ရဲအဖွဲ့က ကျူးလွန်သူ အမျိုးသား (၄) ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ပြန်လည် ဖမ်းဆီး

369











အမျိုးသမီးကို မုဒိန်းကျင့်ပြီး မီးရှို့သတ်ခဲ့ကြတဲ့ လူ (၄) ဦးကို ရဲက သေနတ်နဲ့ ပစ်သတ်

အမျိုးသား (၄) ဦးဟာ အမျိုးသမီး (၁) ဦးကို မုဒိန်းကျင့်ပြီးတဲ့နောက် မီးရှို့သတ်ပစ်ခဲ့ပြီး ရဲအဖွဲ့က ကျူးလွန်သူ အမျိုးသား (၄) ဦးကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ရဲအဖွဲ့ဟာ ကျူးလွန်သူ အမျိုးသား (၄) ဦးကို ဖမ်းပြီး ထောင်ထဲကို ခေါ်သွားခဲ့ပေမဲ့ ထောင်မချဘဲ အမျိုးသမီး အသတ်ခံရတဲ့ နေရာကို ခေါ်သွားခဲ့ပြီး အဲဒီနေရာမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ကျူးလွန်သူ အမျိုးသား (၄) ဦးဟာ အသက် (၂၇) နှစ်အရွယ် Priyanka Reddy ကို မုဒိန်းကျင့်ပြီး၊ မုဒိန်းကျင့်ပြီးတဲ့ အချိန်မှာ သတ်ပြီး၊ သတ်ပြီးတဲ့ အချိန်မှာ ထပ်မံမီးရှို့သွားခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယ MP က မုဒိန်းမှု ကျုးလွန်သူ နဲ့ လူသတ်သမားတွေကို လူထုရှေ့ ခေါ်ထုတ်ပြီး သေဒဏ် ပေးသင့်တယ်လို့ ပြောခဲ့တာကြောင့် အခုလို သေနတ်နဲ့ သေဒဏ် ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။

ရဲအဖွဲ့ဟာ ကျူးလွန်သူ အမျိုးသား (၄) ဦးကို အမျိုးသမီး အသတ်ခံရတဲ့ နေရာကို ခေါ်သွားကြတဲ့ အချိန်မှာ ကျူးလွန်သူ (၁) ဦးက ရဲအဖွဲ့ရဲ့ သေနတ်ကို ယူပြီး ထွက်ပြေးဖို့ ကြိုးစားသွားခဲ့ပါတယ်။

ရဲတွေက ဒေသခံလူပေါင်း (၃၀၀) ရှေ့မှာ ကျူးလွန်သူ အမျိုးသား (၄) ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး၊ ဒေသခံတွေက ရဲအဖွဲ့ကို မုဒိန်းသမားတွေ သတ်ခဲ့တာအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အချို့ ဒေသခံတွေဟာ ရဲတွေကို ဖက်ပြီး၊ ရဲတွေကို လေထဲကို ပစ်လျက် “အသက်ရှည်ပါစေ”လို့ အော်နေခဲ့ကြသလို၊ အချို့ ဒေသခံတွေကတော့ ရဲတွေ အပေါ်ကို ပန်းတွေကြဲခဲ့တာ ဖြစ်ပါတယ်။

ရဲတွေရဲ့ လုပ်ရပ်က ဒေသခံတွေအတွက် အားရစရာ ဖြစ်နေပေမဲ့လည်း နယူးဒေလီမြို့က အချို့ စောင့်ကြည့်ရေးသမားတွေကတော့ ရဲတွေရဲ့ လုပ်ရပ်ကို ပြင်ထန်းစွာ ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )