အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကြားနာပွဲ တိုက်ရိုက်ထုတ်လွှင့်ချက်

176

နိုင်ငံတကာတရားရုံး ICJ အပြန်အလှန်လျှောက်လဲမယ်

ဒီနေ့ ဒီဇင်ဘာ ၁၂ရက်နေ့မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ နှစ်ဘက် အပြန်အလှန် လျှောက်လဲ ကြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံဟာလူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ် အစီအမံအမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဂမ်ဘီယာနိုင်ငံက စတင်လျှောက်လဲခဲ့ပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က ပြန်လည်ချေပ လျှောက်လဲ ခဲ့ပြီး ဒီကနေ့မှာတော့ နှစ်ဘက် အပြန်အလှန် လျှောက်လဲကြမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က လျှောက်လဲတဲ့အခါ ဂမ်ဘီယာတရားရေးဝန်ကြီး နဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးက ဦးဆောင်ပြီးတော့ ဂမ်ဘီယာ ငှားထားတဲ့ အမေရိကန်ရှေ့နေအဖွဲ့က လျှောက်လဲပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့အတွက် provisional Measures လို့ခေါ်တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေကို ထုတ်ပေးနိုင်အောင် သက်သေ အထောက်အထားတွေ၊ လိုအပ်ချက်တွေ ဘယ်လိုရှိတယ် ဆိုတာကို အမေရိကန်ရှေ့နေအဖွဲ့က ရှေ့နေ ပေါလ်ရိုက်ဂနာ အပါအဝင် ရှေ့နေ ၈ယောက်လောက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ၃နာရီနီးပါး လျှောက်လဲ သွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဌားထားတဲ့ ရှေ့နေ ဝီလီယံရှားဘတ်စ် အပါအဝင် မြန်မာရှေ့နေတွေက အချက် ၅ ချက်ခန့်ကို အဓိက လျှောက်လဲခဲ့ပါတယ်။

အဲဒီအချက်တွေထဲမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူး၊ ဂမ်ဘီယာအနေနဲ့ မြန်မာကို တရားစွဲနိုင်တဲ့ အခွင့်အရေး မရှိဘူး။ လူအများထွက်ပြေးအောင် လူတွေကို မောင်းထုတ်တာဟာ ဂျီနိုဆိုက်မဟုတ်ဘူး စတာတွေဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တပ်မတော်က ကျူးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ မြန်မာဘက်က လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အသိအမှတ်ပြု လေးစားဖို့ကို ပြန်လည် ပြောဆို လျှောက်လဲသွားပါတယ်။

ဒါ့အပြင် အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီပြသနာတွေ စခဲ့တယ် ဆိုတဲ့ အကြောင်းကို ဂမ်ဘီယာ ဘက်က လျှောက်လဲတင်ပြမှုတွေမှာ ထည့်သွင်းပြောသွားတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဂမ်ဘီယာဘက်က လျှောက်လဲခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ အခြေအနေတွေဟာ အာဆာအဖွဲ့ဝင် ၄၀ဝ လောက်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်က ရဲကင်းစခန်း ၃ ခုကို တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ ၉ ယောက်အပါအဝင် လူ ၁၀ဝ လောက် သေစေခဲ့တဲ့ တိုက်ခိုက်မှုကနေ ဒီပဋိပက္ခကို စဖြစ်လာတာ ဖြစ်ပြီး ဒါကြောင့် တပ်မတော် ဘက်က ကာကွယ်ရေးနဲ့ လုံခြုံရေး တွေတိုးမြှင့်ဖို့ စတင်ဆောင်ရွက်လာရတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆို ခဲ့ပါတယ်။

