လက်ထပ်စာရိတ် မတက်နိုင်တဲ့အဖိုးကိုမှ ယုံယုံကြည်ကြည် ချစ်ခဲ့မိတဲ့ကောင်မလေး

151

ဖူးစာရေစက်ဆိုတာ ပြောဖို့ခက်ပါတယ်။ ကမ္ဘာ့တောင်ခြမ်းမှာ နေတဲ့လူနဲ့၊ ကမ္ဘာ့မြောက်ခြမ်းမှာ နေတဲ့လူ ဖူးစာရေစက်ပါရင် ပေါင်းရစုံရတတ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြပါစေ၊ ဘယ်လောက်ပဲ သံယောဇဉ် ရှိကြပါစေ ပေါင်းဖို့ရေစက်မပါရင် အကြောင်းအမျိုးမျိုးကြောင့် လွဲတတ်ပါတယ်။

အခုလည်း လက်ထပ်စာရိတ်တောင် မတက်နိုင်တဲ့ အသက်(၇၀)အရွယ် အဖိုးအိုတစ်ယောက်ဟာ အသက်(၂၈)နှစ်အရွယ် မိန်းမပျိလေးကို ချစ်မိခဲ့ပါတယ်။ ကောင်မလေးကလည်း မေတ္တာပြန်လည် သက်ဝင်ခဲ့ပြီး၊ ခင်ပွန်းလောင်းအဖိုးအိုဆီမှာ ဘာမှ မမျှော်လင့်နိုင်ဘူးဆိုတာ သိသော်လည်း-

သူမ ယုံကြည်စွာ ပေါင်းသင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဖိုးမှာ မင်္ဂလာလက်ထပ်စာရိတ်အဖြစ် အင်ဒိုရူပီး (၅)သောင်းသာ ရှိပါသတဲ့။ ဘာမှ လုပ်လို့မရတဲ့ ပမာဏဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားက ကျေးရွာတစ်ခုမှာ ဖြစ်ခဲ့တာပါ။

အင်ဒိုရူပီး(၅)သောင်းရဲ့တန်ဖိုးဟာ မြန်မာငွေနဲ့ဆိုရင် (၅)ထောင်ကျော်သာ ရှိတဲ့သဘောပါ။ သူတို့နှစ်ယောက်ဟာ ပထမဆုံးစတွေ့ပြီး လေးလအကြာမှာ သတို့သမီးဘက်က စာရိတ်နဲ့ လက်ထပ်ခဲ့တာပါ။ သိရသလောက်တော့ သူတို့နှစ်ယောက်ဟာ တောထဲမှာ ရေခပ်ရင်း ဆုံခဲ့ကြတာပါတဲ့။

သူတို့နှစ်ယောက်ဟာ နိုဝင်ဘာ(၂၇)ရက်မှာ လက်ထပ်ခဲ့ကြတာပါ။ မိဘမောင်ဘွားတွေ အကုန်လုံးက သဘောတူခဲ့ပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ ဒီကိစ္စဟာ ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ တစ်ချို့ကတော့ အမျိုးသမီးဟာ ငွေမက်ပြီး လက်ထပ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းသိတွေကတော့ အချစ်စစ်လို့ ဆိုပါတယ်။

လင်းဇော်ကို  D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ဖူးစာေရစက္ဆုိတာ ေျပာဖုိ႔ခက္ပါတယ္။ ကမာၻ႔ေတာင္ျခမ္းမွာ ေနတဲ့လူနဲ႔၊ ကမာၻ႕ေျမာက္ျခမ္းမွာ ေနတဲ့လူ ဖူးစာေရစက္ပါရင္ ေပါင္းရစုံရတတ္ပါတယ္။ ဘယ္ေလာက္ပဲ ခ်စ္ၾကပါေစ၊ ဘယ္ေလာက္ပဲ သံေယာဇဥ္ ရွိၾကပါေစ ေပါင္းဖုိ႔ေရစက္မပါရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လြဲတတ္ပါတယ္။

အခုလည္း လက္ထပ္စာရိတ္ေတာင္ မတက္ႏုိင္တဲ့ အသက္(၇၀)အရြယ္ အဖုိးအုိတစ္ေယာက္ဟာ အသက္(၂၈)ႏွစ္အရြယ္ မိန္းမပ်ိေလးကုိ ခ်စ္မိခဲ့ပါတယ္။ ေကာင္မေလးကလည္း ေမတၱာျပန္လည္ သက္ဝင္ခဲ့ၿပီး၊ ခင္ပြန္းေလာင္းအဖုိးအုိဆီမွာ ဘာမွ မေမွ်ာ္လင့္ႏုိင္ဘူးဆုိတာ သိေသာ္လည္း-

သူမ ယုံၾကည္စြာ ေပါင္းသင္းဖုိ႔ ဆုံးျဖတ္လုိက္ပါတယ္။ အဖုိးမွာ မဂၤလာလက္ထပ္စာရိတ္အျဖစ္ အင္ဒုိ႐ူပီး (၅)ေသာင္းသာ ရွိပါသတဲ့။ ဘာမွ လုပ္လုိ႔မရတဲ့ ပမာဏျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ အင္ဒုိနီးရွားႏုိင္ငံ၊ ဂ်ာဗားက ေက်းရြာတစ္ခုမွာ ျဖစ္ခဲ့တာပါ။

အင္ဒုိ႐ူပီး(၅)ေသာင္းရဲ႕တန္ဖုိးဟာ ျမန္မာေငြနဲ႔ဆုိရင္ (၅)ေထာင္ေက်ာ္သာ ရွိတဲ့သေဘာပါ။ သူတုိ႔ႏွစ္ေယာက္ဟာ ပထမဆုံးစေတြ႕ၿပီး ေလးလအၾကာမွာ သတုိ႔သမီးဘက္က စာရိတ္နဲ႔ လက္ထပ္ခဲ့တာပါ။ သိရသေလာက္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ ေတာထဲမွာ ေရခပ္ရင္း ဆုံခဲ့ၾကတာပါတဲ့။

သူတုိ႔ႏွစ္ေယာက္ဟာ ႏုိဝင္ဘာ(၂၇)ရက္မွာ လက္ထပ္ခဲ့ၾကတာပါ။ မိဘေမာင္ဘြားေတြ အကုန္လုံးက သေဘာတူခဲ့ေပမယ့္ လူမႈကြန္ရက္ေပၚမွာေတာ့ ဒီကိစၥဟာ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အမ်ိဳးသမီးဟာ ေငြမက္ၿပီး လက္ထပ္ခဲ့တာလုိ႔ စြပ္စြဲခဲ့ပါတယ္။ ဒါေပမယ့္ အေၾကာင္းသိေတြကေတာ့ အခ်စ္စစ္လုိ႔ ဆုိပါတယ္။

လင္းေဇာ္ကုိ  D Nae Khit Media