တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း . . 05.12.2019 မှ 11.12.2019 

325

တနင်္ဂနွေ

ဒီကာလအတွင်း စိတ်ထဲလိုချင်တာတွေက ထူးခြားစွာလက်တွေ့ရလာတတ်ပါတယ်။မိသားစုကိစ္စတွေ၊ အိမ် တွင်းရေးပြဿနာတွေပြေလည်မှုအထူးရရှိတတ်ပါတယ်။ အခုထက်ပိုတဲ့ ခြေလှမ်းသစ်တွေလှမ်းမယ်ဆိုလှမ်းလို့ သင့်တဲ့နေ့ရက်တွေပါပဲ။ အတိတ်ကတောင်းဆိုတင်ပြထားတဲ့ကိစ္စတွေက ဒီနေ့မှာလက်ခံပေးလိုက်တာမျိုးတွေကြုံ ရတတ်ပါတယ်။အထက်လူကြီးအမျိုးသားအကြီးအကဲတစ်ဦးထံမှ အကြံကောင်းတွေရလာတတ်ပါတယ်။ အိမ်နဲ့ ပက်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းပါတယ်။

ဘာသာရေးကိစ္စတွေမှာ အကြီးအမှူးတွေအဖြစ်ခန့် အပ်ခြင်းခံရတတ်ပါတယ်။လုပ်ငန်းရှင်များအဆက်အသွယ်ကောင်းတွေရလာတတ်ပြီး လုပ်ငန်းတိုးတတ်လာတတ် ပါတယ်။ထီဝါသနာပါသူများ ဒီအပတ်ထဲမှာထီကံစမ်းထားသင့်ပါတယ်။အမည်ဂုဏ်သတင်းကျော်ကြားခြင်းမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်လောက်ပဲအညံ့အဆိုးတွေဖြစ်တတ်ပါတယ်။ ဆေးမြီး တိုနဲ့တင်ပျောက်နိုင်ပါတယ်။ အချစ်ရေးကံကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သံသယများကြား ပြဿနာတွေကြုံရတတ်ပါတယ်။ပညာသင်ကြားနေသူများ ပညာရေးနဲ့ပက်သက်တဲ့အခွင့်အလမ်းသစ်တွေပေါ်လာ တတ်ပါတယ်။

အကျိုးပေးဂဏန်း 1/6/9 အထူးဟော ကံဇာတာတတ်နေပါလိမ့်မယ်။ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း ကံဇာတာတွေပြန်လည်မြင့်မားလာတတ်ပြီး မိမိရည်မှန်းချက်တွေပြည့်ဝအောင်မြင်နေ တတ်ပါတယ်။ လုပ်ငန်းတာဝန်ဝတ္တများနဲ့ပက်သက်ပြီး ဦးနှောက်ခြောက်နေရချိန်လဲဖြစ်ပါတယ်။ လုပ်ငန်းစီးပွားနှင့် ငွေကြေးအကျိူးပေးကံကတော့ အကောင်းဘက်မှာရှိနေတတ်ပါတယ်။ အိမ်၊ခြံ၊မြေ၊ယာဉ်ကိစ္စတွေနဲ့ပက်သက်ပြီး မိသားအတွင်းစကားများရတာမျိုးတော့ရှိနေတတ်ပါတယ်။အပျော်ခရီးတွေသွားလာလို့ကောင်းပေမဲ့ အလုပ်ကြောင့် သွားတဲ့ခရီးစဉ်တွေကတော့ စိတ်အနှောက်အယှက်များရတတ်ပါတယ်။

ဇွဲ၊လုံလ၊ဝီရိယအားစိုက်ကြိုးပမ်းသူများက တော့သိသာထင်ရှားစွာတိုးတတ်နိုင်ပါတယ်။လူချစ်လူခင်များစေတဲ့နေရက်တွေပါပဲ။ မိတ်ဆွေသစ်တွေလဲတိုးပါ လိမ့်မယ်။ အနုပညာနွယ်သောအလုပ်စီးပွားလုပ်သူများ အလုပ်တွေများလာတတ်ပါတယ်။သင်ကြားရေးဆရာများ ကျောင်းသားဦးရေတိုးလာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ချမ်းသာရမယ်။ ကိုယ်ခံအားကောင်းနေတာ ကြောင့် နေထိုင်ကောင်းမဲ့နေ့ပါ။ အချစ်ရေးမှာတော့ အရွယ်လွန်လူလွတ်များ အချစ်ရေးကိစ္စကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရမည်။ အိမ်ထောင်ဘက်ကြောင့်မိမိဂုဏ်တတ်မည်။ ပညာရေးမှာစိတ်ပါဝင်စားမှု ရှိတာကြောင့်သင်ယူရတတ်မြောက်ရလွယ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/0  အထူးဟော စိတ်ချမ်းသာစရာများပါတယ်။  ယတြာ ဒိန်ချဉ်လေးဘုရားကပ်ပေးပါ။

အင်္ဂါ

မိမိလုပ်ကိုင်ဆောင်ရွက်သမျှတွေက အနှောက်အယှက်တွေများပြားပြီး အဆင်မပြေမှုများယှဉ်တွဲနေတတ် ပါတယ်။ဝီရိယအကျိုးသာခံစားနေရတတ်ပြီးတော့ ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းတော့မရတတ်ပါဘူး။ ရှင်းရှင်း ပြောရရင် အန္တရာယ်ရှိတဲ့နေရာမသွားနဲ့။ အန္တရာယ်ကြီးတဲ့အလုပ်တွေမလုပ်နဲ့။ အန္တရာယ်ရှိတဲ့ မိတ်ဆွေတွေနဲ့မ ပေါင်းနဲ့ပေါ့ဗျာ။စက်ကားတွေကြောင့်ငွေကုန်ရတတ်ပါတယ်။ အပျက်အစီးတွေများနေတတ်ပါတယ်။ လူအမှား ကြောင့် စက်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။

အောက်လက်ငယ်သားတွေအရေးကြီးတာတွေမခိုင်းပါနဲ့။ ကိုယ်ပဲ အပင်ပန်းခံလိုက်တာအကောင်းဆုံးပါပဲ။စိတ်ဆိုးဒေါသဖြစ်ရသည့်ကိစ္စများကတော့မကြာခဏကြုံတွေ့ရတတ်ပေမဲ့ မိမိကသာစိတ်လိုက်မာန်ပါမလုပ်ရင် ဘာမှမဟုတ်ပါဘူး။လွဲမှားတဲ့အကြံဉာဏ်တွေလာပေးတတ်ပါတယ်။ သူများက စေတနာစကားပေမယ့် မိမိလက်တွေ့အသုံးတည့်ဖို့အလွန်ခဲယဉ်းပါတယ်။ကျန်းမာရေးကောင်းပါတယ်။ကျန်းမာရေး အတွက်မပူရပါဘူးဗျာ။ အချစ်ရေးမှာတော့ သိသာထင်ရှားစွာစန်းပွင့်နေတတ်ပါတယ်။စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့သင့်တဲ့ကာလပါပဲ။အိမ်ထောင်ရေးမှာတော့ ကတောက်ကဆအနည်းငယ်ပဲဖြစ်တတ်ပါတယ်။ပညာရေးမှာ အတိုက်အခံတွေ၊လိုက်ပြိုင်နေတဲ့ သင်ဖော်သင်ဖက်တွေကြောင့်စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း 1/3/4  အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။  ယတြာ ဒဏ်ကြေလိမ်ဆေးတွေ လူကြီးတွေကိုလှူဒါန်းပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ပြဿနာအတားအဆီးတွေများနေတတ်ပါတယ်။မိမိနေရာကိုလုလိုသူတွေ၊ မိမိရနေတဲ့ ရာထူးတာဝန်အပေါ်မနာလိုသူတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စောင်းမြောင်းပြောဆိုတာမျိုးတွေ ကြုံရတတ်ပါ တယ်။ တရားနည်းလမ်းနဲ့သာရင်ဆိုင်လိုက်ပါ။လုပ်ငန်းတွေလုပ်ကိုင်ရာမှာလဲ ပင်ပန်းပြီးအကျိုးမရှိဆိုတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်မှားလု့ိ ဆုံးရှုံးတာတွေဖြစ်တတ်သလို ပိုက်ဆံအိတ်ကျ ပျောက်ပြီးဆုံးရှုံးတာမျိုးတွေဖြစ်ရတတ်ပါတယ်။ရာထူးကြီးသူများ လုပ်ငန်းတာဝန်များအတွက် စိတ်ပင်ပန်းနေရ တတ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းရှင်များ ကံဇာတာအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခြင်း၊ ရောင်းခြင်းတွေကိုတော့ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေရှိနေ တတ်ပါတယ်။ အထူးသဖြင့်ထိခိုက်ရှနာရတာမျိုးတွေ ကြုံနေရတတ်ပါတယ်။ချစ်သူနဲ့နားလည်မှုလွဲချော်ပြီးတော့ ပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်နေရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။နှစ်ယောက် နားလည်မှုရှိရှိရှေ့ဆက်နိုင်လာပါလိမ့်မယ်။ ပညာသင်ကြားနေသူများကတော့ ပင်ပန်းရတတ်ပြီး ဖိအားတွေနဲ့ ကြုံ နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/4/5  အထူးဟော အတိုက်အခံရန်များမည်။  ယတြာ လိမ္မော်သီး ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း မိမိရင်းနှီးလုပ်ကိုင်ရပြီး အကျိုးအမြတ်မရသေးတဲ့အလုပ်တွေကဒီကာလမှာအကျိုးအမြတ် ရလာတတ်ပါတယ်။ဘုန်းကံမြင့်မားနေပြီးတော့ ရာထူးတိုးပြီးနေရာကောင်းရခြင်းတွေကြုံရတတ်ပါတယ်။လုပ်ငန်း အတွင်း အော်ဒါတွေများနေတတ်ပြီးတော့ အခွင့်အရေးကောင်းတွေလဲပေါ်ပေါက်လာတတ်ပါတယ်။ ငွေဝင်သလို စတင်စုဆောင်းလာနိုင်တဲ့နေ့ရက်တွေလဲဖြစ်ပါလိမ့်မယ်။ ပညာဖြင့်အသက်မွေးရပ်တည်ကြသူများ သိသာထင်ရှား စွာအဆင်ပြေနိုင်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေ၊အထောက်အပံ့တွေအများကြီးရလွယ် တဲ့ကာလတစ်ခုပါ။ငွေကြေးကုန်ကျမှုတွေများစွာလျှော့ချသွားနိုင်ပါလိမ့်မယ်။

ထီကံစမ်းလို့ကောင်းတဲ့နေ့ရက်တွေ ပါပဲ။ဘာသာရေးအလှူအတန်းတွေကြုံရတတ်ပါတယ်။ ဆရာကန်တော့ပွဲတွေလဲ ကြုံကြိုက်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရာသီအပြောင်းအလဲကြောင့် အဆုတ်ပွပြီး ချောင်းဆိုးနှာစေးဖြစ်နေရတတ်ပါတယ်။အချစ်ရေးမှာတော့အချစ်ရေးကံတိုးတတ်မြင့်မားနေတတ်ပြီးတော့ မိမိလိုအင်ဆန္ဒတွေကိုချစ်သူက တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါလိမ့်မယ်။ အိမ်ထောင်သည်များ နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်တာကိုတွေ့ရပါလိမ့်မယ်။ ပညာရေးတိုးတတ်နေပြီးတော့ ကြိုးစားသလောက် ထွန်းပေါက်နိုင်တာတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 3/6/5  အထူးဟော အလုပ်အကိုင်တွေတိုးတတ်မည်။ လူမှုရေးတွေအဆင်ပြေမည်။  ယတြာ ဆန်ပြုတ်ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်းစိတ်အနှောက်အယှက်ဖြစ်စရာတွေများနေတတ်ပါတယ်။အဓိကတော့မိတ်ဆွေသူငယ်ချင်း တွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ မကောင်းတဲ့မိတ်ဆွေတွေကြောင့် မိမိပါဒုက္ခရောက်လွယ်ပါတယ်။ ခရီးကိစ္စ တွေလွဲချော်ရက်ရွှေ့ရတတ်ပါတယ်။ စီးပွားရေးတွေမှာတော့ မိတ်မပျက်ဖို့ပဲလိုပါတယ်။ ဖောက်သည်တွေနဲ့ပက် သက်ပြီး ဆက်ဆံရေးမှားသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အွန်လိုင်းကနေ မိမိလုပ်ငန်းကိုအပုပ်ချတာမျိုးတွေခံံရ တတ်ပါတယ်။ ရှေ့တိုးဆောင်ရွက်လုပ်ကိုင်ရမဲ့ကိစ္စတွေကိုဆင်ခြင်သုံးသပ်ပြီးမှလုပ်ကိုင်ဆောင်ရွက်တာက အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။

အိမ်ခြံမြေနဲ့ပက်သက်ပြီး မိသားစုအတွင်းပဋိပက္ခလေးတွေဖြစ်ရတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်သမျှအဆင်ပြေစေဖို့အတွက် သည်းခံစိတ်ရှည်ဖို့လိုပါတယ်။အစားအသောက်မှားယွင်းမှု ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တာမျိုးတွေ့ရပါတယ်။ သွေးတိုးသမား၊ဆီးချိုးသမားတွေအထူးသတိထား ပေါ့ဗျာ။အိမ်ထောင်သည်များကတော့ အေးချမ်းတည်ငြိမ်တဲ့ မိသားစုဘဝနေ့ရက်များကိုဖန်တီးနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအပြင်အခြားတစ်ယောက်ကိုပိုမိုစိတ်ဝင် စားနေတတ်ပါတယ်။ ပညာရေးမှာတော့ပညာ သင်ကြားနေသူများ စိတ်အားတတ်ကြွပြီး ကြိုးစားချင်စိတ်တွေပေါ်လာတတ်ပါတယ်။

အကျိုးပေးဂဏန်း 4/6/0 အထူးဟော စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။  ယတြာ ရှောက်သီးသုပ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းလိုက်ပါ။

စနေ

ဒီကာလအတွင်းမိမိကိုယ်ရေးကိုယ်တာပြဿ နာတွေကြောင့်ပဲလုပ်ငန်းပိုင်းတွေ၊ရာထူးပိုင်းတွေမှာ အနှောင့် အယှက်ရှိတတ်ပါတယ်။ရွှေငွေရတနာပစ္စည်းများ ထွက်တာ၊ပျောက်တာအလွန်ဖြစ်လွယ်ပါတယ်။လုပ်ငန်း တွင် ဝီရိယစိုက်ထုတ်မှုအားနည်းနေတာကြောင့် အခွင့်အရေးကောင်းများဆုံးရှုးံရတတ်ပါတယ်။ စိတ်ပင်ပန်းမှုများ ပြားသလို အလုပ်တာဝန်တွေလဲ ပိနေတတ်ပါတယ်။ကျန်းမားရေးအညံ့ကိစ္စများအတွက် ငွေကုန်ကြေးကျလဲများရ တတ်ပါတယ်။ အပူအအေးမမျှတမှုကြောင့်ဖြစ်ရတဲ့ရောဂါတွေကို ပိုဂရုစိုက်စေချင်ပါတယ်။

အမှုအခင်းကိစ္စတွေမှာ တော့သက်သေလိုက်ပေးတာမျိုးတွေ၊အာမခံတာမျိုးတွေအထူးရှောင်လိုက်ပါ။ ဘာလုပ်လုပ်ခေါင်းအေးအေးထား ပြီးအရေးကြီးတာတွေကိုအရင်စလုပ်ပါ။ အချိန်မဖြုန်းမှအဆင်ပြေမယ်။ အချိန်ဖြုန်းမိရင်အလုပ်တာဝန်တွေအကြွေး များလာတတ်ပါတယ်။တတ်နိုင်သမျှ မိမိအောက်လက်ငယ်သားတွေကိုတာဝန်တွေခွဲဝေပေးစေချင်ပါတယ်။ အိမ် ထောင်ရှင်များကတော့ မိသားစုငြိုငြင်မှုကိုခံရမဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးမှာချစ်သူရဲ့ငွေကြေးပြဿနာတွေ ကြောင့်မိမိပါရောပြီးစိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာတော့ ကျန်းမာရေးအညံ့ကြောင့်ပဲ ပညာရေးကိုထိခိုက် စေနိုင်ပါတယ်။

အကျိုးပေးဂဏန်း 1/5/7  အထူးဟော သူများကိစ္စတွေကြားမဝင်လိုက်ပါနဲ့။  ယတြာ ဒန်ပေါက်ဝယ်ပြီး ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 . .09 44 5555 695

တနဂၤေႏြ

ဒီကာလအတြင္း စိတ္ထဲလိုခ်င္တာေတြက ထူးျခားစြာလက္ေတြ႕ရလာတတ္ပါတယ္။မိသားစုကိစၥေတြ၊ အိမ္ တြင္းေရးျပႆနာေတြေျပလည္မႈအထူးရရွိတတ္ပါတယ္။ အခုထက္ပိုတဲ့ ေျခလွမ္းသစ္ေတြလွမ္းမယ္ဆိုလွမ္းလို႔ သင့္တဲ့ေန႕ရက္ေတြပါပဲ။ အတိတ္ကေတာင္းဆိုတင္ျပထားတဲ့ကိစၥေတြက ဒီေန႕မွာလက္ခံေပးလိုက္တာမ်ိဳးေတြႀကဳံ ရတတ္ပါတယ္။အထက္လူႀကီးအမ်ိဳးသားအႀကီးအကဲတစ္ဦးထံမွ အႀကံေကာင္းေတြရလာတတ္ပါတယ္။ အိမ္နဲ႕ ပက္သက္ေသာကိစၥမွန္သမွ်ေဆာင္႐ြက္လို႔ေကာင္းပါတယ္။ ဘာသာေရးကိစၥေတြမွာ အႀကီးအမႉးေတြအျဖစ္ခန႔္ အပ္ျခင္းခံရတတ္ပါတယ္။

လုပ္ငန္းရွင္မ်ားအဆက္အသြယ္ေကာင္းေတြရလာတတ္ၿပီး လုပ္ငန္းတိုးတတ္လာတတ္ ပါတယ္။ထီဝါသနာပါသူမ်ား ဒီအပတ္ထဲမွာထီကံစမ္းထားသင့္ပါတယ္။အမည္ဂုဏ္သတင္းေက်ာ္ၾကားျခင္းမ်ိဳးေတြ အထူးႀကဳံရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အနည္းငယ္ေလာက္ပဲအညံ့အဆိုးေတြျဖစ္တတ္ပါတယ္။ ေဆးၿမီး တိုနဲ႕တင္ေပ်ာက္နိုင္ပါတယ္။ အခ်စ္ေရးကံေကာင္းေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ သံသယမ်ားၾကား ျပႆနာေတြႀကဳံရတတ္ပါတယ္။ပညာသင္ၾကားေနသူမ်ား ပညာေရးနဲ႕ပက္သက္တဲ့အခြင့္အလမ္းသစ္ေတြေပၚလာ တတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/6/9  အထူးေဟာ ကံဇာတာတတ္ေနပါလိမ့္မယ္။  ယၾတာ အေၾကာ္စုံဘုရားကပ္လႉလိုက္ပါ။

တနလၤာ

ဒီကာလအတြင္း ကံဇာတာေတြျပန္လည္ျမင့္မားလာတတ္ၿပီး မိမိရည္မွန္းခ်က္ေတြျပည့္ဝေအာင္ျမင္ေန တတ္ပါတယ္။ လုပ္ငန္းတာဝန္ဝတၱမ်ားနဲ႕ပက္သက္ၿပီး ဦးေႏွာက္ေျခာက္ေနရခ်ိန္လဲျဖစ္ပါတယ္။ လုပ္ငန္းစီးပြားႏွင့္ ေငြေၾကးအက်ိဴးေပးကံကေတာ့ အေကာင္းဘက္မွာရွိေနတတ္ပါတယ္။ အိမ္၊ၿခံ၊ေျမ၊ယာဥ္ကိစၥေတြနဲ႕ပက္သက္ၿပီး မိသားအတြင္းစကားမ်ားရတာမ်ိဳးေတာ့ရွိေနတတ္ပါတယ္။အေပ်ာ္ခရီးေတြသြားလာလို႔ေကာင္းေပမဲ့ အလုပ္ေၾကာင့္ သြားတဲ့ခရီးစဥ္ေတြကေတာ့ စိတ္အေႏွာက္အယွက္မ်ားရတတ္ပါတယ္။ဇြဲ၊လုံလ၊ဝီရိယအားစိုက္ႀကိဳးပမ္းသူမ်ားက ေတာ့သိသာထင္ရွားစြာတိုးတတ္နိုင္ပါတယ္။လူခ်စ္လူခင္မ်ားေစတဲ့ေနရက္ေတြပါပဲ။

မိတ္ေဆြသစ္ေတြလဲတိုးပါ လိမ့္မယ္။ အႏုပညာႏြယ္ေသာအလုပ္စီးပြားလုပ္သူမ်ား အလုပ္ေတြမ်ားလာတတ္ပါတယ္။သင္ၾကားေရးဆရာမ်ား ေက်ာင္းသားဦးေရတိုးလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ စိတ္ခ်မ္းသာရမယ္။ ကိုယ္ခံအားေကာင္းေနတာ ေၾကာင့္ ေနထိုင္ေကာင္းမဲ့ေန႕ပါ။ အခ်စ္ေရးမွာေတာ့ အ႐ြယ္လြန္လူလြတ္မ်ား အခ်စ္ေရးကိစၥႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေပ်ာ္႐ႊင္ရမည္။ အိမ္ေထာင္ဘက္ေၾကာင့္မိမိဂုဏ္တတ္မည္။ ပညာေရးမွာစိတ္ပါဝင္စားမႈ ရွိတာေၾကာင့္သင္ယူရတတ္ေျမာက္ရလြယ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/0  အထူးေဟာ စိတ္ခ်မ္းသာစရာမ်ားပါတယ္။  ယၾတာ ဒိန္ခ်ဥ္ေလးဘုရားကပ္ေပးပါ။

အဂၤါ

မိမိလုပ္ကိုင္ေဆာင္႐ြက္သမွ်ေတြက အေႏွာက္အယွက္ေတြမ်ားျပားၿပီး အဆင္မေျပမႈမ်ားယွဥ္တြဲေနတတ္ ပါတယ္။ဝီရိယအက်ိဳးသာခံစားေနရတတ္ၿပီးေတာ့ ကံၾကမၼာရဲ႕မ်က္ႏွာသာေပးျခင္းေတာ့မရတတ္ပါဘူး။ ရွင္းရွင္း ေျပာရရင္ အႏၲရာယ္ရွိတဲ့ေနရာမသြားနဲ႕။ အႏၲရာယ္ႀကီးတဲ့အလုပ္ေတြမလုပ္နဲ႕။ အႏၲရာယ္ရွိတဲ့ မိတ္ေဆြေတြနဲ႕မ ေပါင္းနဲ႕ေပါ့ဗ်ာ။စက္ကားေတြေၾကာင့္ေငြကုန္ရတတ္ပါတယ္။ အပ်က္အစီးေတြမ်ားေနတတ္ပါတယ္။ လူအမွား ေၾကာင့္ စက္ပ်က္တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ေအာက္လက္ငယ္သားေတြအေရးႀကီးတာေတြမခိုင္းပါနဲ႕။