BBC Burmese

ႏိုင္ငံတကာတရား႐ုံး ICJ အျပန္အလွန္ေလွ်ာက္လဲမယ္

ဒီေန႔ ဒီဇင္ဘာ ၁၂ရက္ေန႔မွာ ျမန္မာနဲ႔ ဂမ္ဘီယာတို႔ ႏွစ္ဘက္ အျပန္အလွန္ ေလွ်ာက္လဲ ၾကဖို႔ ရွိပါတယ္။ ျမန္မာႏိုင္ငံဟာလူမ်ိဳးတုံး သတ္ျဖတ္မႈဆိုင္ရာ ဂ်ီႏိုဆိုက္ ကြန္ဗန္းရွင္းကို ခ်ိဳးေဖာက္တယ္လို႔ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားၿပီး ၾကားျဖတ္ အစီအမံအမိန္႔ေတြ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတာကို အိုင္စီေဂ်မွာ ဒီဇင္ဘာ ၁၀ ရက္ေန႔က ဂမ္ဘီယာႏိုင္ငံက စတင္ေလွ်ာက္လဲခဲ့ပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံဘက္က ျပန္လည္ေခ်ပ ေလွ်ာက္လဲ ခဲ့ၿပီး ဒီကေန႔မွာေတာ့ ႏွစ္ဘက္ အျပန္အလွန္ ေလွ်ာက္လဲၾကမွာျဖစ္ပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႕ ဒီဇင္ဘာ ၁၀ ရက္ေန႔က ေလွ်ာက္လဲတဲ့အခါ ဂမ္ဘီယာတရားေရးဝန္ႀကီး နဲ႔ ေရွ႕ေနခ်ဳပ္ အဘူဘာကာ တမ္ဘာဒူးက ဦးေဆာင္ၿပီးေတာ့ ဂမ္ဘီယာ ငွားထားတဲ့ အေမရိကန္ေရွ႕ေနအဖြဲ႕က ေလွ်ာက္လဲပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ အႏၲရာယ္ ျမန္မာႏိုင္ငံမွာ ရွိေနေသးတဲ့အတြက္ provisional Measures လို႔ေခၚတဲ့ ၾကားျဖတ္စီမံ ေဆာင္႐ြက္ခ်က္ေတြကို ထုတ္ေပးႏိုင္ေအာင္ သက္ေသ အေထာက္အထားေတြ၊ လိုအပ္ခ်က္ေတြ ဘယ္လိုရွိတယ္ ဆိုတာကို အေမရိကန္ေရွ႕ေနအဖြဲ႕က ေရွ႕ေန ေပါလ္႐ိုက္ဂနာ အပါအဝင္ ေရွ႕ေန ၈ေယာက္ေလာက္က ကုလသမဂၢ အခ်က္အလက္ရွာေဖြေရး အဖြဲ႕ရဲ႕ အစီရင္ခံစာေတြကို ကိုးကားၿပီး ၃နာရီနီးပါး ေလွ်ာက္လဲ သြားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ ဂမ္ဘီယာရဲ႕ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ဌားထားတဲ့ ေရွ႕ေန ဝီလီယံရွားဘတ္စ္ အပါအဝင္ ျမန္မာေရွ႕ေနေတြက အခ်က္ ၅ ခ်က္ခန္႔ကို အဓိက ေလွ်ာက္လဲခဲ့ပါတယ္။

အဲဒီအခ်က္ေတြထဲမွာ အျပည္ျပည္ဆိုင္ရာ တရား႐ုံးမွာ ဒီအမႈကို စီရင္ပိုင္ခြင့္မရွိဘူး၊ ဂမ္ဘီယာအေနနဲ႔ ျမန္မာကို တရားစြဲႏိုင္တဲ့ အခြင့္အေရး မရွိဘူး။ လူအမ်ားထြက္ေျပးေအာင္ လူေတြကို ေမာင္းထုတ္တာဟာ ဂ်ီႏိုဆိုက္မဟုတ္ဘူး စတာေတြျဖစ္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို တပ္မေတာ္က က်ဴးလြန္ခဲ့တယ္ ဆိုတာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာအေနနဲ႔ ျမန္မာဘက္က လုပ္ေဆာင္ေနတဲ့ စုံစမ္းစစ္ေဆးမႈေတြကို အသိအမွတ္ျပဳ ေလးစားဖို႔ကို ျပန္လည္ ေျပာဆို ေလွ်ာက္လဲသြားပါတယ္။

ဒါ့အျပင္ အာဆာအဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ဒီျပသနာေတြ စခဲ့တယ္ ဆိုတဲ့ အေၾကာင္းကို ဂမ္ဘီယာ ဘက္က ေလွ်ာက္လဲတင္ျပမႈေတြမွာ ထည့္သြင္းေျပာသြားတာ မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

ဂမ္ဘီယာဘက္က ေလွ်ာက္လဲခဲ့တဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တယ္ ဆိုတဲ့ အေျခအေနေတြဟာ အာဆာအဖြဲ႕ဝင္ ၄၀ဝ ေလာက္က ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွာ ရခိုင္ျပည္နယ္က ရဲကင္းစခန္း ၃ ခုကို တိုက္ခိုက္ၿပီး ရဲတပ္ဖြဲ႕ ၉ ေယာက္အပါအဝင္ လူ ၁၀ဝ ေလာက္ ေသေစခဲ့တဲ့ တိုက္ခိုက္မႈကေန ဒီပဋိပကၡကို စျဖစ္လာတာ ျဖစ္ၿပီး ဒါေၾကာင့္ တပ္မေတာ္ ဘက္က ကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေတြတိုးျမႇင့္ဖို႔ စတင္ေဆာင္႐ြက္လာရတာလို႔ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျပာဆို ခဲ့ပါတယ္။