ဝန်ထမ်း(၁၉၈)ဦးကို တစ်ဦးလျှင် ဒေါ်လာ(၅)သောင်းစီ မုန့်ဖိုးပေးခဲ့တဲ့သူဌေး(ရုပ်/သံ)

184

ဝန်ထမ်းတွေအပေါ်ကို ပြန်ကြည့်တဲ့ ကုမ္ပဏီတွေဟာ ထူးခြားစွာ အောင်မြင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် လူတိုင်းလူတိုင်းက ကိုယ့်အပေါ်ကောင်းရင် ကိုယ်က နှစ်ခါလောက် ပြန်ကောင်းပြလိုက်ရမှ ကျေနပ်တာမျိုးမို့ ဖြစ်ပါတယ်။

အခုလည်း အိမ်ခြံမြေသူဌေးကြီးတစ်ဦးဟာ သူရဲဲ့ဝန်ထမ်း (၁၉၈)ဦးကို မုန့်ဖိုးပေးဖို့အတွက် ဒေါ်လာ (၁၀,၀၀၀,၀၀၀)အထိ အသုံးပြုခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးဆီမှာ မုန့်ဖိုး ဒေါ်လာ (၅)သောင်းစီ ရရှိခဲ့ကြပြီး၊ ဒါဟာ သမိုင်းတစ်လျှောက်မှာ အများဆုံး မုန့်ဖိုးပေးတဲ့အဖြစ်လို့တောင် ဆိုနိုင်ပါတယ်။

ကုမ္ပဏီပိုင်ရှင်အမည်ကတော့ Edward St John ဖြစ်ပြီး၊ အိမ်ခြံမြေလုပ်ငန်း၊ အိမ်ခြံမြေအကျိူးဆောင်လုပ်ငန်း အဓိက လုပ်ပါတယ်။ အမေရိကန် မေရီလန်း၊ ဘလက်တီမိုးမှာ တည်ရှိပါတယ်။ ဝန်ထမ်းစုံညီ ညစာစားပွဲမှာ သူဟာ ဝန်ထမ်းတွေအတွက် မုန့်ဖို့ ဒေါ်လာ(၁၀)သန်း ပေးမယ်လို့ ကြေညာခဲ့တာပါ။

ကုမ္ပဏီအမည်ကတော့ St John Properties ဖြစ်ပြီး၊ ဝန်ထမ်းသက် ကြာမြင့်သူတွေက နှစ်ထမ်းအလိုက် မုန့်ဖိုးပိုရကြောင်း သိရပါတယ်။ သိရသလောက်တော့ လူတိုင်း ပျမ်းမျှ ဒေါ်လာ (၅)သောင်းဆီ ရကြပါသတဲ့။ ဒါတင်မကသေးပါဘူး။ ယခုနှစ်ကုန်ရင် ပိတ်ရက်မုန့်ဖိုး သက်သက်ပေးဦးမှာပါတဲ့။

ဝန်ထမ်းတွေဟာ သူတို့စာအိတ်ထဲက ချက်လက်မှတ်မှာ ထင်မှတ်မထားတဲ့ ပမာဏကို တွေ့လိုက်ရလို့ တစ်ချို့ဆို မျက်ရည်မခိုင် ငိုသူငို၊ ပျော်လွန်းလို့ တစ်ယောက်နဲ့ ပွေ့ဖက်ကခုန်ကြသည်အထိ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကိုယ့်အပေါ်ကို ကောင်းကျိုးပြုသူတွေကို ကျေးဇူးဆပ်တာဟာ မင်္ဂလာပဲ ဖြစ်ပါတယ်။

နတ်စည်တော် (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ဝန္ထမ္းေတြအေပၚကို ျပန္ၾကည့္တဲ့ ကုမၸဏီေတြဟာ ထူးျခားစြာ ေအာင္ျမင္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆုိရင္ လူတုိင္းလူတုိင္းက ကုိယ့္အေပၚေကာင္းရင္ ကိုယ္က ႏွစ္ခါေလာက္ ျပန္ေကာင္းျပလုိက္ရမွ ေက်နပ္တာမ်ိဳးမုိ႔ ျဖစ္ပါတယ္။

အခုလည္း အိမ္ၿခံေျမသူေဌးႀကီးတစ္ဦးဟာ သူရဲဲ႕ဝန္ထမ္း (၁၉၈)ဦးကို မုန္႔ဖုိးေပးဖုိ႔အတြက္ ေဒၚလာ (၁၀,၀၀၀,၀၀၀)အထိ အသုံးျပဳခဲ့ပါတယ္။ ဝန္ထမ္းတစ္ဦးဆီမွာ မုန္႔ဖုိး ေဒၚလာ (၅)ေသာင္းစီ ရရွိခဲ့ၾကၿပီး၊ ဒါဟာ သမုိင္းတစ္ေလွ်ာက္မွာ အမ်ားဆုံး မုန္႔ဖုိးေပးတဲ့အျဖစ္လုိ႔ေတာင္ ဆုိႏုိင္ပါတယ္။

ကုမၸဏီပုိင္ရွင္အမည္ကေတာ့ Edward St John ျဖစ္ၿပီး၊ အိမ္ၿခံေျမလုပ္ငန္း၊ အိမ္ၿခံေျမအက်ိဴးေဆာင္လုပ္ငန္း အဓိက လုပ္ပါတယ္။ အေမရိကန္ ေမရီလန္း၊ ဘလက္တီမုိးမွာ တည္ရွိပါတယ္။ ဝန္ထမ္းစုံညီ ညစာစားပြဲမွာ သူဟာ ဝန္ထမ္းေတြအတြက္ မုန္႔ဖုိ႔ ေဒၚလာ(၁၀)သန္း ေပးမယ္လုိ႔ ေၾကညာခဲ့တာပါ။

ကုမၸဏီအမည္ကေတာ့ St John Properties ျဖစ္ၿပီး၊ ဝန္ထမ္းသက္ ၾကာျမင့္သူေတြက ႏွစ္ထမ္းအလုိက္ မုန္႔ဖုိးပုိရေၾကာင္း သိရပါတယ္။ သိရသေလာက္ေတာ့ လူတုိင္း ပ်မ္းမွ် ေဒၚလာ (၅)ေသာင္းဆီ ရၾကပါသတဲ့။ ဒါတင္မကေသးပါဘူး။ ယခုႏွစ္ကုန္ရင္ ပိတ္ရက္မုန္႔ဖုိး သက္သက္ေပးဦးမွာပါတဲ့။

ဝန္ထမ္းေတြဟာ သူတုိ႔စာအိတ္ထဲက ခ်က္လက္မွတ္မွာ ထင္မွတ္မထားတဲ့ ပမာဏကို ေတြ႕လုိက္ရလုိ႔ တစ္ခ်ိဳ႕ဆုိ မ်က္ရည္မခုိင္ ငုိသူငုိ၊ ေပ်ာ္လြန္းလုိ႔ တစ္ေယာက္နဲ႔ ေပြ႕ဖက္ကခုန္ၾကသည္အထိ ျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ ကိုယ့္အေပၚကုိ ေကာင္းက်ိဳးျပဳသူေတြကို ေက်းဇူးဆပ္တာဟာ မဂၤလာပဲ ျဖစ္ပါတယ္။

နတ္စည္ေတာ္ (D Nae Khit)