မြန်မာအမျိုးသမီးဘောလုံအသင်း တတိယနေရာလုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို အနိုင်ရ

141

ဒီနေ့ယှဉ်ပြိုင်ခဲ့တဲ့ အရှေ့တောင်အာရှဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲမှာ မြန်မာအသင်းက အိမ်ရှင်ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အနိုင်ရဖို့အတွက် အိမ်ရှင်အသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ ရပြီး ပွဲချိန်၅၇မိနစ်မှာ ဖိလစ်ပိုင်အသင်းက ဦးဆောင်ဂိုးအရင် သွင်းခဲ့တာပါ။

မြန်မာအသင်းကနောက်ကနေ လိုက်ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ ဂျုလိုင်ကျော်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းပါတယ်။ အနိုင်ဂိုးကိုတော့ ချေပဂိုးသွင်းပြီး ၂ မိနစ် အကြာမှာပဲ တိုက်စစ်မှူး ရီရီဦးက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ပွဲပြီးချိန်ထိ တဖက်အသင်းက ချေပဂိုး ပြန်လည်ဂိုးသွင်းနိုင်ခြင်း မရှိဘဲ မြန်မာအသင်းက ၂ ဂိုး ဖိလစ်ပိုင်အသင်းက ၁ ဂိုးနဲ့အဆုံးသတ်ခဲ့ပါတယ်။

အုပ်စု (က) မှာပါတဲ့ မြန်မာအသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်နဲ့ လေးရှားတို့ကို အုပ်စုပွဲမှာ အနိုင်ကစားခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ တဖက်အုပ်စု (ခ) က တက်လာတဲ့ ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက် နိုင်ခြင်းမရှိဘဲ တတိယနေရာလုပွဲနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်က ကျင်းပတဲ့ မလေးရှားဆီဂိမ်းပြိုင်ပွဲမှာလည်း မြန်မာအမျိုးသမီးအသင်းဟာ တတိယကြေး တံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

၁၉၉၅ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးသင်းဟာ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒုတိယ ၂ ကြိမ်ဆက်ရခဲ့တာက အမြင့်ဆုံးအောင်မြင်မူဖြစ်ပြီး ၂၀၀၇ ခုနှစ်ကနေ အခုနှစ်ပြိုင်ပွဲအထိ ၅ ကြိမ် ဆက်တိုက် တတိယကြေးတံဆိပ်ဆုတွေနဲ့ပဲ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

This news is published with the permission of DVB TV News .

ဒီေန႔ယွဥ္ၿပိဳင္ခဲ့တဲ့ အေရွ႕ေတာင္အာရွဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲ တတိယေနရာ လုပြဲမွာ ျမန္မာအသင္းက အိမ္ရွင္ဖိလစ္ပိုင္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔အႏိုင္ရရွိခဲ့ပါတယ္။

ျမန္မာအမ်ိဳးသမီးအသင္းဟာ အႏိုင္ရဖို႔အတြက္ အိမ္ရွင္အသင္းကို ခက္ခက္ခဲခဲ ကစားခဲ့ ရၿပီး ပြဲခ်ိန္၅၇မိနစ္မွာ ဖိလစ္ပိုင္အသင္းက ဦးေဆာင္ဂိုးအရင္ သြင္းခဲ့တာပါ။

ျမန္မာအသင္းကေနာက္ကေန လိုက္ကစားခဲ့ရၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာ ဂ်ဳလိုင္ေက်ာ္က ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ၿပီး ေခ်ပဂိုးသြင္းပါတယ္။ အႏိုင္ဂိုးကိုေတာ့ ေခ်ပဂိုးသြင္းၿပီး ၂ မိနစ္ အၾကာမွာပဲ တိုက္စစ္မႉး ရီရီဦးက ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ပြဲၿပီးခ်ိန္ထိ တဖက္အသင္းက ေခ်ပဂိုး ျပန္လည္ဂိုးသြင္းႏိုင္ျခင္း မရွိဘဲ ျမန္မာအသင္းက ၂ ဂိုး ဖိလစ္ပိုင္အသင္းက ၁ ဂိုးနဲ႔အဆုံးသတ္ခဲ့ပါတယ္။

အုပ္စု (က) မွာပါတဲ့ ျမန္မာအသင္းဟာ အိမ္ရွင္ ဖိလစ္ပိုင္နဲ႔ ေလးရွားတို႔ကို အုပ္စုပြဲမွာ အႏိုင္ကစားခဲ့ၿပီး ကြာတားဖိုင္နယ္မွာေတာ့ တဖက္အုပ္စု (ခ) က တက္လာတဲ့ ထိုင္းအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဗိုလ္လုပြဲကို တက္ေရာက္ ႏိုင္ျခင္းမရွိဘဲ တတိယေနရာလုပြဲနဲ႔သာ အဆုံးသတ္ခဲ့ရပါတယ္။

၂၀၁၇ ခုႏွစ္က က်င္းပတဲ့ မေလးရွားဆီဂိမ္းၿပိဳင္ပြဲမွာလည္း ျမန္မာအမ်ိဳးသမီးအသင္းဟာ တတိယေၾကး တံဆိပ္ဆုနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

၁၉၉၅ ခုႏွစ္ကေန စတင္ခဲ့တဲ့ ဆီးဂိမ္းအမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲမွာ ျမန္မာအမ်ိဳးသမီးသင္းဟာ ၂၀၀၃ နဲ႔ ၂၀၀၅ ခုႏွစ္ေတြမွာ ဒုတိယ ၂ ႀကိမ္ဆက္ရခဲ့တာက အျမင့္ဆုံးေအာင္ျမင္မူျဖစ္ၿပီး ၂၀၀၇ ခုႏွစ္ကေန အခုႏွစ္ၿပိဳင္ပြဲအထိ ၅ ႀကိမ္ ဆက္တိုက္ တတိယေၾကးတံဆိပ္ဆုေတြနဲ႔ပဲ ေက်နပ္ခဲ့ရတာလည္း ျဖစ္ပါတယ္။

This news is published with the permission of DVB TV News .