(၆) နာရီကြာ အသက်မရှုဘဲ နှလုံးရပ်ပြီးနောက် ပြန်အသက်ရှင်လာတဲ့ အမျိုးသမီး

187

အဂၤလန္ ဆရာမ Andrey Schoeman ဟာ သူမရဲ႕ ခင္ပြန္းသည္နဲ႔ စပိန္ႏုိင္ငံကုိ သြားၿပီး စက္ဘီး စီးတဲ့ အခ်ိန္မွာ ႏွင္းမုန္တုိင္းနဲ႔ ဝင္တုိးသြားခဲ့လုိ႔ ခႏၥာကုိယ္ အပူခ်ိန္ က်ဆင္းေရာဂါ ျဖစ္ခဲ့ပါတယ္။

သူမဟာ အသက္ (၃၄) ႏွစ္အရြယ္ ရွိေနၿပီး၊ သူမရဲ႕ ခင္ပြန္းသည္နဲ႔ စက္ဘီးစီးရင္း ႏွင္းမုန္တုိင္းနဲ႔ ဝင္တုိးတဲ့ အခ်ိန္မွာ ခႏၥကိုယ္ အပူခ်ိန္က (၁၈ ဒီဂရီ ဆဲလ္စီယက္စ္) အထိ က်သြားခဲ့ပါတယ္။

သူဟာ ႏွင္းမုန္တုိင္းနဲ႔ ဝင္တုိးၿပီး ခႏၥကုိယ္ အပူခ်ိန္ က်သြားတဲ့ အခ်ိန္မွာ သတိေမ့ေလ်ာ့သြားၿပီး Hyphothermia လုိ႔ ေခၚၾကတဲ့ (ခႏၥာကုိယ္ အပူခ်ိန္ က်ဆင္း ေရာဂါ) ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။

Credit: Facebook/Audrey Schoeman

ခင္ပြန္းသည္ အမ်ဳိးသားက သတိေမ့ေနတဲ့ သူ႔ရဲ႕ ဇနီးသည္ကုိ ျပန္ႏုိးခဲ့ေပမဲ့လည္း သူ႔ရဲ႕ ဇနီးက လုံးဝကုိ ျပန္မႏုိးလာေတာ့ဘဲ သတိေမ့တာကေန အသက္မရႈေတာ့တဲ့ အထိ ျဖစ္သြားခဲ့ပါတယ္။

ခင္ပြန္းသည္ အမ်ုိးသားဟာ ကယ္ဆယ္ေရး အဖဲြ႔ကို အေၾကာင္းၾကားၾကသြားၿပီး၊ ကယ္ဆယ္ေရး အဖဲြ႔က ေရာက္လာတဲ့ အခ်ိန္မွာ သတိေမ့ေနတဲ့ အမ်ဳိးသမီးကုိ ေဆးရုံ ခ်က္ခ်င္း ပုိ႔ေပးခဲ့ပါတယ္။

သူဟာ ကယ္ဆယ္ေရး အဖဲြ႔ ေရာက္လာတဲ့ အခါမွာ ႏွလုံး မခုန္ေတာ့ဘဲ၊ ႏွလုံးအလုပ္ မလုပ္ဘဲ၊ အသက္မရႈေတာ့ဘဲ၊ သူမရဲ႕ ေက်ာက္ကပ္ဟာလည္း အလုပ္မလုပ္ခဲ့ေတာ့တာပဲ ျဖစ္ပါတယ္။

Credit: Department of Health

ဆရာဝန္ေတြဟာ သူမရဲ႕ ခႏၥာကုိယ္ကုိ အေႏြးခန္းထဲမွာ ထားခဲ့ၿပီး၊ ညေနပုိင္းေလာက္ အခ်ိန္မွာ သူမရဲ႕ ႏွလုံးကုိ ျပန္ကုသၾကတဲ့ အခ်ိန္မွာ အမ်ဳိးသမီးက ျပန္အသက္ရွင္လာခဲ့တာ ျဖစ္ပါတယ္။

ဆရာဝန္ Eduard Argudo က “ဒီျဖစ္စဥ္ဟာ ကမၻာနဲ႔ ခ်ီၿပီး ရွားပါးျဖစ္စဥ္ပါ။ ဒီျဖစ္စဥ္ဟာ စပိန္ ႏိုင္ငံမွာ အၾကာဆုံး ႏွလုံးရပ္ပါ”လုိ႔ ေျပာခဲ့တယ္လုိ႔ Ladbilble သတင္းက ေဖာ္ျပသြားခဲ့ပါတယ္။

Ko Khant ( D Nae Khit Media )

Credit: Facebook/Audrey Schoeman

အင်္ဂလန် ဆရာမ Andrey Schoeman ဟာ သူမရဲ့ ခင်ပွန်းသည်နဲ့ စပိန်နိုင်ငံကို သွားပြီး စက်ဘီး စီးတဲ့ အချိန်မှာ နှင်းမုန်တိုင်းနဲ့ ဝင်တိုးသွားခဲ့လို့ ခန္စာကိုယ် အပူချိန် ကျဆင်းရောဂါ ဖြစ်ခဲ့ပါတယ်။

သူမဟာ အသက် (၃၄) နှစ်အရွယ် ရှိနေပြီး၊ သူမရဲ့ ခင်ပွန်းသည်နဲ့ စက်ဘီးစီးရင်း နှင်းမုန်တိုင်းနဲ့ ဝင်တိုးတဲ့ အချိန်မှာ ခန္စကိုယ် အပူချိန်က (၁၈ ဒီဂရီ ဆဲလ်စီယက်စ်) အထိ ကျသွားခဲ့ပါတယ်။

သူဟာ နှင်းမုန်တိုင်းနဲ့ ဝင်တိုးပြီး ခန္စကိုယ် အပူချိန် ကျသွားတဲ့ အချိန်မှာ သတိမေ့လျော့သွားပြီး Hyphothermia လို့ ခေါ်ကြတဲ့ (ခန္စာကိုယ် အပူချိန် ကျဆင်း ရောဂါ) ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းသည် အမျိုးသားက သတိမေ့နေတဲ့ သူ့ရဲ့ ဇနီးသည်ကို ပြန်နိုးခဲ့ပေမဲ့လည်း သူ့ရဲ့ ဇနီးက လုံးဝကို ပြန်မနိုးလာတော့ဘဲ သတိမေ့တာကနေ အသက်မရှုတော့တဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။

ခင်ပွန်းသည် အမျိုးသားဟာ ကယ်ဆယ်ရေး အဖွဲ့ကို အကြောင်းကြားကြသွားပြီး၊ ကယ်ဆယ်ရေး အဖွဲ့က ရောက်လာတဲ့ အချိန်မှာ သတိမေ့နေတဲ့ အမျိုးသမီးကို ဆေးရုံ ချက်ချင်း ပို့ပေးခဲ့ပါတယ်။

သူဟာ ကယ်ဆယ်ရေး အဖွဲ့ ရောက်လာတဲ့ အခါမှာ နှလုံး မခုန်တော့ဘဲ၊ နှလုံးအလုပ် မလုပ်ဘဲ၊ အသက်မရှုတော့ဘဲ၊ သူမရဲ့ ကျောက်ကပ်ဟာလည်း အလုပ်မလုပ်ခဲ့တော့တာပဲ ဖြစ်ပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့ ခန္စာကိုယ်ကို အနွေးခန်းထဲမှာ ထားခဲ့ပြီး၊ ညနေပိုင်းလောက် အချိန်မှာ သူမရဲ့ နှလုံးကို ပြန်ကုသကြတဲ့ အချိန်မှာ အမျိုးသမီးက ပြန်အသက်ရှင်လာခဲ့တာ ဖြစ်ပါတယ်။

ဆရာဝန် Eduard Argudo က “ဒီဖြစ်စဉ်ဟာ ကမ္ဘာနဲ့ ချီပြီး ရှားပါးဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ဟာ စပိန် နိုင်ငံမှာ အကြာဆုံး နှလုံးရပ်ပါ”လို့ ပြောခဲ့တယ်လို့ Ladbilble သတင်းက ဖော်ပြသွားခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )