ဒေါ်အောင်ဆန်းစုကြည် လူသိရှင်ကြားဝန်ခံဖို့ နိုဘယ်လ်ဆုရှင် ခုနှစ်ဦးတိုက်တွန်း

654

နယ္သာလန္ကို သြားေရာက္ေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႐ိုဟင္ဂ်ာေတြ လူမ်ိဳးတုံးသတ္ျဖတ္မႈခံခဲ့ရတာကို လူသိရွင္ၾကားဝန္ခံဖို႔ ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဘယ္လ္ဆုရွင္ ခုႏွစ္ဦးက တိုက္တြန္းေၾကာင္း ဒီဇင္ဘာ ၉ ရက္ေန႔မွာ ထုတ္ျပန္လိုက္ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ သေဘာတူညီခ်က္ Genocide Convention ကို ျမန္မာေဖာက္ဖ်က္လို႔ ဂမ္ဘီယာႏိုင္ငံက အစၥလမ္မစ္ (OIC) ၅၇ ႏိုင္ငံကိုယ္စားျပဳၿပီး ႏိုင္ငံတကာတရား႐ုံး ICJ မွာ တရားစြဲဆိုထားၿပီး၊ ဒီေန႔ ညေန ၃ နာရီမွာစတင္ ၾကားနာေတာ့မွာျဖစ္ပါတယ္။

ျမန္မာ့ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ တပ္မေတာ္ရဲ႕လူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို ရႈတ္ခ်မယ့္အစား တက္တက္ႂကြႂကြ ဖုံးဖိကာကြယ္ေပးေနတဲ့အတြက္ အထူးစိုးရိမ္မကင္းျဖစ္ရတယ္လို႔လည္း အဲဒီစာမွာေဖာ္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕မ်က္စိေရွ႕ေမွာက္မွာ ျဖစ္ပြားခဲ့တာေၾကာင့္ ဒီလူမ်ိဳးတုံးသတ္ျဖတ္မႈေတြကို တာဝန္ယူမႈသိစိတ္နဲ႔ ကန႔္ကြက္ရႈတ္ခ်မႈျပဳလုပ္ဖို႔လည္း တိုက္တြန္းေၾကာင္း ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ခုႏွစ္ဦးက ေတာင္းဆိုထားပါတယ္။ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြအတြက္၊ အမိန႔္ေပးေစခိုင္းခဲ့တဲ့ တပ္မေတာ္အရာရွိေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကိုလည္း တာဝန္ခံမႈ ရွိလာေစေရး ေဆာင္႐ြက္သင့္ေၾကာင္းေရးသားထားပါတယ္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆုရွင္အမ်ိဳးသမီး သုံးဦးဟာ ႐ိုဟင္ဂ်ာ ခုႏွစ္သိန္းေက်ာ္ ခိုလႈံေနတဲ့ ဘဂၤလားေဒ့ရွ္က ဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့ၿပီးေတာ့ အမ်ိဳးသမီးအေယာက္ ၁၀၀ ရဲ႕ဇာတ္လမ္းေတြကို နားေထာင္ခဲ့ၾကတယ္လို႔လည္းေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာေတြဟာ ျမန္မာအာဏာပိုင္ေတြရဲ႕ စနစ္တက်ဖိႏွိပ္ထားမႈကို ဆယ္စုႏွစ္ခ်ီ ၾကာျမင့္စြာ ႀကဳံေတြ႕ရေနေၾကာင္း၊ ႏိုင္ငံသားအျဖစ္ အသိအမွတ္မျပဳခံရေၾကာင္း ေရးသားထားပါတယ္။ ၂၀၁၇ တုန္းက တပ္မေတာ္ရဲ႕ ရွင္းလင္းေရးစစ္ဆင္ေရးေတြမွာ ႐ိုဟင္ဂ်ာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ မုဒိန္းက်င့္သတ္ျဖတ္မႈကို လက္နက္တစ္ခုသဖြယ္အသုံးျပဳခဲ့ၾကေၾကာင္းလည္း ဆိုထားပါတယ္။

(မွတ္ခ်က္ – သတင္းေဆာင္းပါးအစုံအလင္ကို မၾကာမီထပ္မံျဖည့္စြက္သြားဖို႔ရွိပါတယ္။)

RFA Burmese

နယ်သာလန်ကို သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရတာကို လူသိရှင်ကြားဝန်ခံဖို့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ခုနှစ်ဦးက တိုက်တွန်းကြောင်း ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူညီချက် Genocide Convention ကို မြန်မာဖောက်ဖျက်လို့ ဂမ်ဘီယာနိုင်ငံက အစ္စလမ်မစ် (OIC) ၅၇ နိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲဆိုထားပြီး၊ ဒီနေ့ ညနေ ၃ နာရီမှာစတင် ကြားနာတော့မှာဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရှုတ်ချမယ့်အစား တက်တက်ကြွကြွ ဖုံးဖိကာကွယ်ပေးနေတဲ့အတွက် အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း အဲဒီစာမှာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မျက်စိရှေ့မှောက်မှာ ဖြစ်ပွားခဲ့တာကြောင့် ဒီလူမျိုးတုံးသတ်ဖြတ်မှုတွေကို တာဝန်ယူမှုသိစိတ်နဲ့ ကန့်ကွက်ရှုတ်ချမှုပြုလုပ်ဖို့လည်း တိုက်တွန်းကြောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ခုနှစ်ဦးက တောင်းဆိုထားပါတယ်။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်၊ အမိန့်ပေးစေခိုင်းခဲ့တဲ့ တပ်မတော်အရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တာဝန်ခံမှု ရှိလာစေရေး ဆောင်ရွက်သင့်ကြောင်းရေးသားထားပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတုန်းက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အမျိုးသမီး သုံးဦးဟာ ရိုဟင်ဂျာ ခုနှစ်သိန်းကျော် ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီးတော့ အမျိုးသမီးအယောက် ၁၀၀ ရဲ့ဇာတ်လမ်းတွေကို နားထောင်ခဲ့ကြတယ်လို့လည်းဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာအာဏာပိုင်တွေရဲ့ စနစ်တကျဖိနှိပ်ထားမှုကို ဆယ်စုနှစ်ချီ ကြာမြင့်စွာ ကြုံတွေ့ရနေကြောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်မပြုခံရကြောင်း ရေးသားထားပါတယ်။ ၂၀၁၇ တုန်းက တပ်မတော်ရဲ့ ရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေ မုဒိန်းကျင့်သတ်ဖြတ်မှုကို လက်နက်တစ်ခုသဖွယ်အသုံးပြုခဲ့ကြကြောင်းလည်း ဆိုထားပါတယ်။

(မှတ်ချက် – သတင်းဆောင်းပါးအစုံအလင်ကို မကြာမီထပ်မံဖြည့်စွက်သွားဖို့ရှိပါတယ်။)

RFA Burmese