ကိုယ္ပဲ အပင္ပန္းခံလိုက္တာအေကာင္းဆုံးပါပဲ။စိတ္ဆိုးေဒါသျဖစ္ရသည့္ကိစၥမ်ားကေတာ့မၾကာခဏႀကဳံေတြ႕ရတတ္ေပမဲ့ မိမိကသာစိတ္လိုက္မာန္ပါမလုပ္ရင္ ဘာမွမဟုတ္ပါဘူး။လြဲမွားတဲ့အႀကံဉာဏ္ေတြလာေပးတတ္ပါတယ္။ သူမ်ားက ေစတနာစကားေပမယ့္ မိမိလက္ေတြ႕အသုံးတည့္ဖို႔အလြန္ခဲယဥ္းပါတယ္။က်န္းမာေရးေကာင္းပါတယ္။က်န္းမာေရး အတြက္မပူရပါဘူးဗ်ာ။ အခ်စ္ေရးမွာေတာ့ သိသာထင္ရွားစြာစန္းပြင့္ေနတတ္ပါတယ္။စိတ္ေကာက္ေနတဲ့ခ်စ္သူကို ျပန္ေခ်ာ့သင့္တဲ့ကာလပါပဲ။အိမ္ေထာင္ေရးမွာေတာ့ ကေတာက္ကဆအနည္းငယ္ပဲျဖစ္တတ္ပါတယ္။ပညာေရးမွာ အတိုက္အခံေတြ၊လိုက္ၿပိဳင္ေနတဲ့ သင္ေဖာ္သင္ဖက္ေတြေၾကာင့္စိတ္ညစ္ရမည္။

အက်ိဳးေပးဂဏန္း 1/3/4   အထူးေဟာ ကံအင္အားနည္းေနတတ္ပါတယ္။  ယၾတာ ဒဏ္ေၾကလိမ္ေဆးေတြ လူႀကီးေတြကိုလႉဒါန္းေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း ျပႆနာအတားအဆီးေတြမ်ားေနတတ္ပါတယ္။မိမိေနရာကိုလုလိုသူေတြ၊ မိမိရေနတဲ့ ရာထူးတာဝန္အေပၚမနာလိုသူေတြနဲ႕ ရင္ဆိုင္ရတတ္ပါတယ္။ ေစာင္းေျမာင္းေျပာဆိုတာမ်ိဳးေတြ ႀကဳံရတတ္ပါ တယ္။ တရားနည္းလမ္းနဲ႕သာရင္ဆိုင္လိုက္ပါ။လုပ္ငန္းေတြလုပ္ကိုင္ရာမွာလဲ ပင္ပန္းၿပီးအက်ိဳးမရွိဆိုတာမ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ေငြေၾကးနဲ႕ပက္သက္ၿပီး ဆုံးျဖတ္ခ်က္မွားလု႔ိ ဆုံးရႈံးတာေတြျဖစ္တတ္သလို ပိုက္ဆံအိတ္က် ေပ်ာက္ၿပီးဆုံးရႈံးတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ရာထူးႀကီးသူမ်ား လုပ္ငန္းတာဝန္မ်ားအတြက္ စိတ္ပင္ပန္းေနရ တတ္ပါတယ္။

ကိုယ္ပိုင္လုပ္ငန္းရွင္မ်ား ကံဇာတာအေကာင္းအဆိုးဒြန္တြဲေနတတ္ပါတယ္။ အိမ္ၿခံေျမ ဝယ္ျခင္း၊ ေရာင္းျခင္းေတြကိုေတာ့ ဒီကာလမွာေဆာင္႐ြက္နိုင္ပါတယ္။က်န္းမာေရးနဲ႕ပက္သက္ၿပီး အားနည္းခ်က္ေတြရွိေန တတ္ပါတယ္။ အထူးသျဖင့္ထိခိုက္ရွနာရတာမ်ိဳးေတြ ႀကဳံေနရတတ္ပါတယ္။ခ်စ္သူနဲ႕နားလည္မႈလြဲေခ်ာ္ၿပီးေတာ့ ျပင္းထန္တဲ့ပဋိပကၡေတြျဖစ္ေနရတတ္ပါတယ္။အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပတိုးတတ္ပါလိမ့္မယ္။ႏွစ္ေယာက္ နားလည္မႈရွိရွိေရွ႕ဆက္နိုင္လာပါလိမ့္မယ္။ ပညာသင္ၾကားေနသူမ်ားကေတာ့ ပင္ပန္းရတတ္ၿပီး ဖိအားေတြနဲ႕ ႀကဳံ ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/4/5  အထူးေဟာ အတိုက္အခံရန္မ်ားမည္။  ယၾတာ လိေမၼာ္သီး ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္း မိမိရင္းႏွီးလုပ္ကိုင္ရၿပီး အက်ိဳးအျမတ္မရေသးတဲ့အလုပ္ေတြကဒီကာလမွာအက်ိဳးအျမတ္ ရလာတတ္ပါတယ္။ဘုန္းကံျမင့္မားေနၿပီးေတာ့ ရာထူးတိုးၿပီးေနရာေကာင္းရျခင္းေတြႀကဳံရတတ္ပါတယ္။လုပ္ငန္း အတြင္း ေအာ္ဒါေတြမ်ားေနတတ္ၿပီးေတာ့ အခြင့္အေရးေကာင္းေတြလဲေပၚေပါက္လာတတ္ပါတယ္။ ေငြဝင္သလို စတင္စုေဆာင္းလာနိုင္တဲ့ေန႕ရက္ေတြလဲျဖစ္ပါလိမ့္မယ္။ ပညာျဖင့္အသက္ေမြးရပ္တည္ၾကသူမ်ား သိသာထင္ရွား စြာအဆင္ေျပနိုင္ပါတယ္။မိတ္ေကာင္းေဆြေကာင္းေတြရဲ႕အကူအညီေတြ၊အေထာက္အပံ့ေတြအမ်ားႀကီးရလြယ္ တဲ့ကာလတစ္ခုပါ။ေငြေၾကးကုန္က်မႈေတြမ်ားစြာေလွ်ာ့ခ်သြားနိုင္ပါလိမ့္မယ္။

ထီကံစမ္းလို႔ေကာင္းတဲ့ေန႕ရက္ေတြ ပါပဲ။ဘာသာေရးအလႉအတန္းေတြႀကဳံရတတ္ပါတယ္။ ဆရာကန္ေတာ့ပြဲေတြလဲ ႀကဳံႀကိဳက္ရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ရာသီအေျပာင္းအလဲေၾကာင့္ အဆုတ္ပြၿပီး ေခ်ာင္းဆိုးႏွာေစးျဖစ္ေနရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့အခ်စ္ေရးကံတိုးတတ္ျမင့္မားေနတတ္ၿပီးေတာ့ မိမိလိုအင္ဆႏၵေတြကိုခ်စ္သူက တတ္နိုင္သေလာက္ ျဖည့္ဆည္းေပးပါလိမ့္မယ္။ အိမ္ေထာင္သည္မ်ား နားလည္မႈေတြနဲ႕ ေရွ႕ဆက္နိုင္တာကိုေတြ႕ရပါလိမ့္မယ္။ ပညာေရးတိုးတတ္ေနၿပီးေတာ့ ႀကိဳးစားသေလာက္ ထြန္းေပါက္နိုင္တာေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း 3/6/5  အထူးေဟာ အလုပ္အကိုင္ေတြတိုးတတ္မည္။ လူမႈေရးေတြအဆင္ေျပမည္။  ယၾတာ ဆန္ျပဳတ္ဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္းစိတ္အေႏွာက္အယွက္ျဖစ္စရာေတြမ်ားေနတတ္ပါတယ္။အဓိကေတာ့မိတ္ေဆြသူငယ္ခ်င္း ေတြေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။ မေကာင္းတဲ့မိတ္ေဆြေတြေၾကာင့္ မိမိပါဒုကၡေရာက္လြယ္ပါတယ္။ ခရီးကိစၥ ေတြလြဲေခ်ာ္ရက္ေ႐ႊ႕ရတတ္ပါတယ္။ စီးပြားေရးေတြမွာေတာ့ မိတ္မပ်က္ဖို႔ပဲလိုပါတယ္။ ေဖာက္သည္ေတြနဲ႕ပက္ သက္ၿပီး ဆက္ဆံေရးမွားသြားတတ္ပါတယ္။ ဒါေၾကာင့္ပဲ အြန္လိုင္းကေန မိမိလုပ္ငန္းကိုအပုပ္ခ်တာမ်ိဳးေတြခံံရ တတ္ပါတယ္။ ေရွ႕တိုးေဆာင္႐ြက္လုပ္ကိုင္ရမဲ့ကိစၥေတြကိုဆင္ျခင္သုံးသပ္ၿပီးမွလုပ္ကိုင္ေဆာင္႐ြက္တာက အေကာင္းဆုံးျဖစ္ေနပါလိမ့္မယ္။

