တစ်ချိန်ကကမ္ဘာ့အလှဆုံး ဗစ်တိုးရီးယား ရေတံခွန် ခမ်းခြောက်ဖို့ နီးစပ်လာ

307




Source: Oriental Daily




Source: Oriental Daily




Source: Reuters

ရာသီဥတု ဖော်ပြန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေထဲမှာ လူတွေသာ ဒုက္ခရောက်တာ မဟုတ်ဘဲ လူသားတွေ နေထိုင်ရာ ကမ္ဘာကြီးကလည်း ကပ်ဘေးဒုက္ခတွေ ရင်ဆိုင်နေရပါတယ်။

ရာသီဥတု ဖောက်ပြန်မှုကြောင့်၊ ကမ္ဘာကြီး ဘယ်လို ဒုက္ခ ရောက်နေရတာလဲ ဆိုတာကို အဓိက ပြသပေးနေတာက အာဖရိကနိုင်ငံက ဗစ်တိုးရီးယား ရေတံခွန် (Victoria Falls) ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ရေတံခွန်ဟာ အာဖရိကနိုင်ငံ တောင်ဘက်ခြမ်းမှာ တည်ရှိပြီး၊ Zambezi (ဇမ်ဘီဇီ) မြစ်က ရေတံခွန်ထိပ်ကနေ အောက်ကို မြေကြီးအထိ အရှိန်အဟုန် ပြင်းပြင်းနဲ့ စီးဆင်းခဲ့ပါတယ်။

ဒါပေမဲ့ အခုကတာ့ ဗစ်တိုးရီးယား ရေတံခွန်ဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ရေစီးဆင်းမှုက အရှိန် ထိုးကျခဲ့ပြီး၊ အခုဆိုရင် ရေတံခွန်က ခမ်းခြောက်တော့မယ့် အခြေအနေ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ရေခံခွန်ကနေ တသွင်သွင် စီးဆင်းနေတဲ့ ရေတွေဟာ အခု မစီးဆင်းတော့သလို၊ ဗစ်တိုးရီးယား ရေတံခွန်က ခြောက်ကပ်နေပြီး မကြာခင် ရေအကုန် ခမ်းခြောက်သွားနိုင်ပါတယ်။

ဗစ်တိုးရီးယား ရေတံခွန်ဟာ ကျေးငှက် တောတောင်တွေကိုရဲ့ အဓိက အားကိုးရာ ဖြစ်ရုံသာမက Zimbabwe နိုင်ငံ နဲ့ Zambia နိုင်ငံ လူတွေရဲ့ အဓိက ဝင်ငွေလို့လည်း ပြောလို့ ရပါတယ်။

Zimbabwe နိုင်ငံ နဲ့ Zambia နိုင်ငံဟာ ဗစ်တိုးရီးယား ရေတံခွန်ကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေရဲ့ တည်ခိုရာ နိုင်ငံ ဖြစ်တာကြောင့် ဝင်ငွေ ရရှိနေခဲ့ကြပါတယ်။

ဗစ်တိုးရီးယား ရေတံခွန် ခမ်းခြောက်လာတဲ့ အဓိက အကြောင်းအရင်း တစ်ခုကတော့ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးခေါင်ခဲ့ပြီး၊ မိုးရွာသွန်းမှု နည်းပါတာကြောင့် ရေမစီးတော့တာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )