ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဘိလိယက်အားကစားသမား ကိုဘုန်းမြင့်ကျော် ရွှေတံဆိပ်ဆု ထပ်မံရရှိ

180

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ဘိလိယက်အားကစားနည်းကနေ ရွှေတံဆိပ်ဆု တခု ထပ်မံ ရရှိသွားပါတယ်။

မနီလာမြို့ရှိ မနီလာဟိုတယ်မှာ မနေ့က ကျင်းပတဲ့ အမျိုးသားတဦးချင်း 9ball Pool ဗိုလ်လုပွဲစဉ်မှာ မြန်မာနိုင်ငံမှ ကိုဘုန်းမြင့်ကျော်က ဗီယက်နမ်ကစားသမားကို ၉ ပွဲ ၄ ပွဲနဲ့ အနိုင်ရယူကာ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုကို ရယူပေးခဲ့တာပါ။

ကိုဘုန်းမြင့်ကျော်ဟာ 9ball Pool နှစ်ယောက်တွဲ ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆု ရယူပေးခဲ့ပြီး အခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် တဦးထဲက ရွှေတံဆိပ်ဆု ၂ ခု ရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်သွားတဲ့ လက်ကျန်ပွဲစဉ်တွေမှာ မြန်မာ ယူ-၂၂ အသင်း ဘောလုံးအသင်းက ကမ္ဘောဒီးယားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ကြေးတံဆိပ် ၁ ခု ရရှိခဲ့သလို နပန်းပြိုင်ပွဲ ၅၅ ကီလိုတန်းမှာ မြန်မာနိုင်ငံက မျိုးထွန်းက ကြေးတံဆိပ် ၁ ခု ရရှိခဲ့ပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွေဟာ ဒီကနေ့ ပြီးဆုံးမှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ရွှေ ၄ ခု၊ ငွေ ၁၈ ခု၊ ကြေး ၅၂ ခု ရရှိပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Photo : လူထု/ပညာ

ဖိလစ္ပိုင္ႏိုင္ငံမွာ က်င္းပေနတဲ့ အႀကိမ္ ၃၀ ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာအားကစားအဖြဲ႕ဟာ ဘိလိယက္အားကစားနည္းကေန ေ႐ႊတံဆိပ္ဆု တခု ထပ္မံ ရရွိသြားပါတယ္။

မနီလာၿမိဳ႕ရွိ မနီလာဟိုတယ္မွာ မေန႔က က်င္းပတဲ့ အမ်ိဳးသားတဦးခ်င္း 9ball Pool ဗိုလ္လုပြဲစဥ္မွာ ျမန္မာႏိုင္ငံမွ ကိုဘုန္းျမင့္ေက်ာ္က ဗီယက္နမ္ကစားသမားကို ၉ ပြဲ ၄ ပြဲနဲ႔ အႏိုင္ရယူကာ ႏိုင္ငံေတာ္အတြက္ ေ႐ႊတံဆိပ္ဆုကို ရယူေပးခဲ့တာပါ။

ကိုဘုန္းျမင့္ေက်ာ္ဟာ 9ball Pool ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာလည္း ေ႐ႊတံဆိပ္ဆု ရယူေပးခဲ့ၿပီး အခုႏွစ္ ဆီးဂိမ္းစ္ၿပိဳင္ပြဲမွာ ျမန္မာႏိုင္ငံအတြက္ တဦးထဲက ေ႐ႊတံဆိပ္ဆု ၂ ခု ရယူေပးႏိုင္ခဲ့တဲ့ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

မေန႔က ယွဥ္ၿပိဳင္သြားတဲ့ လက္က်န္ပြဲစဥ္ေတြမွာ ျမန္မာ ယူ-၂၂ အသင္း ေဘာလုံးအသင္းက ကေမာၻဒီးယားအသင္းကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိကာ ေၾကးတံဆိပ္ ၁ ခု ရရွိခဲ့သလို နပန္းၿပိဳင္ပြဲ ၅၅ ကီလိုတန္းမွာ ျမန္မာႏိုင္ငံက မ်ိဳးထြန္းက ေၾကးတံဆိပ္ ၁ ခု ရရွိခဲ့ပါတယ္။

ဆီးဂိမ္းစ္ၿပိဳင္ပြဲေတြဟာ ဒီကေန႔ ၿပီးဆုံးမွာ ျဖစ္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ေ႐ႊ ၄ ခု၊ ေငြ ၁၈ ခု၊ ေၾကး ၅၂ ခု ရရွိၿပီး ႏိုင္ငံအလိုက္ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။

Photo : လူထု/ပညာ