အမျိုးသမီးတွေ အိမ်သာတက်ရင် ချောင်းကြည့်တဲ့ အမျိုးသား၊ လူသိရှင်ကြား အရှက်ကွဲ
241
သူများအိမ်သာတက်တာကို ချောင်းကြည့်တဲ့လူကို Peeping Tom လို့ အင်္ဂလိပ်တွေက သုံးလေ့ရှိပါတယ်။ တစ်ချို့က ဒီကိစ္စမှာ အတော်လေး ဝါသနာထုံကြပြီး၊ အတွဲချောင်းတာတို့၊ သူများ အိပ်တဲ့အခန်း ချောင်းကြည့်တာတို့ လုပ်ကိုင်လေ့ရှိပါတယ်။ အခု ဒီအကြောင်းကိုတော့ WorldOfBuzz က ဖော်ပြထားတာပါ။
ထို်င်းနိုင်ငံက အမျိုးသမီးအိမ်သာတစ်ခုမှာ ဒီအမျိုူးသားက လိုက်လံချောင်းမြောင်းလေ့ ရှိပုံရပြီး၊ ဒီတစ်ခါမှ သူဟာ ဗွီဒီယိုမှတ်တမ်းနဲ့ အမိဖမ်းခံလိုက်ရတာပါ။ ယခင်က သူ ဘယ်လောက် ချောင်းမြောင်းခဲ့ဖူးသလဲဆိုတာ သူပဲ သိနိုင်မှာပါ။ သူကတော့ လူလစ်တယ်အထင်နဲ့ ချောင်းကြည့်တာပါ။
သူဟာ အမျိုးသမီးက မှတ်တမ်းတင်နေတာကို မသိဘဲ အိမ်သာတက်နေတာကို ဗြောင်ကျကျ ချောင်းကြည့်ခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး၊ ကာယကံရှင်အမျိုးသမီးက တစ်ခြားအမျိုးသမီးတွေလည်း သတိထားနိုင်ရေး သတိပေးခဲ့ပါတယ်။
ဗွီဒီယိုကို မှတ်တမ်းတင်ခဲ့သူကတော့ อรทัย ชัยจำเริญสกุล လို့ အမည်ရတဲ့ အမျိုးသမီးပါ။ သူမရဲ့အဆိုအရ သူမ အိမ်သာထဲ ဝင်မယ်ပြင်ချိန်မှာ အဲဒီလူက နောက်က ထပ်ကြပ်မကွာ လိုက်လာခဲ့တာဖြစ်ကြောင်း၊ ခြေသံကလည်း ပြင်းတဲ့အတွက် ချက်ချင်းဖုန်းကိုထုတ်ပြီး-
For Video link>>>https://web.facebook.com/Gooddyyyyy/videos/727748991043133/
ရေချသံပေးလိုက်ကြောင်း၊ သူဟာ ချက်ချင်း ငုံကြည့်ခဲ့တာကို တွေ့လိုက်ရလို့ အခုလို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ သူမဟာ ရန်ရှာတိုက်ခိုက်မှာကို စိုးလို့ သူငယ်ချင်းအမျိုးသားကို ဖုန်းဆက်လှမ်းခေါ်ခဲ့ရပါတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းထားခြင်း ရှိမရှိ မသိရသေးပါဘူး။
လင်းဇော်ကို
Zawgyi ဖြင့်ဖတ်ရန်-
လင်းဇော်ကို