လူသားထုအတွက် ဝမ်းမြောက်ဖွယ် HIV ကို အရှင်းအပျောက် ကုနိုင်မယ့်ဆေးလာပါပြီ

474

HIV ရောဂါဟာ ကြောက်စရာ မဟုတ်တော့ပါဘူး။ မျက်မှောက်ခေတ်မှာ HIV AIDS ကြောင့် သေဆုံးတဲ့သူဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ ယခင်က ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ ရောဂါက၊ ဆေးဘက်ဆိုင်ရာ နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ အခုဆိုရင်-

ထိရောက်တဲ့ ဆေးကို သောက်မယ်၊ ဆရာဝန်တွေ ညွှန်ကြားချက် လိုက်နာမယ်ဆိုရင် သက်တမ်းစေ့ နေနိုင်တယ်ဆိုပြီး ဖြစ်လာပါပြီ။ ဒါဟာ တိုးတက်တဲ့ ဆေးပညာကြောင့်ပါ။ ဒါပေမယ့် HIV ကူးစက်ပြီရှိပြီဆိုရင် တော်တော်များများက စိတ်ဓတ်ကျဆင်းသွားကြပြီး၊ လူလည်း ယူပစ်လိုက်သလို ပိန်ချုံးသွားပါတယ်။

ဒီကနေပဲ ဆေးတွေဘယ်လောက်ကောင်းကောင်း လူနာရဲ့စိတ်က မဆောင်နိုင်တော့ HIV ကြောင့် စောစောစီးစီး သေရတာမျိုးတွေ ရှိနေပါသေးတယ်။ အခုတော့ HIV ကို အရှင်းပျောက်အောင် ကုသနိုင်မယ့်ဆေး ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီဆေးကို လာမယ့် (၂၀၂၁)မှာ တွင်ကျယ်စွာ ရဖို့ရှိပါတယ်။

ဒီဆေးက ဘယ်လောက်အထိ ကောင်းသလဲဆိုရင် “HIV ဆိုရင် မိုးကုတ်စက်ဝိုင်းမှာ ကျန်ရစ်ခဲ့တော့”ဆိုပြီး ပြောရလောက်အောင်အထိ ကောင်းပါတယ်။ ရှင်းရှင်းပြောရရင်တော့ HIV ဆို လှည့်ကြည့်စရာမလို၊ အရှင်းပျောက်အောင် ကုပေးနိုင်တဲ့ဆေးပါတဲ့။

သုတေသနပညာရှင်တွေက သူတို့ စမ်းသပ်ထားတဲ့ဆေးကို ချပြဖို့ အလွန်စိတ်အားထက်သန်နေကြပါတယ်။ သူတို့ စမ်းသပ်နေတဲ့ဆေးအမယ်(၃)မျိုးကို HVTN 702, Imbokodo နဲ့ Mosaico ဆိုပြီး အမည်ပေးထားပါတယ်။ ကံကောင်းရင် လာမယ့်နှစ် (၂၀၂၀)မှာတောင် ရနိုင်တဲ့အနေအထားမျိုးမှာ ရှိနေပါတယ်။

လူတစ်ယောက်မှာ HIV ရှိပြီဆိုရင် ဒေါက်တာတွေက Antiretroviral treatment နည်းနဲ့ ကုသကြလေ့ရှိပါတယ်။ အခု အသစ်တီထွင်လိုက်တဲ့ ဆေးသုံးမျိုးကို တစ်မျိုးတည်းစုပြီး သောက်လိုက်တာနဲ့ သွေးထဲက HIV ဗိုင်းရပ်တွေကို အလွန်လျင်မြန်စွာ လျှော့ချသွားမှာပါ။

လူနာကို အမြန်ဆုံး နာလည်ပြန်ထူစေမှာဖြစ်ပြီး၊ ဆေးပတ်ကြာလာတာနဲ့အမျှ HIV ဗိုင်းရပ်စ်ကို ခြေရာခံလို့ ရမှာ မဟုတ်တော့ပါဘူး။ သို့ပေမယ့် သွေးစနစ်ထဲမှာ ဒီဗိုင်းရပ်စ်က ရှိနေဦးမှာဖြစ်ပြီး၊ အန္တရာယ်များတဲ့ ပမာဏမဟုတ်တော့တဲ့သဘောဖြစ်ပါတယ်။ HIV ရဲ့ ထုံးစံအတိုင်း ဒီဆေးကို ရပ်လိုက်မယ်ဆိုရင်တော့ ဒီရောဂါက မကြာခင် ပြန်ပေါ်လာနိုင်ပါတယ်။

ယခင်မှတ်တမ်းအရ RV144 ဆေးဟာ HIV ကူးစက်မှုကို (၃၀)% လျှော့ကျစေပါတယ်။ ဒီဆေးဟာ ဗိုင်းရပ်စ်ကို အထိရောက်ဆုံးတိုက်ခိုက်နိုင်ခဲ့တဲ့ ဆေးဖြစ်ပါတယ်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ဆေးကို ဒီထက်ပိုပြီး စွမ်းစေချင်နေကြပါတယ်။

(၂၀၁၇)မှာ Imbokodo ကို ဆေးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး၊ တတိယဆေးဖြစ်တဲ့ Mosaico ကိုတော့ အခုနှစ် နိုဝင်ဘာမှာ စတင်စမ်းသပ်ခဲ့ပြီး၊ အပြုသဘောဆောင်တဲဲ့ ရလဒ်တွေကြောင့် သိပ္ပံပညာရှင်တွေဟာ အလွန်ကို အားရကျေနပ်နေကြတယ်လို့ သိရပါတယ်။

နေသူရိန် (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

HIV ေရာဂါဟာ ေၾကာက္စရာ မဟုတ္ေတာ့ပါဘူး။ မ်က္ေမွာက္ေခတ္မွာ HIV AIDS ေၾကာင့္ ေသဆုံးတဲ့သူဆုိတာ ရွိေတာ့မွာ မဟုတ္ပါဘူး။ ယခင္က ကုရာနတၳိ ေဆးမရွိဆုိတဲ့ ေရာဂါက၊ ေဆးဘက္ဆုိင္ရာ နည္းပညာေတြ ျမင့္မားလာသည္ႏွင့္အမွ် အခုဆုိရင္-

ထိေရာက္တဲ့ ေဆးကုိ ေသာက္မယ္၊ ဆရာဝန္ေတြ ညႊန္ၾကားခ်က္ လုိက္နာမယ္ဆုိရင္ သက္တမ္းေစ့ ေနႏုိင္တယ္ဆုိၿပီး ျဖစ္လာပါၿပီ။ ဒါဟာ တုိးတက္တဲ့ ေဆးပညာေၾကာင့္ပါ။ ဒါေပမယ့္ HIV ကူးစက္ၿပီရွိၿပီဆုိရင္ ေတာ္ေတာ္မ်ားမ်ားက စိတ္ဓတ္က်ဆင္းသြားၾကၿပီး၊ လူလည္း ယူပစ္လုိက္သလုိ ပိန္ခ်ဳံးသြားပါတယ္။

ဒီကေနပဲ ေဆးေတြဘယ္ေလာက္ေကာင္းေကာင္း လူနာရဲ႕စိတ္က မေဆာင္ႏုိင္ေတာ့ HIV ေၾကာင့္ ေစာေစာစီးစီး ေသရတာမ်ိဳးေတြ ရွိေနပါေသးတယ္။ အခုေတာ့ HIV ကို အရွင္းေပ်ာက္ေအာင္ ကုသႏုိင္မယ့္ေဆး ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ အဲဒီေဆးကုိ လာမယ့္ (၂၀၂၁)မွာ တြင္က်ယ္စြာ ရဖုိ႔ရွိပါတယ္။

ဒီေဆးက ဘယ္ေလာက္အထိ ေကာင္းသလဲဆုိရင္ “HIV ဆုိရင္ မုိးကုတ္စက္ဝုိင္းမွာ က်န္ရစ္ခဲ့ေတာ့”ဆုိၿပီး ေျပာရေလာက္ေအာင္အထိ ေကာင္းပါတယ္။ ရွင္းရွင္းေျပာရရင္ေတာ့ HIV ဆုိ လွည့္ၾကည့္စရာမလုိ၊ အရွင္းေပ်ာက္ေအာင္ ကုေပးႏုိင္တဲ့ေဆးပါတဲ့။

သုေတသနပညာရွင္ေတြက သူတုိ႔ စမ္းသပ္ထားတဲ့ေဆးကို ခ်ျပဖုိ႔ အလြန္စိတ္အားထက္သန္ေနၾကပါတယ္။ သူတုိ႔ စမ္းသပ္ေနတဲ့ေဆးအမယ္(၃)မ်ိဳးကို HVTN 702, Imbokodo နဲ႔ Mosaico ဆုိၿပီး အမည္ေပးထားပါတယ္။ ကံေကာင္းရင္ လာမယ့္ႏွစ္ (၂၀၂၀)မွာေတာင္ ရႏုိင္တဲ့အေနအထားမ်ိဳးမွာ ရွိေနပါတယ္။

လူတစ္ေယာက္မွာ HIV ရွိၿပီဆုိရင္ ေဒါက္တာေတြက Antiretroviral treatment နည္းနဲ႔ ကုသၾကေလ့ရွိပါတယ္။ အခု အသစ္တီထြင္လုိက္တဲ့ ေဆးသုံးမ်ိဳးကို တစ္မ်ိဳးတည္းစုၿပီး ေသာက္လုိက္တာနဲ႔ ေသြးထဲက HIV ဗုိင္းရပ္ေတြကို အလြန္လ်င္ျမန္စြာ ေလွ်ာ့ခ်သြားမွာပါ။

လူနာကို အျမန္ဆုံး နာလည္ျပန္ထူေစမွာျဖစ္ၿပီး၊ ေဆးပတ္ၾကာလာတာနဲ႔အမွ် HIV ဗုိင္းရပ္စ္ကို ေျခရာခံလုိ႔ ရမွာ မဟုတ္ေတာ့ပါဘူး။ သုိ႔ေပမယ့္ ေသြးစနစ္ထဲမွာ ဒီဗုိင္းရပ္စ္က ရွိေနဦးမွာျဖစ္ၿပီး၊ အႏၱရာယ္မ်ားတဲ့ ပမာဏမဟုတ္ေတာ့တဲ့သေဘာျဖစ္ပါတယ္။ HIV ရဲ႕ ထုံးစံအတုိင္း ဒီေဆးကုိ ရပ္လုိက္မယ္ဆုိရင္ေတာ့ ဒီေရာဂါက မၾကာခင္ ျပန္ေပၚလာႏုိင္ပါတယ္။

ယခင္မွတ္တမ္းအရ RV144 ေဆးဟာ HIV ကူးစက္မႈကို (၃၀)% ေလွ်ာ့က်ေစပါတယ္။ ဒီေဆးဟာ ဗုိင္းရပ္စ္ကို အထိေရာက္ဆုံးတုိက္ခုိက္ႏုိင္ခဲ့တဲ့ ေဆးျဖစ္ပါတယ္။ သုိ႔ေသာ္လည္း ေဆးဘက္ဆုိင္ရာ ပညာရွင္ေတြက ေဆးကို ဒီထက္ပိုၿပီး စြမ္းေစခ်င္ေနၾကပါတယ္။

(၂၀၁၇)မွာ Imbokodo ကုိ ေဆးကို ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ၿပီး၊ တတိယေဆးျဖစ္တဲ့ Mosaico ကုိေတာ့ အခုႏွစ္ ႏုိဝင္ဘာမွာ စတင္စမ္းသပ္ခဲ့ၿပီး၊ အျပဳသေဘာေဆာင္တဲဲ့ ရလဒ္ေတြေၾကာင့္ သိပၸံပညာရွင္ေတြဟာ အလြန္ကုိ အားရေက်နပ္ေနၾကတယ္လုိ႔ သိရပါတယ္။

ေနသူရိန္ (D Nae Khit)