထောက်ပြပါတယ်။

ရိုက်တာသတင်းဌာနက ဖော်ထုတ်ခဲ့တဲ့ အင်းဒင်လူသတ်မှုမှာ ပြစ်မှုကျုးလွန်သူတွေကို အရေးယူရမယ့်အစား ဒီကိစ္စဖော်ထုတ်ခဲ့တဲ့ သတင်းထောက်တွေကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ နိုင်ငံတကာ ဖိအားကြောင့် ပြစ်မှုကျူးလွန်သူတွေကို အရေးယူခဲ့ပြီး လပိုင်းအတွင်းမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမယ့်၊ သတင်းထောက်တွေကိုတော့ ထောင်ခုနှစ်နှစ် ချမှတ်ခဲ့ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်က ဂူတာပြင်လူသတ်မှုကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေတာဟာလည်း ဂမ်ဘီယာက တရားစွဲအပြီး နှစ်ပတ်အကြာမှာ ပေါ်ပေါက်ခဲ့တာမို့ တိုက်ဆိုင်မှုလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်… လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာလည်း အပြစ်တင်တာ စွပ်စွဲတာတွေ မလုပ်ဘူးလို့ ကြေညာထားတဲ့အတွက် ဘာအတွက်ဖွဲ့တယ် ဆိုတာကို မေးခွန်းထုတ်ခဲ့သလို၊ ရိုဟင်ဂျာ ပြန်လည်ခေါ်ယူရေးမှာ အဓိကလိုအပ်ချက်တွေ ပြင်ဆင်ဆောင်ရွက်ပေးဖို့ အစိုးရအနေနဲ့ ဆန္ဒမရှိတာ၊

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်မှာ “ရိုဟင်ဂျာ” ဆိုတဲ့စကားလုံးကိုတောင် မသုံးခဲ့တာဟာ ရိုဟင်ဂျာတွေအပေါ် အသိမှတ်မပြုလိုဘဲ ဖိနှိပ်ခွဲခြားလိုစိတ်ရှိတာကို ဖော်ပြနေကြောင်း၊ ဂမ်ဘီယာရှေ့နေ ပေါရိုက်ခလာက လျှောက်ထားခဲ့ပါတယ်။

ရှေ့နေပေါရိုက်ခလာအပြီးမှာ ဂမ်ဘီယာဘက်က ပါမောက္ခပီယာ ဒါဂျောန် (Pierre d’Argent)၊ ပါမောက္ခ ပါမောက္ခဖိလစ်ဆန်းနဲ့၊ ဂမ်ဘီယာတရားရေးဝန်ကြီး ရှေနေ့ချုပ် အဘူဘေကာ တမ်ဘာဒို (Abubacarr Tambadou) တို့က နောက်ထပ်စွဲချက်တွေကို တင်ပြခဲ့ကြပါတယ်။

RFA Burmese

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈစြဲခ်က္နဲ႔ ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္အေရးယူမႈေတြ ခ်မွတ္ေပးဖို႔ ဂမ္ဘီယာႏိုင္ငံက တိုင္ၾကားထားတဲ့အမႈကို နယ္သာလန္ႏိုင္ငံ သဟိတ္ၿမိဳ႕က ICJ အျပည္ျပည္ဆိုင္ရာ တရား႐ုံးမွာ ဒီေန႔ တတိယေန႔အျဖစ္ ၾကားနာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့ေၾကာင္း၊ ေနာက္ထပ္လည္း က်ဳးလြန္လာဖြယ္ရွိတဲ့ သက္ေသအေထာက္အထားေတြ ရွိေနတဲ့အတြက္ တရား႐ုံးအေနနဲ႔ ၾကားျဖတ္အေရးယူမႈ အမိန႔္ကို ခ်မွတ္ေပးသင့္ေၾကာင္း ဂမ္ဘီယာဘက္က လိုက္ပါေဆာင္႐ြက္တဲ့ Folay Haug ေရွ႕ေနအဖြဲ႕က ေခါင္းေဆာင္ ေပါ႐ိုက္ခလာ (Paul Reicher) က ပထမဆုံး ေလွ်ာက္လဲခဲ့ပါတယ္။

ဒီလိုေလွ်ာက္လဲရာမွာ… မေန႔က ျမန္မာႏိုင္ငံဘက္က ေလွ်ာက္လဲခ်က္ထဲမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဳးလြန္တဲ့ ရည္႐ြယ္ခ်က္ဆိုင္ရာ ေခ်ပခ်က္ (၂) ခ်က္ ရွိေၾကာင္း၊ ပထမတစ္ခ်က္က… ႐ိုဟင္ဂ်ာေတြအေပၚဆက္ဆံရာမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဳးလြန္လိုတဲ့ရည္႐ြယ္ခ်က္ မရွိတဲ့အေၾကာင္း၊

ဒုတိယတခ်က္က… ႐ိုဟင္ဂ်ာေတြအေပၚ ဆက္ဆံရာမွာ လုပ္ရပ္အရ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဳးလြန္လိုတဲ့ ရည္႐ြယ္ခ်က္ရွိတဲ့ပုံစံ ေပါက္ႏိုင္ေပမယ့္ ဒီအခ်က္တစ္ခုတည္းနဲ႔ စြဲခ်က္တင္ႏိုင္ေလာက္တဲ့ အေျခအေနမဟုတ္ဘူး… ဆိုတဲ့အခ်က္ျဖစ္ေၾကာင္း ေရွ႕ေန ေပါ႐ိုက္ခလာက ေျပာပါတယ္။

“႐ိုဟင္ဂ်ာေတြအေပၚဆက္ဆံရာမွာ လူမ်ိဳးတုံးသတ္ျဖတ္လိုတဲ့ ရည္႐ြယ္ခ်က္မရွိဘူး” ဆိုတဲ့ ပထမအခ်က္ကို ေရွ႕ေန႐ိုက္ခလာက တုံ႔ျပန္ၿပီး ဒုတိယအခ်က္ကို ပါေမာကၡဖိလစ္ဆန္း (Philippe Sands) က တုံ႔ျပန္ပါတယ္။

ျမန္မာဘက္က မျငင္းဆိုတဲ့ အခ်က္ထဲမွာ… ကုလသမဂၢ လြတ္လပ္တဲ့အခ်က္အလက္ရွာေဖြေရး မစ္ရွင္အဖြဲ႕ (Fact-Finding Mission) က ေကာက္ခ်က္ခ်ထားတဲ့ အခ်က္ျဖစ္တဲ့ ‘ျမန္မာအစိုးရက ႐ိုဟင္ဂ်ာေတြအေပၚ ဆက္ဆံျပဳမူပုံဟာ ရည္႐ြယ္ခ်က္ရွိရွိ လူမ်ိဳးတုံးသတ္ျဖတ္လိုတဲ့ဆႏၵရွိေနတယ္’ ဆိုတဲ့အခ်က္ကလြဲၿပီး တျခားေကာက္ခ်က္ဆြဲလို႔မရပါဘူး ဆိုတဲ့အခ်က္ကို ျမန္မာဘက္က ျငင္းဆိုျခင္းမရွိဘူး… လို႔ မစၥတာ ႐ိုက္ခလာက ေျပာပါတယ္။

… ဒီလိုရည္႐ြယ္ခ်က္ရွိတယ္ ဆိုတာကို အေသးစိတ္ၫႊန္ျပေနတဲ့ အခ်က္ခုႏွစ္ခ်က္ ရွိတာကိုလည္း ျမန္မာဘက္က ျငင္းဆိုျခင္းမရွိပါဘူး… လို႔ေျပာပါတယ္။

ဒ့ါအျပင္ FFM က ထုတ္ႏုတ္ျပတဲ့ အေျခအေနေတြအေပၚ ေခ်ပၿပီး ေမးခြန္းထုတ္တာလည္း မရွိဘူးလို႔ ေျပာပါတယ္။ သူ႔အေနနဲ႔ မေန႔က ျမန္မာဘက္က မေခ်ပခဲ့တဲ့၊ ေခ်ပဖို႔ပ်က္ကြက္ခဲ့တဲ့ ဒီအခ်က္ေတြကို တရားသူႀကီးေတြ စဥ္းစားဆင္ျခင္ႏိုင္ဖို႔ ျပန္တင္ျပပါတယ္လို႔ ေျပာပါတယ္။

