တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံ မပိတ်သိမ်းပါ အရေးယူမည်

116

ကျောက်ဖြူမြို့နယ်က တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းမြောက်ကျေးရွာအုပ်စု ကင်းပင်လယ်နားကျေးရွာက တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံဟာ ခွင့်ပြုချက်တစုံတရာ ရယူမှုမရှိတဲ့အတွက် ပြည်နယ်အစိုးရရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါစက်ရုံကို ပိတ်သိမ်းဖို့ညွှန်ကြားထားတာလို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

“လက်ရှိမှာတော့ ကျနော်တို့ စက်ရုံလည်ပတ်မှု ရှိ၊ မရှိကို ဒီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အပတ်စဉ် တင်ပြခိုင်းထားတာရှိပါတယ်။ ဒီဇင်ဘာ ၃ ရက် ရက်စွဲပါစာနဲ့လည်း စက်ရုံကို တာဝန်ရှိသူကို ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ခြင်း မဟုတ်တဲ့အတွက် စက်ရုံကို ပိတ်သိမ်းဖို့နဲ့ ခွင့်ပြုချက်မရှိပဲ စက်ရုံလည်ပတ်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရ ခဲ့ပါဘူး။

အဆိုပါ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံကို လွန်ခဲ့တဲ့ အောက်တိုဘာလက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး စက်ရုံမှထွက်ရှိတဲ့ ဆိုးဝါးတဲ့အနံ့ဆိုးတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတဲ့အတွက် စက်ရုံပိတ်သိမ်းပေးဖို့နဲ့ မပိတ်သိမ်းပေးပါက ဆန္ဒဖော်ထုတ်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

This news is published with the permission of DVB TV News .

ေက်ာက္ျဖဴၿမိဳ႕နယ္က တ႐ုတ္ႏိုင္ငံသားပိုင္ ေက်ာက္မီးေသြးသုံး ငါးအမႈန႔္ႀကိတ္စက္႐ုံကို ပိတ္သိမ္းဖို႔ ၫႊန္ၾကားထားၿပီး မလိုက္နာပါက အေရးယူသြားမယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ကင္းေျမာက္ေက်း႐ြာအုပ္စု ကင္းပင္လယ္နားေက်း႐ြာက တ႐ုတ္ႏိုင္ငံသားပိုင္ ေက်ာက္မီးေသြးသုံး ငါးအမႈန႔္ႀကိတ္စက္႐ုံဟာ ခြင့္ျပဳခ်က္တစုံတရာ ရယူမႈမရွိတဲ့အတြက္ ျပည္နယ္အစိုးရရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္အရ အဆိုပါစက္႐ုံကို ပိတ္သိမ္းဖို႔ၫႊန္ၾကားထားတာလို႔ ေက်ာက္ျဖဴၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

“လက္ရွိမွာေတာ့ က်ေနာ္တို႔ စက္႐ုံလည္ပတ္မႈ ရွိ၊ မရွိကို ဒီေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို အပတ္စဥ္ တင္ျပခိုင္းထားတာရွိပါတယ္။ ဒီဇင္ဘာ ၃ ရက္ ရက္စြဲပါစာနဲ႔လည္း စက္႐ုံကို တာဝန္ရွိသူကို ႀကိဳတင္ခြင့္ျပဳခ်က္ ရယူေဆာင္႐ြက္ခဲ့ျခင္း မဟုတ္တဲ့အတြက္ စက္႐ုံကို ပိတ္သိမ္းဖို႔နဲ႔ ခြင့္ျပဳခ်က္မရွိပဲ စက္႐ုံလည္ပတ္ပါက ဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမယ္ဆိုတဲ့ဟာကို အေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး စက္႐ုံတာဝန္ရွိသူေတြနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရ ခဲ့ပါဘူး။

အဆိုပါ တ႐ုတ္ႏိုင္ငံသားပိုင္ ေက်ာက္မီးေသြးသုံး ငါးအမႈန႔္ႀကိတ္စက္႐ုံကို လြန္ခဲ့တဲ့ ေအာက္တိုဘာလက စတင္လည္ပတ္ခဲ့တာျဖစ္ၿပီး စက္႐ုံမွထြက္ရွိတဲ့ ဆိုးဝါးတဲ့အနံ႔ဆိုးေတြေၾကာင့္ ေဒသခံေတြ က်န္းမာေရး ထိခိုက္မႈေတြ ရွိလာတဲ့အတြက္ စက္႐ုံပိတ္သိမ္းေပးဖို႔နဲ႔ မပိတ္သိမ္းေပးပါက ဆႏၵေဖာ္ထုတ္သြားမယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

This news is published with the permission of DVB TV News .