အိမ္ၿခံေျမနဲ႕ပက္သက္ၿပီး မိသားစုအတြင္းပဋိပကၡေလးေတြျဖစ္ရတတ္ပါတယ္။ လုပ္ကိုင္ေဆာင္႐ြက္သမွ်အဆင္ေျပေစဖို႔အတြက္ သည္းခံစိတ္ရွည္ဖို႔လိုပါတယ္။အစားအေသာက္မွားယြင္းမႈ ေၾကာင့္ က်န္းမာေရးကိုထိခိုက္ေစနိုင္တာမ်ိဳးေတြ႕ရပါတယ္။ ေသြးတိုးသမား၊ဆီးခ်ိဳးသမားေတြအထူးသတိထား ေပါ့ဗ်ာ။အိမ္ေထာင္သည္မ်ားကေတာ့ ေအးခ်မ္းတည္ၿငိမ္တဲ့ မိသားစုဘဝေန႕ရက္မ်ားကိုဖန္တီးနိုင္ပါလိမ့္မယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူအျပင္အျခားတစ္ေယာက္ကိုပိုမိုစိတ္ဝင္ စားေနတတ္ပါတယ္။ ပညာေရးမွာေတာ့ပညာ သင္ၾကားေနသူမ်ား စိတ္အားတတ္ႂကြၿပီး ႀကိဳးစားခ်င္စိတ္ေတြေပၚလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 4/6/0  အထူးေဟာ စိတ္ရႈပ္စရာေတြမ်ားေနတတ္ပါတယ္။  ယၾတာ ေရွာက္သီးသုပ္ဘုရားကပ္လႉၿပီးလိုရာဆုေတာင္းလိုက္ပါ။

စေန

ဒီကာလအတြင္းမိမိကိုယ္ေရးကိုယ္တာျပႆ နာေတြေၾကာင့္ပဲလုပ္ငန္းပိုင္းေတြ၊ရာထူးပိုင္းေတြမွာ အေႏွာင့္ အယွက္ရွိတတ္ပါတယ္။ေ႐ႊေငြရတနာပစၥည္းမ်ား ထြက္တာ၊ေပ်ာက္တာအလြန္ျဖစ္လြယ္ပါတယ္။လုပ္ငန္း တြင္ ဝီရိယစိုက္ထုတ္မႈအားနည္းေနတာေၾကာင့္ အခြင့္အေရးေကာင္းမ်ားဆုံးရႈးံရတတ္ပါတယ္။ စိတ္ပင္ပန္းမႈမ်ား ျပားသလို အလုပ္တာဝန္ေတြလဲ ပိေနတတ္ပါတယ္။က်န္းမားေရးအညံ့ကိစၥမ်ားအတြက္ ေငြကုန္ေၾကးက်လဲမ်ားရ တတ္ပါတယ္။ အပူအေအးမမွ်တမႈေၾကာင့္ျဖစ္ရတဲ့ေရာဂါေတြကို ပိုဂ႐ုစိုက္ေစခ်င္ပါတယ္။အမႈအခင္းကိစၥေတြမွာ ေတာ့သက္ေသလိုက္ေပးတာမ်ိဳးေတြ၊အာမခံတာမ်ိဳးေတြအထူးေရွာင္လိုက္ပါ။ ဘာလုပ္လုပ္ေခါင္းေအးေအးထား ၿပီးအေရးႀကီးတာေတြကိုအရင္စလုပ္ပါ။ အခ်ိန္မျဖဳန္းမွအဆင္ေျပမယ္။ အခ်ိန္ျဖဳန္းမိရင္အလုပ္တာဝန္ေတြအေႂကြး မ်ားလာတတ္ပါတယ္။တတ္နိုင္သမွ် မိမိေအာက္လက္ငယ္သားေတြကိုတာဝန္ေတြခြဲေဝေပးေစခ်င္ပါတယ္။ အိမ္ ေထာင္ရွင္မ်ားကေတာ့ မိသားစုၿငိဳျငင္မႈကိုခံရမဲ့ကာလပဲျဖစ္ပါတယ္။ အခ်စ္ေရးမွာခ်စ္သူရဲ႕ေငြေၾကးျပႆနာေတြ ေၾကာင့္မိမိပါေရာၿပီးစိတ္ညစ္ရတတ္ပါတယ္။ ပညာေရးမွာေတာ့ က်န္းမာေရးအညံ့ေၾကာင့္ပဲ ပညာေရးကိုထိခိုက္ ေစနိုင္ပါတယ္။

အက်ိဳးေပးဂဏန္း 1/5/7  အထူးေဟာ သူမ်ားကိစၥေတြၾကားမဝင္လိုက္ပါနဲ႕။  ယၾတာ ဒန္ေပါက္ဝယ္ၿပီး ဘုရားကပ္လႉေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695  09 44 5555 695