ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်မယ့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ပျောက်ဆုံးနေ

109

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ နိုင်ငံတကာတရားရုံး ICJ မှာ သွားရောက်ကြားနာနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်ဖို့ ပြင်ရှည်ကျေးရွာကို ဖိတ်ကြားစာတွေ သွားရောက်ချိန် ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က မနက် ၆ နာရီလောက်က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲပြုလုပ်ဖို့ ပြင်ရှည်ကျေးရွာကို ဖိတ်ကြားစာတွေနဲ့အတူ သွားတာဖြစ်ပြီး အဲဒီနောက် နေ့လယ် ၁ နာရီလောက်မှာ ဦးရဲသိန်းကို ဆက်သွယ်လို့မရတော့ဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။

လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်ပဲ ပြောနိုင်ပြီး တခြားအချက်အလက်တွေ၊ အဖြစ်အပျက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ NLD အဖွဲ့ဝင်တွေလည်း လုံခြုံရေး ကင်းမဲ့တဲ့ဒုက္ခကို ခံစားနေရတာဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် လူထုထောက်ခံပွဲကို ဒီဇင်ဘာလ ၁၂ ရက် ဒီကနေ့မှာ မြို့နယ်ပါတီရုံးရှေ့ လမ်းမကြီးမှာ ပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

RFA Burmese

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠ႒ ဦးရဲသိန္းဟာ ႏိုင္ငံတကာတရား႐ုံး ICJ မွာ သြားေရာက္ၾကားနာေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲလုပ္ဖို႔ ျပင္ရွည္ေက်း႐ြာကို ဖိတ္ၾကားစာေတြ သြားေရာက္ခ်ိန္ ေပ်ာက္ဆုံးသြားတာ ျဖစ္တယ္လို႔ သိရပါတယ္။

မေန႔က မနက္ ၆ နာရီေလာက္က ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲျပဳလုပ္ဖို႔ ျပင္ရွည္ေက်း႐ြာကို ဖိတ္ၾကားစာေတြနဲ႔အတူ သြားတာျဖစ္ၿပီး အဲဒီေနာက္ ေန႔လယ္ ၁ နာရီေလာက္မွာ ဦးရဲသိန္းကို ဆက္သြယ္လို႔မရေတာ့ဘူးလို႔ NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးၫြန႔္က RFA ကို ေျပာပါတယ္။

လက္ရွိအခ်ိန္အထိ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနတယ္ပဲ ေျပာႏိုင္ၿပီး တျခားအခ်က္အလက္ေတြ၊ အျဖစ္အပ်က္ေတြကို ဆက္လက္စုံစမ္းေနဆဲျဖစ္လို႔ ေဒါက္တာ မ်ိဳးၫြန႔္က ေျပာပါတယ္။

ဒါ့အျပင္ အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ NLD အဖြဲ႕ဝင္ေတြလည္း လုံၿခဳံေရး ကင္းမဲ့တဲ့ဒုကၡကို ခံစားေနရတာျဖစ္ၿပီး သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ျပဳလုပ္မယ့္ ေဒၚေအာင္ဆန္းစုၾကည္ လူထုေထာက္ခံပြဲကို ဒီဇင္ဘာလ ၁၂ ရက္ ဒီကေန႔မွာ ၿမိဳ႕နယ္ပါတီ႐ုံးေရွ႕ လမ္းမႀကီးမွာ ျပဳလုပ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

RFA Burmese