သက်ထားသူဇာ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်

156

ဖိလစ်ပိုင်ဆီးဂိမ်းစ်ကြက်တောင်ရိုက်ပြိုင်ပွဲရဲ့ ဒီနေ့ကျင်းပတဲ့ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာ ကြက်တောင်ရိုက်အားကစားမယ် သက်ထားသူဇာဟာ အင်ဒိုနီးရှားကစားသမား Ruselli HARTAWAN ကို ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

တဦးချင်းကြက်တောင်ရိုက်ပြိုင်ပွဲရဲ့ ဒီနေ့ပွဲစဉ်မှာ သက်ထားသူဇာဟာ Ruselli HARTAWAN နဲ့ကစားတဲ့ ပထမပွဲစဉ်မှာ ၁၁ မှတ် ၂၁ မှတ်၊ဒုတိယပွဲစဉ်မှာ ၁၇ မှတ် ၂၁ မှတ်နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

သက်ထားသူဇာဟာ အုပ်စုပွဲမှာ ငွေတံဆိပ်ဆုရှင် မလေရှားကစားသမား ဆိုနီယာကို ၂ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ကွာတားဖိုင်နယ် တက်ရောက်လာတာပါ။


