ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို အနိုင်ယူပြီး တတိယ ရရှိ

148

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲမှာ ပွဲစစချင်း ၁ မိနစ်မှာ ကမ္ဘောဒီးယား အသင်းက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ အောင်ကောင်းမာန်က ၉ မိနစ်မှာ ပြန်လည်သွင်းယူခဲ့ပါတယ်။

ပွဲကစားချိန် ၃၅ မိနစ်မှာတော့ ကမ္ဘောဒီးယား ကစားသမားက မြတ်ကောင်းခန့်ကို ပြစ်ဒဏ်ကျူးလွန်လို့ ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီဖရီးကစ်ကို မြတ်ကောင်းခန့်ကပဲ လှလှပပ သွင်းယူပြီး ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုးမသွင်းနိုင်ပဲ ပြီးဆုံးသွားပါတယ်။

ဒုတိယပိုင်းမှာ ကမ္ဘောဒီးယားအသင်းက ပြန်လည်ထိုးဖောက်ကစားလာခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာ မြန်မာကစားသမား ဖျက်ထုတ်တာကြမ်းလို့ ပြစ်ဒဏ်ဘောပေးလိုက်ရပါတယ်၊ ပြစ်ဒဏ်ဘောကို ကမ္ဘောဒီးယားအသင်းက ကန်သွင်းနိုင်ခဲ့လို့ တဖက် ၂-၂ ဂိုးစီ ဖြစ်သွားလို့ ပွဲက ပိုကြည့်ကောင်းခဲ့ပါတယ်။

ဒီနောက် ပွဲကစားချိန် ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ရာမှာတော့ မြန်မာက ၅ ဂိုး၊ ကမ္ဘောဒီးယားက ၄ ဂိုးသာ ဝင်ခဲ့လို့ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယ ရရှိခဲ့ပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသား ယူ ၂၂ အသင်းဟာ အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘောဒီးယားအသင်းကတော့ ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားအသင်းတို့ ဒီနေ့ည ၆ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာပါ။

Photo : Myanmar Football Federation

ဖိလစ္ပိုင္ႏိုင္ငံမွာ ဒီေန႔ မြန္းလြဲပိုင္း ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အေရွ႕ေတာင္အာရွ ဆီးဂိမ္းစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ တတိယေနရာလုပြဲမွာ ျမန္မာအသင္းက ကေမာၻဒီးယားအသင္းကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရရွိသြားပါတယ္။

ဒီေန႔ပြဲမွာ ပြဲစစခ်င္း ၁ မိနစ္မွာ ကေမာၻဒီးယား အသင္းက အဖြင့္ဂိုး သြင္းယူခဲ့တာျဖစ္ၿပီး ျမန္မာအသင္းအတြက္ ေခ်ပဂိုးကိုေတာ့ ေအာင္ေကာင္းမာန္က ၉ မိနစ္မွာ ျပန္လည္သြင္းယူခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၃၅ မိနစ္မွာေတာ့ ကေမာၻဒီးယား ကစားသမားက ျမတ္ေကာင္းခန႔္ကို ျပစ္ဒဏ္က်ဴးလြန္လို႔ ဖရီးကစ္ကန္ခြင့္ရရွိခဲ့ပါတယ္။ ဒီဖရီးကစ္ကို ျမတ္ေကာင္းခန႔္ကပဲ လွလွပပ သြင္းယူၿပီး ၂-၁ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီေနာက္ ပထမပိုင္း ၿပီးဆုံးခ်ိန္အထိ ဂိုးမသြင္းႏိုင္ပဲ ၿပီးဆုံးသြားပါတယ္။

ဒုတိယပိုင္းမွာ ကေမာၻဒီးယားအသင္းက ျပန္လည္ထိုးေဖာက္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာ ျမန္မာကစားသမား ဖ်က္ထုတ္တာၾကမ္းလို႔ ျပစ္ဒဏ္ေဘာေပးလိုက္ရပါတယ္၊ ျပစ္ဒဏ္ေဘာကို ကေမာၻဒီးယားအသင္းက ကန္သြင္းႏိုင္ခဲ့လို႔ တဖက္ ၂-၂ ဂိုးစီ ျဖစ္သြားလို႔ ပြဲက ပိုၾကည့္ေကာင္းခဲ့ပါတယ္။

ဒီေနာက္ ပြဲကစားခ်ိန္ ၿပီးဆုံးတဲ့အထိ တဖက္နဲ႔တဖက္ ဂိုးမသြင္းႏိုင္လို႔ ပင္နယ္တီကန္ရာမွာေတာ့ ျမန္မာက ၅ ဂိုး၊ ကေမာၻဒီးယားက ၄ ဂိုးသာ ဝင္ခဲ့လို႔ ၇ ဂိုး ၆ ဂိုးနဲ႔ အႏိုင္ရရွိၿပီး တတိယ ရရွိခဲ့ပါတယ္။

ဆီးဂိမ္းစ္ၿပိဳင္ပြဲ ဆီမီးဖိုင္နယ္မွာ ျမန္မာအမ်ိဳးသား ယူ ၂၂ အသင္းဟာ အင္ဒိုနီးရွားကို ရႈံးနိမ့္ခဲ့ရၿပီး ကေမာၻဒီးယားအသင္းကေတာ့ ဗီယက္နမ္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ တတိယ ေနရာလုပြဲ ယွဥ္ၿပိဳင္ကစားခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ဆီးဂိမ္းစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲကိုေတာ့ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားအသင္းတို႔ ဒီေန႔ည ၆ နာရီခြဲ ယွဥ္ၿပိဳင္ကစားရမွာပါ။

Photo : Myanmar Football Federation