ပထမဆုံး… ‘တပ္မေတာ္အေနနဲ႔ ႐ိုဟင္ဂ်ာေတြကို တိုက္ခိုက္တဲ့အခါမွာ အစြန္းေရာက္ ရက္စက္ၾကမ္းၾကဳတ္စြာ တိုက္ခိုက္ခဲ့တယ္’ ဆိုတဲ့အခ်က္ကို ျမန္မာဘက္က တခ်က္မွ မျငင္းဆိုခဲ့တဲ့အျပင္ ျမန္မာဘက္က ကိုယ္စားလွယ္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က ဝန္ေတာင္ဝန္ခံခဲ့ပါတယ္… လို႔ ေပါ႐ိုက္ခလာက ေျပာပါတယ္။

တပ္မေတာ္သားေတြအေနနဲ႔ အင္အားအလြန္အကြၽံ မသုံးခဲ့ဘူးဆိုၿပီး ယတိျပတ္ ျငင္းလို႔မရေၾကာင္း မေန႔က ျမန္မာအဖြဲ႕ကိုယ္စားလွယ္ ေဒၚေအာင္ဆန္းစုၾကည္ ထြက္ဆိုခဲ့တာကို အေထာက္အထားအျဖစ္ ျပသခဲ့ပါတယ္။

ဒုတိယအခ်က္အေနနဲ႔… တပ္မေတာ္အေနနဲ႔ စစ္ဆင္ေရးလုပ္ရာမွာ စနစ္တက် စီစဥ္ေခ်မႈန္းတတ္တဲ့အခ်က္ ျဖစ္ပါတယ္။ ဒီေနရာမွာ အႀကီးတန္းတပ္မေတာ္အရာရွိ အဆင့္ဆင့္ ပါဝင္တာျဖစ္ၿပီး ေက်း႐ြာေပါင္း ၃၉၂ ႐ြာကို စနစ္တက် ဖ်က္ဆီးခဲ့တာကိုလည္း မျငင္းဆိုခဲ့ဘူးလို႔ ေျပာပါတယ္။

တတိယအခ်က္အျဖစ္… လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာ၊ မုဒိမ္းမႈက်ဳးလြန္ခဲ့တာေတြ ႀကီးႀကီးမားမားရွိခဲ့တဲ့ အေျခအေနေတြကိုလည္း ျငင္းဆိုတာ မရွိဘူးလို႔… ေျပာပါတယ္။

မေန႔က ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျမန္မာဘက္က ဥပေဒကြၽမ္းက်င္သူေတြရဲ႕ တင္ျပခ်က္မွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာနဲ႔ ပတ္သက္လို႔ တစ္လုံးတေလမွ ေဖာ္ျပခဲ့တာမရွိဘူး… လို႔လည္း ဆိုပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ျငင္းလို႔မရတဲ့အခ်က္၊ ျငင္းဖို႔မသင့္တဲ့အခ်က္ ျဖစ္ေနလို႔ မျငင္းဆိုဘဲ တမင္ ဥေပကၡာ ျပဳခဲ့တာျဖစ္တယ္… လို႔လည္း သူက စြပ္စြဲပါတယ္။

စတုတၳအခ်က္က… နယ္ေျမရွင္းလင္းေရးမလုပ္ခင္၊ လုပ္ေနဆဲနဲ႔၊ လုပ္ၿပီးကာလေတြမွာ ႐ိုဟင္ဂ်ာေတြအေပၚ အမုန္းစကားေတြနဲ႔ ေစာ္ကားႏွိမ့္ခ် ေျပာဆိုခဲ့တာေတြကို ျမန္မာအစိုးရအရာရွိေတြနဲ႔ တျခားသူေတြက ေျပာခဲ့တဲ့ အခ်က္ပါလို႔ ဆိုပါတယ္။

ဒီေနရာမွာ ထူးျခားတာက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ အပိတ္ခံခဲ့ရတဲ့ Facebook စာမ်က္ႏွာမွာ… ၂ဝ၁၇ နယ္ေျမရွင္းလင္းေရးကာလက တင္ခဲ့တဲ့စာသားကို သက္ေသအျဖစ္ ျပခဲ့ပါတယ္။ အဲဒီစာသားမွာ… ‘ဘဂၤါလီျပႆနာဟာ လက္ရွိအစိုးရအေနနဲ႔ အထူးတလည္ အေရးထားေျဖရွင္းေနတဲ့ မၿပီးျပတ္ေသးတဲ့ လုပ္ငန္းတစ္ခု ျဖစ္ေၾကာင္း၊ မိမိတို႔အေနနဲ႔ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာလူမ်ိဳး မရွိဘူးဆိုတာ ရွင္းရွင္းလင္းလင္း ေၾကညာထားၿပီးျဖစ္ေၾကာင္း’ ေရးသားေဖာ္ျပခဲ့တယ္… လို႔ ေထာက္ျပပါတယ္။

ပၪၥအခ်က္ကေတာ့… ျမန္မာအစိုးရမွာ ႐ိုဟင္ဂ်ာေတြအေပၚ ခြဲျခားဖိႏွိပ္တဲ့မူဝါဒေတြ၊ ဥပေဒေတြ ရွိေနတဲ့အခ်က္ ျဖစ္ၿပီး ႏိုင္ငံသားဥပေဒ၊ ႏိုင္ငံသားစိစစ္ေရးကတ္ လုပ္ငန္းစဥ္နဲ႔ တျခား လူမ်ိဳးေရးဘာသာေရး ခြဲျခားတဲ့ မူဝါဒေတြ ရွိေနတဲ့အခ်က္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဆဌမအခ်က္က… အမ်ားျပည္သူအၾကားမွာ ႐ိုဟင္ဂ်ာေတြအေပၚ အမုန္းစကား ေျပာဆိုတာေတြကို အစိုးရက တားျမစ္ပိတ္ပင္တာမရွိဘဲ လက္ခံထားတဲ့အခ်က္… လို႔ ဆိုပါတယ္။ သတၱမအခ်က္ကေတာ့… အစိုးရအေနနဲ႔ ႏိုင္ငံတကာလူ႔အခြင့္အေရးနဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာျပစ္မႈ က်ဴးလြန္သူေတြကို စုံစမ္းစစ္ေဆးအေရးယူဖို႔ ပ်က္ကြက္မႈ ျဖစ္တယ္… လို႔ဆိုပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ဖို႔ ရည္႐ြယ္ခ်က္ရွိေၾကာင္း ၫႊန္ျပေနတဲ့အခ်က္ ခုႏွစ္ခ်က္ထဲမွာ ဒီတစ္ခ်က္တည္းကိုပဲ ျမန္မာဘက္က ေခ်ပခဲ့တယ္… လို႔ မစၥတာ႐ိုက္ခလာက ေျပာပါတယ္။

ဒီအခ်က္ကိုရွင္းျပရာမွာ ျမန္မာအစိုးရဘက္က ႏိုင္ငံေတာ္ရဲ႕အစိတ္အပိုင္းျဖစ္တဲ့ တပ္မေတာ္က ျပစ္မႈ က်ဴးလြန္သူေတြကို စုံစမ္းစစ္ေဆးအေရးယူေနတဲ့အေၾကာင္း မေန႔က ေဒၚေအာင္ဆန္းစုၾကည္ ရွင္းျပခဲ့တာကို အေထာက္အထား ျပခဲ့ပါတယ္။

… ‘၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တပ္မေတာ္ဟာ သီးသန႔္ တရားစီရင္ေရး စနစ္ရွိၿပီး ရခိုင္ျပည္နယ္မွာ စစ္ရာဇတ္မႈက်ဳးလြန္ခဲ့တဲ့ တပ္သားေတြနဲ႔အရာရွိေတြကို ဒီစနစ္အရ စုံစမ္းစစ္ေဆး အေရးယူေနေၾကာင္း၊ ဒါေပမယ့္ ဒီလိုအေရးယူရာမွာ တပ္မေတာ္အက်ိဳးစီးပြားကို ေက်ာ္လြန္ၿပီး တာဝန္ခံမႈ တာဝန္ယူမႈရွိေရး ေဆာင္႐ြက္ေစရတာဟာ လြယ္ကူမႈမရွိေၾကာင္း’ …

