မွေးကတည်းက စွန့်ပစ်ခံခဲ့ရပေမယ့် ဒေါ်လာသန်း(၆၀)တန်တဲ့ ကုမ္ပဏီပိုင်ရှင် ဖြစ်လာခဲ့သူ

193

လူ့ကံဇာတာဆိုတာ ပြောဖို့ခက်ပါတယ်။ ရွှေလင်ပန်းနဲ့အချင်းဆေးခဲ့ရပေမယ့် ကံဇာတာမကောင်းဘူးဆိုရင် ဆင်းရဲတတ်ပါတယ်။ ငယ်ငယ်ကတည်းက ပြာပုံပေါ်မှာ စွန့်ပစ်ခံခဲ့ရပေမယ့် ကြီးလာတဲ့အခါ ရှင်ဘုရင်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကံထမ်းလာတာကို မမြင်ရ-ဆိုပြီး ပြောကြတာပါ။

အခုလည်း အမျိုးသားတစ်ယောက်ဟာ ငယ်ငယ်ကတည်းက အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရပေမယ့် အခုအခါမှာတော့ သူဟာ ဒေါ်လာသန်း(၆၀)တန် ကုမ္ပဏီကြီးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ သူဟာ ဖလော်ရီရာမှာ (၁၉၈၉)ခုနှစ်မှာ မွေးခဲ့သူဖြစ်ပြီး၊ မိဘတွေက မွေးမွေးချင်း စွန့်ပစ်ခဲ့တာပါ။

လမ်းသွားလမ်းလာတစ်ဦးက သူ့ကို မြင်လိုက်တာကြောင့် ရဲကို အကူအညီတောင်းခဲ့ပါတယ်။ ရဲက ဆေးရုံတွေ ဘာတွေပို့ပေးပြီးနောက် ဆေးရုံက ကုသမှုတွေ ပြီးဆုံးတာနဲ့ မိဘမဲ့ဂေဟာကို ပို့ပေးခဲ့ပါတယ်။ ကံကောင်းချင်တော့ သူဟာ မိဘမဲ့ ကလေးဘဝမှာ Nathan နဲ့ Betty Figgers တို့ မွေးစားတာကို ခံခဲ့ရပါတယ်။

အဲဒီနောက် နာမည်အတိအကျမရှိသေးတဲ့ သူ့မှာ Freddie Figgers ဆိုတဲ့ တရားဝင်နာမည်ကို ရရှိခဲ့ပါတယ်။ မွေးစားတဲ့စာရွက်စာတမ်းထဲမှာ ဒီနာမည်ကို တရားဝင်ဖော်ပြခဲ့လို့ တရားဝင်နာမည်လို့ ပြောတာပါ။ အသက်(၉)နှစ်မှာ သူ့ကို ဖခင်က Mac ကွန်ပျူတာ 2nd တစ်လုံးဝယ်ပေးခဲ့ပါတယ်။

သူဟာ ငယ်ငယ်ကတည်းက အနှိုက်အချွတ်ဝါသနာပါတော့ ကွန်ပျူတာပျက်တာကို သူ့ဘာသာ ပြင်နိုင်ခဲ့ပါတယ်။ အသက်(၁၃)နှစ်မှာ ကုမ္ပဏီတစ်ခုက ကွန်ပျူတာပြင်ဖို့ ငှားရမ်းခံခဲ့ရပါတယ်။ သူ့အသက်(၁၅)နှစ်မှာ Freddie တစ်ယောက် ကိုယ်ပိုင် ကွန်ပျူတာဆားဗစ်ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါပြီ။

နည်းပညာဘက်မှာ ပါရမီပါလာတဲ့ Freddie ဟာ GPS tracker ကို တီထွင်နိုင်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဖခင် Nathan တစ်ယောက် မနက်ခင်း လမ်းလျှောက်တာ ဘယ်နေရာကို ရောက်နေသလဲဆိုတာ သိဖို့ပါ။ ဒါပေမယ့် ဒီနည်းပညာကို ကြိုက်စျေးပေးဝယ်မယ့် ကုမ္ပဏီတွေ ပေါ်လာခဲ့ပါတယ်။

သူဟာ GPS tracker ကို ဒေါ်လာ (၂.၂)သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Freddie ဟာ Friggers Wireless နည်းပညာကုမ္ပဏီကို ကောင်းမွန်စွာ လည်ပတ်နေပြီး၊ တန်ဖိုးအားဖြင့် ဒေါ်လာ(၆၂)သန်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ The Friggers Foundation ကို တည်ထောင်ပြီး ဒုက္ခရောက်သူတွေ၊ မိဘမဲ့ကလေးတွေကို ကူညီပေးနေပါတယ်။

လင်းသုတ (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

လူ႕ကံဇာတာဆုိတာ ေျပာဖုိ႔ခက္ပါတယ္။ ေရႊလင္ပန္းနဲ႔အခ်င္းေဆးခဲ့ရေပမယ့္ ကံဇာတာမေကာင္းဘူးဆုိရင္ ဆင္းရဲတတ္ပါတယ္။ ငယ္ငယ္ကတည္းက ျပာပုံေပၚမွာ စြန္႔ပစ္ခံခဲ့ရေပမယ့္ ႀကီးလာတဲ့အခါ ရွင္ဘုရင္ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ ကံထမ္းလာတာကို မျမင္ရ-ဆုိၿပီး ေျပာၾကတာပါ။

အခုလည္း အမ်ိဳးသားတစ္ေယာက္ဟာ ငယ္ငယ္ကတည္းက အမႈိက္ပုံမွာ စြန္႔ပစ္ခံခဲ့ရေပမယ့္ အခုအခါမွာေတာ့ သူဟာ ေဒၚလာသန္း(၆၀)တန္ ကုမၸဏီႀကီးကို ပိုင္ဆုိင္ထားရၿပီ ျဖစ္ပါတယ္။ သူဟာ ဖေလာ္ရီရာမွာ (၁၉၈၉)ခုႏွစ္မွာ ေမြးခဲ့သူျဖစ္ၿပီး၊ မိဘေတြက ေမြးေမြးခ်င္း စြန္႔ပစ္ခဲ့တာပါ။

လမ္းသြားလမ္းလာတစ္ဦးက သူ႕ကုိ ျမင္လုိက္တာေၾကာင့္ ရဲကုိ အကူအညီေတာင္းခဲ့ပါတယ္။ ရဲက ေဆး႐ုံေတြ ဘာေတြပုိ႔ေပးၿပီးေနာက္ ေဆး႐ုံက ကုသမႈေတြ ၿပီးဆုံးတာနဲ႔ မိဘမဲ့ေဂဟာကို ပို႔ေပးခဲ့ပါတယ္။ ကံေကာင္းခ်င္ေတာ့ သူဟာ မိဘမဲ့ ကေလးဘဝမွာ Nathan နဲ႔ Betty Figgers တုိ႔ ေမြးစားတာကို ခံခဲ့ရပါတယ္။

အဲဒီေနာက္ နာမည္အတိအက်မရွိေသးတဲ့ သူ႕မွာ Freddie Figgers ဆုိတဲ့ တရားဝင္နာမည္ကို ရရွိခဲ့ပါတယ္။ ေမြးစားတဲ့စာရြက္စာတမ္းထဲမွာ ဒီနာမည္ကို တရားဝင္ေဖာ္ျပခဲ့လုိ႔ တရားဝင္နာမည္လုိ႔ ေျပာတာပါ။ အသက္(၉)ႏွစ္မွာ သူ႕ကို ဖခင္က Mac ကြန္ပ်ဴတာ 2nd တစ္လုံးဝယ္ေပးခဲ့ပါတယ္။

သူဟာ ငယ္ငယ္ကတည္းက အႏႈိက္အခၽြတ္ဝါသနာပါေတာ့ ကြန္ပ်ဴတာပ်က္တာကို သူ႕ဘာသာ ျပင္ႏုိင္ခဲ့ပါတယ္။ အသက္(၁၃)ႏွစ္မွာ ကုမၸဏီတစ္ခုက ကြန္ပ်ဴတာျပင္ဖုိ႔ ငွားရမ္းခံခဲ့ရပါတယ္။ သူ႕အသက္(၁၅)ႏွစ္မွာ Freddie တစ္ေယာက္ ကိုယ္ပိုင္ ကြန္ပ်ဴတာဆားဗစ္ကုမၸဏီကို တည္ေထာင္ႏုိင္ခဲ့ပါၿပီ။

နည္းပညာဘက္မွာ ပါရမီပါလာတဲ့ Freddie ဟာ GPS tracker ကို တီထြင္ႏုိင္ခဲ့ပါတယ္။ အဓိကရည္ရြယ္ခ်က္ကေတာ့ ဖခင္ Nathan တစ္ေယာက္ မနက္ခင္း လမ္းေလွ်ာက္တာ ဘယ္ေနရာကို ေရာက္ေနသလဲဆုိတာ သိဖုိ႔ပါ။ ဒါေပမယ့္ ဒီနည္းပညာကုိ ႀကိဳက္ေစ်းေပးဝယ္မယ့္ ကုမၸဏီေတြ ေပၚလာခဲ့ပါတယ္။

သူဟာ GPS tracker ကုိ ေဒၚလာ (၂.၂)သန္းနဲ႔ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ အခုဆုိရင္ေတာ့ Freddie ဟာ Friggers Wireless နည္းပညာကုမၸဏီကို ေကာင္းမြန္စြာ လည္ပတ္ေနၿပီး၊ တန္ဖုိးအားျဖင့္ ေဒၚလာ(၆၂)သန္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ The Friggers Foundation ကို တည္ေထာင္ၿပီး ဒုကၡေရာက္သူေတြ၊ မိဘမဲ့ကေလးေတြကို ကူညီေပးေနပါတယ္။

လင္းသုတ (D Nae Khit)