အနည်းငယ်ကိုက်ရုံနဲ့ လူအသားကို ပုပ်သိုးစေနိုင်တဲ့ အဆိပ်ပြင်းပင့်ကူ မျိုးစိတ်သစ်တွေ့ရှိ

364

သိပ္ပံပညာရှင်တွေဟာ အလွန်အဆိပ်ပြင်းတဲ့ ပင့်ကူမျိုးစိတ်အသစ်တစ်မျိုးကို တွေ့ရှိခဲ့တာကြောင့် အတော်လေး အံ့သြနေတယ်လို့ ဆိုပါတယ်။ သူတို့တွေ့ရှိခဲ့တဲ့ ပင့်ကူမျိုးစိတ်အသစ်ရဲ့အဆိပ်ဟာ အလွန်ပြင်းထန်ပြီး၊ ကိုက်မိရုံနဲ့ လူရဲ့အသားကို နာရီအနည်းငယ်အတွင်း ပုပ်သိုးပျက်စီးစေမှာလို့ သိရပါတယ်။

ဒီအကြောင်းကို LadBible က ဖော်ပြထားတာပါ။ ဒီပင့်ကူကို မက္ကဆီကို သုတေသနပညာရှင်တွေက တွေ့ရှိအတည်ပြုနိုင်ခဲ့ပါ။ ဒီပင့်ကူကို Loxosceles tenochtitlan လို့ အမည်ပေးထားပြီး၊ မက္ကဆီကိုပိုင်နက်၊ Valley of Mexico နယ်ပယ်က သူတို့ရဲ့ မျိုးရင်းဒေသလို့ ဆိုပါတယ်။

Loxosceles ရဲ့ အဆိပ်ဟာ တစ်ခြားပင့်ကူများထက် ပျံ့နှံံ့အား ပိုမြန်ပြီး၊ ချက်ချင်းဆိုသလို အကိုက်ခံရသူရဲ့ အသားတစ်ရှူးတွေကို ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။ ဒီလိုပဲ အကိုက်ခံရတဲ့အနာဟာ အရေးပြားရဲ့ (၄၀)စင်တီမီတာပတ်လည်အထိ သက်ရောက်မှာ ဖြစ်ပါတယ်။

ဒီပင့်ကူအကိုက်ခံရလို့ ဆေးကုမယ်ဆိုရင်တောင် လပေါင်းများစွာ ကြာမြင့်မှာဖြစ်ပြီး၊ အသားစတစ်ရှူးတွေ ပုပ်သိုးတဲ့ ဒဏ်ရာကလည်း အဆုံးမှာ ကြောက်မက်ဖွယ်ရာ အမာရွတ်ကြီး၊ ဓားနဲ့လှီးထုတ်ထားသလို အခေါင်းပေါက်ကြီးအဖြစ် ကျန်နေခဲ့နိုင်ကြောင်း သိရပါတယ်။

ဒီပင့်ကူကို ရှာဖွေတွေ့ရှိခဲ့တဲ့ အဖွဲ့ကတော့ Biology Institute at the National Autonomous University of Mexico (UNAM) က သိပ္ပံပညာရှင်တွေဖြစ်ကြပြီး၊ ပါမောက္ခ  Alejandro Valdez-Mondragon က ဦးဆောင်ခဲ့တာပါ။ ဒေါက်တာ Valdez ကတော့ ဒီပင့်ကူမျိုးက သင်နဲ့ ဝေးလေ ကောင်းလေလို့ အသိပေးခဲ့ပါတယ်။

နေသူရိန် (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

သိပၸံပညာရွင္ေတြဟာ အလြန္အဆိပ္ျပင္းတဲ့ ပင့္ကူမ်ိဳးစိတ္အသစ္တစ္မ်ိဳးကို ေတြ႕ရွိခဲ့တာေၾကာင့္ အေတာ္ေလး အံ့ၾသေနတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ေတြ႕ရွိခဲ့တဲ့ ပင့္ကူမ်ိဳးစိတ္အသစ္ရဲ႕အဆိပ္ဟာ အလြန္ျပင္းထန္ၿပီး၊ ကုိက္မိ႐ုံနဲ႔ လူရဲ႕အသားကို နာရီအနည္းငယ္အတြင္း ပုပ္သုိးပ်က္စီးေစမွာလုိ႔ သိရပါတယ္။

ဒီအေၾကာင္းကို LadBible က ေဖာ္ျပထားတာပါ။ ဒီပင့္ကူကို မကၠဆီကုိ သုေတသနပညာရွင္ေတြက ေတြ႕ရွိအတည္ျပဳႏုိင္ခဲ့ပါ။ ဒီပင့္ကူကုိ Loxosceles tenochtitlan လုိ႔ အမည္ေပးထားၿပီး၊ မကၠဆီကုိပုိင္နက္၊ Valley of Mexico နယ္ပယ္က သူတုိ႔ရဲ႕ မ်ိဳးရင္းေဒသလုိ႔ ဆုိပါတယ္။

Loxosceles ရဲ႕ အဆိပ္ဟာ တစ္ျခားပင့္ကူမ်ားထက္ ပ်ံ႔ႏွံံ႔အား ပုိျမန္ၿပီး၊ ခ်က္ခ်င္းဆုိသလုိ အကုိက္ခံရသူရဲ႕ အသားတစ္႐ွဴးေတြကို ဖ်က္ဆီးပစ္မွာ ျဖစ္ပါတယ္။ ဒီလုိပဲ အကိုက္ခံရတဲ့အနာဟာ အေရးျပားရဲ႕ (၄၀)စင္တီမီတာပတ္လည္အထိ သက္ေရာက္မွာ ျဖစ္ပါတယ္။

ဒီပင့္ကူအကိုက္ခံရလုိ႔ ေဆးကုမယ္ဆုိရင္ေတာင္ လေပါင္းမ်ားစြာ ၾကာျမင့္မွာျဖစ္ၿပီး၊ အသားစတစ္႐ွဴးေတြ ပုပ္သုိးတဲ့ ဒဏ္ရာကလည္း အဆုံးမွာ ေၾကာက္မက္ဖြယ္ရာ အမာရြတ္ႀကီး၊ ဓားနဲ႔လွီးထုတ္ထားသလုိ အေခါင္းေပါက္ႀကီးအျဖစ္ က်န္ေနခဲ့ႏုိင္ေၾကာင္း သိရပါတယ္။

ဒီပင့္ကူကုိ ရွာေဖြေတြ႕ရွိခဲ့တဲ့ အဖြဲ႕ကေတာ့ Biology Institute at the National Autonomous University of Mexico (UNAM) က သိပၸံပညာရွင္ေတြျဖစ္ၾကၿပီး၊ ပါေမာကၡ  Alejandro Valdez-Mondragon က ဦးေဆာင္ခဲ့တာပါ။ ေဒါက္တာ Valdez ကေတာ့ ဒီပင့္ကူမ်ိဳးက သင္နဲ႔ ေဝးေလ ေကာင္းေလလုိ႔ အသိေပးခဲ့ပါတယ္။

ေနသူရိန္ (D Nae Khit)