မေန႔က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕တင္ျပခ်က္ကို ေကာက္ႏႈတ္ျပၿပီး၊ တပ္မေတာ္အေနနဲ႔ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ ရာဇဝတ္မႈက်ဳးလြန္သူအျဖစ္ အစြပ္စြဲခံရၿပီး ဒီလိုအေျခအေနမွာ တပ္မေတာ္ရဲ႕တရားစီရင္ေရးဟာ တရားမွ်တမႈနဲ႔ ခိုင္မာမႈမရွိပုံကို ေထာက္ျပပါတယ္။

႐ိုက္တာသတင္းဌာနက ေဖာ္ထုတ္ခဲ့တဲ့ အင္းဒင္လူသတ္မႈမွာ ျပစ္မႈက်ဳးလြန္သူေတြကို အေရးယူရမယ့္အစား ဒီကိစၥေဖာ္ထုတ္ခဲ့တဲ့ သတင္းေထာက္ေတြကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း၊ ႏိုင္ငံတကာ ဖိအားေၾကာင့္ ျပစ္မႈက်ဴးလြန္သူေတြကို အေရးယူခဲ့ၿပီး လပိုင္းအတြင္းမွာပဲ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ေပမယ့္၊ သတင္းေထာက္ေတြကိုေတာ့ ေထာင္ခုႏွစ္ႏွစ္ ခ်မွတ္ခဲ့ေၾကာင္းလည္း ေထာက္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၅ ရက္က ဂူတာျပင္လူသတ္မႈကို စစ္ခုံ႐ုံးဖြဲ႕ စစ္ေဆးေနတာဟာလည္း ဂမ္ဘီယာက တရားစြဲအၿပီး ႏွစ္ပတ္အၾကာမွာ ေပၚေပါက္ခဲ့တာမို႔ တိုက္ဆိုင္မႈလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္… လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျမန္မာအစိုးရ ဖြဲ႕စည္းခဲ့တဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ဟာလည္း အျပစ္တင္တာ စြပ္စြဲတာေတြ မလုပ္ဘူးလို႔ ေၾကညာထားတဲ့အတြက္ ဘာအတြက္ဖြဲ႕တယ္ ဆိုတာကို ေမးခြန္းထုတ္ခဲ့သလို၊ ႐ိုဟင္ဂ်ာ ျပန္လည္ေခၚယူေရးမွာ အဓိကလိုအပ္ခ်က္ေတြ ျပင္ဆင္ေဆာင္႐ြက္ေပးဖို႔ အစိုးရအေနနဲ႔ ဆႏၵမရွိတာ၊

မေန႔က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ထြက္ဆိုခ်က္မွာ “႐ိုဟင္ဂ်ာ” ဆိုတဲ့စကားလုံးကိုေတာင္ မသုံးခဲ့တာဟာ ႐ိုဟင္ဂ်ာေတြအေပၚ အသိမွတ္မျပဳလိုဘဲ ဖိႏွိပ္ခြဲျခားလိုစိတ္ရွိတာကို ေဖာ္ျပေနေၾကာင္း၊ ဂမ္ဘီယာေရွ႕ေန ေပါ႐ိုက္ခလာက ေလွ်ာက္ထားခဲ့ပါတယ္။

ေရွ႕ေနေပါ႐ိုက္ခလာအၿပီးမွာ ဂမ္ဘီယာဘက္က ပါေမာကၡပီယာ ဒါေဂ်ာန္ (Pierre d’Argent)၊ ပါေမာကၡ ပါေမာကၡဖိလစ္ဆန္းနဲ႔၊ ဂမ္ဘီယာတရားေရးဝန္ႀကီး ေရွေန႔ခ်ဳပ္ အဘူေဘကာ တမ္ဘာဒို (Abubacarr Tambadou) တို႔က ေနာက္ထပ္စြဲခ်က္ေတြကို တင္ျပခဲ့ၾကပါတယ္။

RFA Burmese