ဘူးသီးတောင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ

79

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို စီစဉ်နေသူ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်း ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။

မနေ့ကပျောက်နေတာ ဒီကနေ့ ၃ နာရီအချိန်အထိ ဆက်သွယ်မရသေးဘူးလို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောဆိုပါတယ်။

“ပျောက်ဆုံးနေတာ မှန်ပါတယ်။ ၁၁ ရက်နေ့စလို့ အဆက်အသွယ်မရတာ၊ ၁၁ ရက်နေ့ ဘယ်အချိန်ကနေ စပြီးပျောက်တယ်ဆို ကျနော်လည်းမသိဘူး။ အန်အယ်လ်ဒီ ရုံးအလုပ်မှု တယောက် လာပြောလို့သိတာ။ အဆက်အသွယ်က လုံးဝမရဘူး။ မနေ့ကတောင် ရဲက လာပြီးရှာတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆက်သွယ်တော့လည်းလုံးဝမရဘူး။ ဒီနေ့အချိန်အထိပဲ”

ဥက္ကဋ္ဌ ဦးရဲသိန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့မှ ပြင်ရှည် ကျေးရွာကို သား၊ ငါးဝယ်ဖို့နဲ့ အလုပ်အကူလုပ်ဖို့ ဆိုပြီး အစ်ကိုဖြစ်သူက ထွက်သွားတာ ဖြစ်ပြီး ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ပျောက်နေတာလို့ ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပဖို့စီစဉ်ထားတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဥက္ကဋ္ဌ ဦးရဲသိန်းကို ဘယ်သူတွေက ခေါ်ဆောင်သွားတယ်၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေ ခေါ်ဆောင်သွားတယ်ဆိုတာကို သဲသဲကွဲကွဲ မသိသေးဘူးလို့ ညီဖြစ်သူ ဦးအောင်ဆွေက ဒီဗွီဘီကို ပြောဆိုပါတယ်။

DVB TV News

အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ သြားေရာက္တရားရင္ဆိုင္ေနတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေထာက္ခံပြဲကို စီစဥ္ေနသူ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ ဥကၠ႒ ဦးရဲသိန္း ဒီဇင္ဘာ ၁၁ ရက္ေန႔ ေန႔လယ္ပိုင္းကတည္းက ေပ်ာက္ဆုံးေနတယ္လို႔ မိသားစုဝင္ေတြက ဒီဗြီဘီကိုေျပာပါတယ္။

မေန႔ကေပ်ာက္ေနတာ ဒီကေန႔ ၃ နာရီအခ်ိန္အထိ ဆက္သြယ္မရေသးဘူးလို႔ ညီျဖစ္သူ ဦးေအာင္ကိုေဆြက ေျပာဆိုပါတယ္။

“ေပ်ာက္ဆုံးေနတာ မွန္ပါတယ္။ ၁၁ ရက္ေန႔စလို႔ အဆက္အသြယ္မရတာ၊ ၁၁ ရက္ေန႔ ဘယ္အခ်ိန္ကေန စၿပီးေပ်ာက္တယ္ဆို က်ေနာ္လည္းမသိဘူး။ အန္အယ္လ္ဒီ ႐ုံးအလုပ္မႈ တေယာက္ လာေျပာလို႔သိတာ။ အဆက္အသြယ္က လုံးဝမရဘူး။ မေန႔ကေတာင္ ရဲက လာၿပီးရွာတယ္။ အဲ့ဒီေနာက္ပိုင္းမွာ ဆက္သြယ္ေတာ့လည္းလုံးဝမရဘူး။ ဒီေန႔အခ်ိန္အထိပဲ”

ဥကၠ႒ ဦးရဲသိန္းဟာ ဒီဇင္ဘာ ၁၁ ရက္ေန႔ ေန႔လယ္ပိုင္းက ဘူးသီးေတာင္ၿမိဳ႕မွ ျပင္ရွည္ ေက်း႐ြာကို သား၊ ငါးဝယ္ဖို႔နဲ႔ အလုပ္အကူလုပ္ဖို႔ ဆိုၿပီး အစ္ကိုျဖစ္သူက ထြက္သြားတာ ျဖစ္ၿပီး ျပန္လည္ေရာက္ရွိလာျခင္းမရွိေတာ့ဘဲ ေပ်ာက္ေနတာလို႔ ညီျဖစ္သူ ဦးေအာင္ကိုေဆြက ေျပာပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ) မွာ သြားေရာက္တရားရင္ဆိုင္ေနတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေထာက္ခံပြဲကို ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္ၿပီး ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ က်င္းပဖို႔စီစဥ္ထားတာျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာေတာ့ ဥကၠ႒ ဦးရဲသိန္းကို ဘယ္သူေတြက ေခၚေဆာင္သြားတယ္၊ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းေတြ ေခၚေဆာင္သြားတယ္ဆိုတာကို သဲသဲကြဲကြဲ မသိေသးဘူးလို႔ ညီျဖစ္သူ ဦးေအာင္ေဆြက ဒီဗြီဘီကို ေျပာဆိုပါတယ္။

DVB TV News