ပဲခူးမြို့က လုပ်ငန်းရှင် အသတ်ခံရမှုမှ တရားခံဟု ယူဆရသူကို ဖမ်းမိ

229

ပဲခူးမြို့က Big Boss ရေသန့်လုပ်ငန်းရှင်ကို သတ်ပြီး အလောင်းဖျောက်သူဟု ယူဆရသူ အင်းတကော်မြို့၊ တောင်ကြီးကွဲရွာနေ စိုင်းကိုကို(ခ)ကိုစိုင်းကို ဒီဇင်ဘာ ၆ ရက်က ကြို့ပင်ကောက်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

သေဆုံးသူ ကိုဝင်းထွဋ်ဟာ ဒီဇင်ဘာ ၅ ရက်ညနေမှာ သူပိုင်ခြံထဲက ပြန်လာပြီး ခြံထဲက အလုပ်သမားတွေက ဟင်းရွက်တွေ ခူးထားတယ် လာယူပါဦးဆိုလို့ တခေါက်ပြန်သွားယူပြီးတဲ့နောက် ပျောက်ဆုံးသွားတာလို့ ယောက်ဖတော်စပ်သူ ကိုအောင်ကျော်လင်းက ပြောပါတယ်။

အဲဒီအချိန်တည်းက သေဆုံးသူ ကိုဝင်းထွဋ် ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဝိုင်းဝန်းရှာဖွေကြရာ ဒီဇင်ဘာ ၆ ရက်မနက် ၃ နာရီလောက်မှာ ရွှေပြည် Resort နားက ကိုဝင်းထွဋ် ပိုင်တဲ့ ခြံထဲမှာ ဖွဲပြာနဲ့မြေရောထားတဲ့ မြေစာပုံအောက်ကနေ အလောင်းကို တွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့သူ ကလျာဏမိတ္တ နာမှုကူညီရေးပရဟိတအသင်း ဥက္ကဋ္ဌ ကိုကုလားက ပြောပါတယ်။

“ရွှေပြည် Resort နားက ၁၈ ဧကလောက်ကျယ်တဲ့ သူ့ခြံထဲက ဝန်ထမ်းအိမ်ရာနဲ့ ဂိတ်ပေါက်အလယ်လောက်မှာ သွေးကွက်လို တကွက်တွေ့လို့ အဲဒီခြံထဲက CCTV မှတ်တမ်းကို ကြည့်တော့ တုတ်ကိုင်ထားတဲ့လူတွေကို တွေ့တယ်။ ပြီးတော့ လူတယောက်ကို မ သယ်သွားတာ တွေ့တယ်။

အဲဒါနဲ့ ခြံထဲကို လိုက်ရှာတာ ဘာမှမတွေ့ကြပါဘူး။ မနက် ၃ နာရီလောက်မှာတော့ ပဲခူးသွေးအသင်းက ကိုရဲဟိန်း အပေါ့သွားရင်းအနားမှာ မြေတွေပွနေလို မသင်္ကာတာနဲ့ ထိုးဆွ ကြည့်ရာက ပြာနဲ့မြေကြီးရောထားတဲ့ မြေတွေနဲ့ဖို့ထားတဲ့ ကိုဝင်းထွဋ်ရဲ့ အလောင်းကို တွေ့ရှိခဲ့ တာ။”

ကိုဝင်းထွဋ်ကို ခြံစောင့်လုပ်သူ ၃ ယောက်က သတ်တာဖြစ်နိုင်တဲ့အတွက် ၂ ယောက်ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီးနောက် ကိုဝင်းထွဋ်ရဲ့ ကားနဲ့အတူ ပျောက်ဆုံးနေတဲ့ စိုင်းကိုကို(ခ) ကိုစိုင်းကို ထပ်မံဖမ်းဆီးမိခဲ့တာပါ။

ကိုဝင်းထွဋ်မှာ ဝတ်ဆင်ထားတဲ့ သိန်း ၅၀၀ တန် ပတ္တမြားလက်စွပ်၊ ဖုန်းနဲ့ ငွေတချို့လည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အလောင်းကိုတော့ ဒီဇင်ဘာလ ၆ ရက်မနက် ၉ နာရီခွဲလောက်က တာဝန်ရှိသူတွေ တူးဖော်ပြီး ပဲခူးဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးထားပါတယ်။

လူသတ်အလောင်းဖျောက်ပြီး ပစ္စည်းတချို့ယူဆောင်ထွက်ပြေးသူဟု ယူဆရသူ စိုင်းကိုကို(ခ)ကိုစိုင်းကို အင်းတကော်နယ်မြေရဲစခန်းက (ပ)၂၉၆/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊၃၉၂၊၂၀၁ တို့နဲ့အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

This news is published with the permission of DVB TV News .

ပဲခူးၿမိဳ႕က Big Boss ေရသန႔္လုပ္ငန္းရွင္ကို သတ္ၿပီး အေလာင္းေဖ်ာက္သူဟု ယူဆရသူ အင္းတေကာ္ၿမိဳ႕၊ ေတာင္ႀကီးကြဲ႐ြာေန စိုင္းကိုကို(ခ)ကိုစိုင္းကို ဒီဇင္ဘာ ၆ ရက္က ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

ေသဆုံးသူ ကိုဝင္းထြဋ္ဟာ ဒီဇင္ဘာ ၅ ရက္ညေနမွာ သူပိုင္ၿခံထဲက ျပန္လာၿပီး ၿခံထဲက အလုပ္သမားေတြက ဟင္း႐ြက္ေတြ ခူးထားတယ္ လာယူပါဦးဆိုလို႔ တေခါက္ျပန္သြားယူၿပီးတဲ့ေနာက္ ေပ်ာက္ဆုံးသြားတာလို႔ ေယာက္ဖေတာ္စပ္သူ ကိုေအာင္ေက်ာ္လင္းက ေျပာပါတယ္။

အဲဒီအခ်ိန္တည္းက ေသဆုံးသူ ကိုဝင္းထြဋ္ ေပ်ာက္ဆုံးေနတဲ့အတြက္ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြေတြ ဝိုင္းဝန္းရွာေဖြၾကရာ ဒီဇင္ဘာ ၆ ရက္မနက္ ၃ နာရီေလာက္မွာ ေ႐ႊျပည္ Resort နားက ကိုဝင္းထြဋ္ ပိုင္တဲ့ ၿခံထဲမွာ ဖြဲျပာနဲ႔ေျမေရာထားတဲ့ ေျမစာပုံေအာက္ကေန အေလာင္းကို ေတြ႕ရွိခဲ့တာလို႔ မ်က္ျမင္ေတြ႕ရွိခဲ့သူ ကလ်ာဏမိတၱ နာမႈကူညီေရးပရဟိတအသင္း ဥကၠ႒ ကိုကုလားက ေျပာပါတယ္။

“ေ႐ႊျပည္ Resort နားက ၁၈ ဧကေလာက္က်ယ္တဲ့ သူ႔ၿခံထဲက ဝန္ထမ္းအိမ္ရာနဲ႔ ဂိတ္ေပါက္အလယ္ေလာက္မွာ ေသြးကြက္လို တကြက္ေတြ႕လို႔ အဲဒီၿခံထဲက CCTV မွတ္တမ္းကို ၾကည့္ေတာ့ တုတ္ကိုင္ထားတဲ့လူေတြကို ေတြ႕တယ္။ ၿပီးေတာ့ လူတေယာက္ကို မ သယ္သြားတာ ေတြ႕တယ္။

အဲဒါနဲ႔ ၿခံထဲကို လိုက္ရွာတာ ဘာမွမေတြ႕ၾကပါဘူး။ မနက္ ၃ နာရီေလာက္မွာေတာ့ ပဲခူးေသြးအသင္းက ကိုရဲဟိန္း အေပါ့သြားရင္းအနားမွာ ေျမေတြပြေနလို မသကၤာတာနဲ႔ ထိုးဆြ ၾကည့္ရာက ျပာနဲ႔ေျမႀကီးေရာထားတဲ့ ေျမေတြနဲ႔ဖို႔ထားတဲ့ ကိုဝင္းထြဋ္ရဲ႕ အေလာင္းကို ေတြ႕ရွိခဲ့ တာ။”

ကိုဝင္းထြဋ္ကို ၿခံေစာင့္လုပ္သူ ၃ ေယာက္က သတ္တာျဖစ္ႏိုင္တဲ့အတြက္ ၂ ေယာက္ကိုေတာ့ ရဲတပ္ဖြဲ႕က ဖမ္းဆီးမိထားၿပီးေနာက္ ကိုဝင္းထြဋ္ရဲ႕ ကားနဲ႔အတူ ေပ်ာက္ဆုံးေနတဲ့ စိုင္းကိုကို(ခ) ကိုစိုင္းကို ထပ္မံဖမ္းဆီးမိခဲ့တာပါ။

ကိုဝင္းထြဋ္မွာ ဝတ္ဆင္ထားတဲ့ သိန္း ၅၀၀ တန္ ပတၱျမားလက္စြပ္၊ ဖုန္းနဲ႔ ေငြတခ်ိဳ႕လည္း ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

အေလာင္းကိုေတာ့ ဒီဇင္ဘာလ ၆ ရက္မနက္ ၉ နာရီခြဲေလာက္က တာဝန္ရွိသူေတြ တူးေဖာ္ၿပီး ပဲခူးေဆး႐ုံက ရင္ခြဲ႐ုံကို ပို႔ေဆာင္စစ္ေဆးထားပါတယ္။

လူသတ္အေလာင္းေဖ်ာက္ၿပီး ပစၥည္းတခ်ိဳ႕ယူေဆာင္ထြက္ေျပးသူဟု ယူဆရသူ စိုင္းကိုကို(ခ)ကိုစိုင္းကို အင္းတေကာ္နယ္ေျမရဲစခန္းက (ပ)၂၉၆/၂၀၁၉၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂၊၃၉၂၊၂၀၁ တို႔နဲ႔အမႈဖြင့္ ဖမ္းဆီးအေရးယူထားတယ္လို႔ သိရပါတယ္။

This news is published with the permission of DVB TV News .