ICJ မှာ အမှုရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ – ရန်ကုန်

200

အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲထားတာကို ရင္ဆိုင္ေျဖရွင္းမယ့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံေၾကာင္း ရန္ကုန္တိုင္း အေရွ႕ပိုင္းခ႐ိုင္မွာ ေနထိုင္သူေတြ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္က ဆရာဝန္အသင္း႐ုံးေရွ႕ကေန ၿမိဳ႕ေတာ္ခန္းမေရွ႕ထိ ခ်ီတက္လမ္းေလွ်ာက္ေနပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ကို ေထာက္ခံသူေတြဟာ အေရွ႕ပိုင္းခ႐ိုင္၊ အေနာက္ပိုင္းခ႐ိုင္၊ ေတာင္ပိုင္းခ႐ိုင္နဲ႔ ေျမာက္ပိုင္းခ႐ိုင္ဆိုၿပီး လမ္းေၾကာင္းေလးခုကေန ခ်ီတက္လမ္းေလွ်ာက္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ ခန္းမေရွ႕မွာ ဆုံရပ္အေနနဲ႔ စုေပါင္းေဟာေျပာပြဲ လုပ္ဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ အမႈဖြင့္ထားတာကို နယ္သာလန္ႏိုင္ငံ သဟိတ္ဂ္ ၿမိဳ႕မွာရွိတဲ့ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJ မွာ ဒီေန႔စတင္ ၾကားနာမွာျဖစ္ပါတယ္။

အဲဒီၾကားနာပြဲကိုတက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရကိုယ္စားလွယ္အဖြဲ႕ဟာ နယ္သာလန္ႏိုင္ငံကို မေန႔က ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံသူေတြရွိသလို ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အပစ္ေပးအေရးယူဖို႔ ICJ တရား႐ုံးမွာ တရားစြဲထားတာကို ေထာက္ခံေၾကာင္း ျပည္တြင္း၊ ျပည္ပက လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူေတြက ေၾကညာခ်က္ထုတ္ျပန္ထားတာေတြလည္း ရွိေနပါတယ္။

RFA Burmese

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာကို ရင်ဆိုင်ဖြေရှင်းမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်မှာ နေထိုင်သူတွေ မင်္ဂလာတောင်ညွန့်မြို့နယ်က ဆရာဝန်အသင်းရုံးရှေ့ကနေ မြို့တော်ခန်းမရှေ့ထိ ချီတက်လမ်းလျှောက်နေပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံသူတွေဟာ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်ဆိုပြီး လမ်းကြောင်းလေးခုကနေ ချီတက်လမ်းလျှောက်ပြီး ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆုံရပ်အနေနဲ့ စုပေါင်းဟောပြောပွဲ လုပ်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အမှုဖွင့်ထားတာကို နယ်သာလန်နိုင်ငံ သဟိတ်ဂ် မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဒီနေ့စတင် ကြားနာမှာဖြစ်ပါတယ်။

အဲဒီကြားနာပွဲကိုတက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို မနေ့က ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေရှိသလို မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပစ်ပေးအရေးယူဖို့ ICJ တရားရုံးမှာ တရားစွဲထားတာကို ထောက်ခံကြောင်း ပြည်တွင်း၊ ပြည်ပက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြေညာချက်ထုတ်ပြန်ထားတာတွေလည်း ရှိနေပါတယ်။

RFA Burmese