မြန်မာ နှင့် ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲ

176

Myanmar vs Philippines I Bronze Medal For Women’s Football Seagame 30

ဖိလစ်ပိုင်အသင်းနှင့် တတိယလုပွဲ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယနေ့ ဒီဇင်ဘာ (၅)ရက် ည ၆နာရီ ၃၀မိနစ် က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ထိုင်းအသင်းက (၁-၀) ဂိုးဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့သည်။

“ဒီနေ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ခံစစ်နဲ့ တိုက်စစ်မျှတအောင် ကစားနိုင်ခဲ့တယ်။ အဝေးကန်ချက်ကနေ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တိုက်စစ်မှာလည်းအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။

မြန်မာ့ ဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး” ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးဝင်းသူမိုး က ပြောကြားခဲ့သည်။

မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နှင့် ဒီဇင်ဘာ ၈ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Myanmar Football Federation

ဖိလစ္ပိုင္အသင္းႏွင့္ တတိယလုပြဲ ယွဥ္ၿပိဳင္ရမည့္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း

အႀကိမ္ (၃၀)ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ အမ်ိဳးသမီးေဘာလုံး ဆီမီးဖိုင္နယ္ ပြဲစဥ္အျဖစ္ ယေန႔ ဒီဇင္ဘာ (၅)ရက္ ည ၆နာရီ ၃၀မိနစ္ က ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းႏွင့္ ထိုင္းအမ်ိဳးသမီးအသင္းတို႔ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ရွိ Rizal Memorial ကြင္းတြင္ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ထိုင္းအသင္းက (၁-၀) ဂိုးျဖင့္ ျမန္မာအသင္းကို အႏိုင္ရရွိခဲ့သည္။

“ဒီေန႔ပြဲမွာ အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။ ခံစစ္နဲ႔ တိုက္စစ္မွ်တေအာင္ ကစားႏိုင္ခဲ့တယ္။ အေဝးကန္ခ်က္ကေန ဂိုးခြင့္ျပဳခဲ့ရပါတယ္။ တိုက္စစ္မွာလည္းအခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့ပါဘူး။

ျမန္မာ့ ေဘာလုံးပရိသတ္ေတြ အတြက္ အႏိုင္ရလဒ္နဲ႔ ဗိုလ္လုပြဲကို မေရာက္ႏိုင္ခဲ့လို႔ စိတ္မေကာင္းပါဘူး” ဟု ပြဲၿပီး သတင္းစာရွင္းလင္းပြဲတြင္ နည္းျပခ်ဳပ္ ဦးဝင္းသူမိုး က ေျပာၾကားခဲ့သည္။

ျမန္မာအသင္းသည္ တတိယလုပြဲအျဖစ္ အိမ္ရွင္ဖိလစ္ပိုင္အသင္း ႏွင့္ ဒီဇင္ဘာ ၈ရက္ ျမန္မာစံေတာ္ခ်ိန္ ၂နာရီ ၃၀မိနစ္၊ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕ရွိ Rizal Memorial ကြင္းတြင္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

Myanmar Football Federation