ဖိနပ်စီးစရာမရှိလို့၊ ပတ်တီးဖိနပ်နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ကလေးမလေး ရွှေတံဆိပ် (၃)ခုရ

312

ဖိလစ်ပိုင်နိုင်ငံက အသက်(၁၁)နှစ်အရွယ် ကျောင်းသူလေးဟာ အားကစားပြိုင်ပွဲမှာ ဖိနပ်မရှိပေမယ့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သူမရဲ့ကျောင်းအတွက် ရွှေတံဆိပ်(၃)ခုအထိ ယူပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ NextShark မှာ ဖော်ပြချက်အရ ဒီကျောင်းသူလေးဟာ ပြည်နယ်အဆင့်မှာ ထိပ်ဆုံးဖြစ်ခဲ့ပါတယ်။

ကျောင်းသူလေးအမည်ကတော့ Rhea Ballos လို့အမည်ရပြီး၊ ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးခဲ့ပေမယ့် တစ်ခြားသူတွေလို အားကစားဖိနပ်စီးစရာ မရှိပါဘူး။ ဒါကြောင့် သူမဟာ ပတ်တီးတွေကို ခြေထောက်မှာ ရစ်ပတ်ပြီး၊ Nike တံဆိပ်လေးတွေတောင် မင်နဲ့ ရေးထားပါသေးတယ်။

ဒီလက်လုပ်ဖိနပ်နဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ အများဆုံးယူနိုင်ခဲ့တာပါ။ Rhea ဟာ Balasan, Iloilo မှာတည်ရှိတဲ့ Salvacion Elementary School ကျောင်းသူဖြစ်ပါတယ်။ Iloilo Schools Sports Council Meet ပြိုင်ပွဲမှာ သူမရဲ့ ထူးချွန်မှုကို ပြသခဲ့နိုင်ခဲ့တာပါ။

Rhea ဟာ မိန်းကလေးသီးသန့် မီတာ(၄၀၀)(၈၀၀)(၁၅၀၀) ပြိုင်ပွဲသုံးရပ်စလုံးမှာ ရွှေတံဆိပ်တွေအကုန်လုံး သိမ်းပိုက်နိုင်ခဲ့တာကြောင့် အတော်လေး နာမည်ကြီးသွားပါတယ်။ သူမရဲ့အကြောင်း ပျံ့နှံ့နေတဲ့ လူမှုကွန်ရက်မှာတော့ မှတ်ချက်ရေးသူတွေက Nike အနေနဲ့ ကလေးမလေးကို ဖိနပ်တော့ ပေးသင့်တယ်လို့ ဆိုနေကြပါတယ်။

Nike ဘက်ဘက ဘာတုန့်မြန်မှုမှ မကြားရသေးပေမယ့် ဖိလစ်ပိုင်အခြေစိုက် ဘက်စကတ်ဘောအသင်း Alaska Aces ရဲ့ နည်းပြချုပ် Jeffrey Cariaso ကတော့ ကလေးမရဲ့မိသားစုဝင်တွေ၊ ကျောင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံနေပြီး၊ လိုအပ်တဲ့ ကူညီမှုတွေ ပေးသွားမယ်လို့ ပြောပါတယ်။

လင်းဇော်ကို D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ဖိလစ္ပိုင္ႏုိင္ငံက အသက္(၁၁)ႏွစ္အရြယ္ ေက်ာင္းသူေလးဟာ အားကစားၿပိဳင္ပြဲမွာ ဖိနပ္မရွိေပမယ့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ သူမရဲ႕ေက်ာင္းအတြက္ ေရႊတံဆိပ္(၃)ခုအထိ ယူေပးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ NextShark မွာ ေဖာ္ျပခ်က္အရ ဒီေက်ာင္းသူေလးဟာ ျပည္နယ္အဆင့္မွာ ထိပ္ဆုံးျဖစ္ခဲ့ပါတယ္။

ေက်ာင္းသူေလးအမည္ကေတာ့ Rhea Ballos လုိ႔အမည္ရၿပီး၊ ဆုတံဆိပ္ေပါင္းမ်ားစြာကို ဆြတ္ခူးခဲ့ေပမယ့္ တစ္ျခားသူေတြလုိ အားကစားဖိနပ္စီးစရာ မရွိပါဘူး။ ဒါေၾကာင့္ သူမဟာ ပတ္တီးေတြကို ေျခေထာက္မွာ ရစ္ပတ္ၿပီး၊ Nike တံဆိပ္ေလးေတြေတာင္ မင္နဲ႔ ေရးထားပါေသးတယ္။

ဒီလက္လုပ္ဖိနပ္နဲ႔ ၿပိဳင္ပြဲေတြမွာ ဆုတံဆိပ္ေတြ အမ်ားဆုံးယူႏုိင္ခဲ့တာပါ။ Rhea ဟာ Balasan, Iloilo မွာတည္ရွိတဲ့ Salvacion Elementary School ေက်ာင္းသူျဖစ္ပါတယ္။ Iloilo Schools Sports Council Meet ၿပိဳင္ပြဲမွာ သူမရဲ႕ ထူးခၽြန္မႈကို ျပသခဲ့ႏုိင္ခဲ့တာပါ။

Rhea ဟာ မိန္းကေလးသီးသန္႔ မီတာ(၄၀၀)(၈၀၀)(၁၅၀၀) ၿပိဳင္ပြဲသုံးရပ္စလုံးမွာ ေရႊတံဆိပ္ေတြအကုန္လုံး သိမ္းပုိက္ႏုိင္ခဲ့တာေၾကာင့္ အေတာ္ေလး နာမည္ႀကီးသြားပါတယ္။ သူမရဲ႕အေၾကာင္း ပ်ံ႕ႏွံ႔ေနတဲ့ လူမႈကြန္ရက္မွာေတာ့ မွတ္ခ်က္ေရးသူေတြက Nike အေနနဲ႔ ကေလးမေလးကို ဖိနပ္ေတာ့ ေပးသင့္တယ္လုိ႔ ဆုိေနၾကပါတယ္။

Nike ဘက္ဘက ဘာတုန္႔ျမန္မႈမွ မၾကားရေသးေပမယ့္ ဖိလစ္ပိုင္အေျခစုိက္ ဘက္စကတ္ေဘာအသင္း Alaska Aces ရဲ႕ နည္းျပခ်ဳပ္ Jeffrey Cariaso ကေတာ့ ကေလးမရဲ႕မိသားစုဝင္ေတြ၊ ေက်ာင္းတာဝန္ရွိသူေတြနဲ႕ ေတြ႕ဆုံေနၿပီး၊ လုိအပ္တဲ့ ကူညီမႈေတြ ေပးသြားမယ္လုိ႔ ေျပာပါတယ္။

လင္းေဇာ္ကုိ D Nae Khit Media