ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှားက မြန်မာကို ၄-၂ ဂိုးဖြင့် အနိုင်ရ

105

ဒီနေ့ မွန်းလွဲ ၂ နာရီခွဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းက မြန်မာယူ ၂၂ အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲမှာ အင်ဒိုနီးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့ပါတယ်။

အင်ဒိုနီးရှားအတွက် ဒုတိယပိုင်း ပွဲချိန် ၅၇ နဲ့ ၇၁ မိနစ်တို့မှာ အီဗန်နဲ့ အက်ဂီတို့က ဦးဆောင်ဂိုး အရင်သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းအတွက် ချေပဂိုးတွေကို ပွဲချိန် ၇၉ နဲ့ မိနစ် ၈၀ တို့မှာ အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းတို့က ပြန်လည်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း ပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ၂-၂ ဂိုးစီ သရေကျနေလို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အင်ဒိုနီးရှားအသင်းက အချိန်ပို ပထမပိုင်းမှာ ၁ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ၄-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအသင်းဟာ အုပ်စု (က) အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားကတော့ အုပ်စု (ခ) မှာ အုပ်စုဒုတိယအနေနဲ့ တက်ရောက်ခဲ့ကြတာပါ။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းစ် ဆီမီးဖိုင်နယ် ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားအသင်းတို့ ပွဲစဉ်ကိုတော့ ဒီည ၆ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

This news is published with the permission of DVB TV News .

ဒီေန႔ မြန္းလြဲ ၂ နာရီခြဲ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆီးဂိမ္းစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အင္ဒိုနီးရွားအသင္းက ျမန္မာယူ ၂၂ အသင္းကို ၄-၂ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။

ဒီေန႔ပြဲမွာ အင္ဒိုနီးရွားအသင္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူကစားႏိုင္ခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္လည္း ပိုမိုရရွိခဲ့ပါတယ္။

အင္ဒိုနီးရွားအတြက္ ဒုတိယပိုင္း ပြဲခ်ိန္ ၅၇ နဲ႔ ၇၁ မိနစ္တို႔မွာ အီဗန္နဲ႔ အက္ဂီတို႔က ဦးေဆာင္ဂိုး အရင္သြင္းယူခဲ့တာျဖစ္ၿပီး ျမန္မာအသင္းအတြက္ ေခ်ပဂိုးေတြကို ပြဲခ်ိန္ ၇၉ နဲ႔ မိနစ္ ၈၀ တို႔မွာ ေအာင္ေကာင္းမာန္နဲ႔ ဝင္းႏိုင္ထြန္းတို႔က ျပန္လည္သြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္း ၿပီးဆုံးခ်ိန္အထိ တဖက္နဲ႔တဖက္ ၂-၂ ဂိုးစီ သေရက်ေနလို႔ အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ အင္ဒိုနီးရွားအသင္းက အခ်ိန္ပို ပထမပိုင္းမွာ ၁ ဂိုးနဲ႔ ဒုတိယပိုင္းမွာ ၁ ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့တာေၾကာင့္ ၄-၂ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။

ျမန္မာအသင္းဟာ အုပ္စု (က) အုပ္စုဗိုလ္အျဖစ္ ဆီးမီးဖိုင္နယ္ကို တက္ေရာက္ခဲ့တာျဖစ္ၿပီး အင္ဒိုနီးရွားကေတာ့ အုပ္စု (ခ) မွာ အုပ္စုဒုတိယအေနနဲ႔ တက္ေရာက္ခဲ့ၾကတာပါ။

ဖိလစ္ပိုင္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတဲ့ ဆီးဂိမ္းစ္ ဆီမီးဖိုင္နယ္ ဗီယက္နမ္နဲ႔ ကေမာၻဒီးယားအသင္းတို႔ ပြဲစဥ္ကိုေတာ့ ဒီည ၆ နာရီခြဲ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။

This news is published with the permission of DVB TV News .